Part- 4

91 11 0
                                    

နောက်တရက်၏ မနက်ခင်းတွင် မာန်သူမ့ခေါင်းတွေ
ကိုကိုင်ကာ နိုးထလာမိပြီး ဒီမနက်သူမ့မြင်လိုက်ရသော
ပထမ့ဆုံးမျက်နှာမှာ သူ့ပေါင်နားမှာလက်လေးတင်ကာ
အိပ်မောကျနေသောတာရာငယ်ပင်။

မာန် တဖြည်းဖြည်းချင်းထကာ အိပ်မောကျနေသော
တာရာငယ့် ကိုသေချာကြည့်ရင်း တာရာငယ့်ပါးလေးကို
သေချာကိုင်လိုက်မိသည့်အချိန်ပင် သူမ့မျက်နှာတွင်
အပြုံးတစုံနှင့်အတူ မျက်ရည်များပါကျလာမိသည်။

" ငယ်....နောက်ဆုံးတော့ ငယ့်ကိုသေချာပြန်ထိခွင့်ရတာပဲ"

မာန်ကျနေသောမျက်ရည်စက်များမှာ မြတ်နိုးသူကို
ခြောက်နှစ်နီးပါးအဝေးကသာကြည့်ခဲ့ပြီး ယခု့မှ့သာ
သူမ့ချစ်တဲ့ သူမ့ ကိုပြန်ထိတွေ့ခွင့်ရလို့ ပျော်လွန်းလို့သာ
ကျဆင်းလာသောမျက်ရည်များပင်။

" ဟွမ်...မမ့..."

" အမ် ငယ်..."

မာန်မျက်ရည်များကိုသုတ်ကာ နိုးလာသောတာရာငယ့်ကို
ပြုံးပြနေလျက်ပင်။

" မမ့မာန် အဆင်ပြေရဲ့လား"

" ကျေးဇူးပါနော် ငယ် မမ့ကိုတယောက်တည်း
မထားခဲ့ပေးတာ ဒါပေမယ့် အိမ်ကိုဘယ်လိုလုပ်မလဲကွယ်
မာန့်ကြောင့်နဲ့"

" ကျနော်ပြောပီးမှ့နေတာပါ မမ့မာန် မပူပါနဲ့"

" မာန် ငယ့်ကိုဘယ်လိုကျေးဇူးတင်ရမလဲမသိတော့ဘူး"

" မမ့မာန်က ကျေးဇူးဆပ်ချင်တာလား "

" အွန်းပေါ့ "

" အာ့ဆို နောက်တခါ ဒီလိုမူးအောင်မသောက်ရဘူးလို့
ကျနော့်ကိုကတိပေးလေ "

" ဟွမ် ငယ်ကတော့ "

" ဘာလဲ မမ့မာန်က ကျနော့်ကိုကျေးဇူးမဆပ်ဘူးပေါ့ "

" မဟုတ်ပါဘူး မာန် ကတိပေးပါတယ် ငယ့်ကို "

" မမ့မာန်က လိမ်မာသားပဲ ကဲ ကျနော်အိမ်ပြန်ရမယ်ဗျ
မနက်ဖြန်မှ့တွေ့မယ်နော် "

" အွန်း ငယ် ဂရုစိုက်ပြန်ပါနော် "

" ဟုတ်ကဲ့ပါ မမ့မာန်ရဲ့ "

တာရာငယ် နေရာကနေထပီး သူ့လွယ်အိတ်ကိုယူကာ
မာန့်ကိုသေချာပြုံးပြကာ သူ့ဆိုင်ကယ်ဦးထုတ်လေးကို
ဆောင်းလျက် မောင်းမထွက်ခင်အထိ ဆိုင်ထဲကမာန့်ကို
ပြုံးပြပီးမှ့သာထွက်သွားသည်။မာန်လည်း သူမ့ကို
ပြုံးလျက်သာကြည့်နေခဲ့သည်။ထိုအချိန်တွင်
အော်မြည်လာသောမာန့်ဖုန်းကို မာန်ယူကြည့်
လိုက်ရာ ဆက်သူမှာ ယခု့ချိန်တွင်အင်ဂျင်နီယာ
ဖြစ်နေပီဖြစ်သော သူ့သူငယ်ချင်းပင်ဖြစ်သည်။

အချစ်ဖြင့်~ချည်သောကြိုးမျှင်ငယ်🤎Where stories live. Discover now