chapter (8)

309 41 12
                                    

Joong ပို့တဲ့ လိပ်စာအတိုင်း Dunkနဲ့ အတူလိုက်လာရင်း တွေ့လိုက်ရတဲ့ မျက်နာလေးကြောင့် အနည်းငယ်ပျော်သွားသည်။စိတ်ထဲလည်း Joong ကို ကျေးဇူးတင်မိသည်။

သူ့သူငယ်ချင်းနဲ့ အတူရှိနေတုံး စကားပြောနေတဲ့ပုံလေးဟာ မနက်က ထွက်သွားတဲ့ ပုံနဲ့ လားလားမျှမဆိုင် အပြုံးတွေဝေလို့။  သူချစ်ရတဲ့ကောင်လေးရဲ့ခေါင်းကို  ခေါက်ရန်ရွယ်နေတဲ့ Joong ကြောင့် ဒေါသထွက်သွားသည်။ဘာတွေပြောလဲမသိ ပြုံးပျော်ကာနေတဲ့ Joong က သူတောင်မထိရက်တဲ့ ပါးဖောင်းဖောင်းလေးတွေကို ဆွဲဖို့ လုပ်နေလို့ လက်သီးထောင်ပြလိုက်ရတယ်။

"Hey Phuwin"

"ဟုတ် Phi Dunk"

"Joong နဲ့ အချိန်ဖြုန်းချင်လို့ ဒီအလိုက်မသိတဲ့ သူငယ်ချင်းကို ‌ခဏခေါ်ထားပေးပါအုံး"

"- - - "

Dunk နဲ့ Joong က နှစ်ယောက်တည်း အချိန်‌ရအောင်လုပ်ပေးပေမယ့် ကောင်လေးကတော့ တုတ်တုတ်မှမလှုပ်။

"သွားတော့" နှုတ်ခမ်း အနည်းငယ် လှုပ်ကာ JoongDunk ကို မောင်းထုတ်လိုက်ရင်း

"Phu မနက်စာစားပြီးပြီလား"

"- - -"

သူ့ကို လုံးဝလစ်လျူရှုကာ နေမထိုးတဲ့ ခုံတန်းပေါ်မှာ သွားထိုင်ချတဲ့ ကောင်လေးကြောင့် စကားပြောဖို့ရာ လမ်းစပျောက်ရသည်။

"Phu"

" - - - "

"Phu ကိုယ့်ကို မမြင်ချင်တော့ဘူးလား"

"- - -"

"ကိုယ်သိပါတယ် ကိုယ်က တစ်ကိုယ်ကောင်းဆန်သလိုဖြစ်ပြီး မရှင်းပြမိတာ ဒါပေမယ့် ကိုယ်ပြောခဲ့တဲ့ ချစ်တယ်ဆိုတာက အတည်ပါ"

"ပြီးတာ ပြီးခဲ့ပြီပဲ ထားလိုက်ပါတော့"

"Phu . . . Phu . . . Phuwin Tang နည်းနည်းလေး အဖက်လုပ်ပေးကွာ"

အနားမှာကပ်ထိုင်လိုက်ကာ ပါးဖောင်းဖောင်းနှစ်ဖက်ကို တယုတယလက်နဲ့ကိုင်ပြီး မျက်လုံးချင်းဆုံစေကာ

"Phuကိုယ့်ကို ဒီတိုင်း ပစ်ထားခဲ့လို့မရဘူး ကိုယ်က လက်မခံနိုင်ဘူး ပြီးတော့ ကိုယ်က ဘယ်တော့မှလဲ Phu ကို လက်လွှတ်မခံဘူးမို့ ကိုယ့်ကိုထားခဲ့ဖို့မပြောပါနဲ့ နော်"

 Colorblind ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now