chapter (11)

287 36 14
                                    

"အား ဆက်သွယ်စရာ ဖုန်းနံပါတ်လေးတောင်မရလာဘူး"

‌တကယ်တမ်းတော့ စိတ်ထဲရောက်အောင် ကြိုးစားမယ် ပြိုင်ဖက်တွေရိုက်ထုတ်မယ်။ချစ်ရတဲ့ကောင်လေးရဲ့ နှလုံးသားကို အရည်ဖျော်ပစ်မယ် စသည်ဖြင့် ကြုံးဝါးနေပေမယ့် လက်တွေ့မှာတော့ ဆက်သွယ်စရာနံပါတ်လေးတောင်မရခဲ့။

"Joong ရာ ကူညီပေးစမ်းပါ မင်းမှာတော့ သူ့ကို ဆက်သွယ်စရာရှိတယ်မဟုတ်လား"

"မကူညီချင်တာမဟုတ်ဘူးဗျ ဒါကတကယ်က Phi ရဲ့ ကြိုးစားအားထုတ်မှု သူ့ကိုပြရမှာ သူမပေးရင်မရ ရအောင်ကြိုးစားရမယ်လေ ဗျာ ကျွန်တော်တို့ကလူသားတွေပဲ အချစ်အတွက်တိုက်ခိုက်ရမယ်မဟုတ်ဘူးလား"

"အေးးးးးးးး" သက်ပြင်းရှည် တစ်ခု ချကာ ဆက်သွယ်စရာလေးရဖို့ ခေါင်းထဲကရှိသမှ ဉာဏ်တွေ တစ်ခုမကျန်ထုတ်ရတော့သည်။

"သိပြီ !!!"

"ဖြည်းဖြည်းအော်ပါဗျာ Phi ကလဲ"

အားကိုးမရတဲ့ကောင်ကို ဘုရှိုးရှိုးကာ အခန်းထဲကနေ Taiwan မှာ စီးဖို့ ငှားထားတဲ့ ကားသော့ကို ဆွဲကာ တက်ကြွတဲ့ ခြေလှမ်းများနဲ့ အချစ်ကလေးဆီသို့။

___________

အချစ်လေးကို မနေ့ကလိုက်ပို့ပေးခဲ့တဲ့ အိမ်ရှေ့မှာ ခြေလိမ်အောင်လျှောက်၍ ဘဲလ်တီးသင့်မသင့်တွေးနေတုံး

"Phuwin ကို လာရှာတာထင်တယ်"

"ဟုတ်တယ်ဗျ စိတ်ဆိုးနေတဲ့ ကောင်လေးကို ချော့နေတာဆိုတော့ မနက်ဆိုတာနဲ့ စောစောစီးစီးလာတွေ့ပြီးချော့နေရတာ"

ဘာကြောင့်မှန်းမသိ သူဟာ ဒီကောင့်ကို မြင်တာနဲ့ကို သူဟာ Phuwin Tang ကို ပိုင်ဆိုင်ကြောင်း ကြွားချင်လာတာ တားမရ။

"အိမ်ထဲဝင်မလို့မလား တူတူဝင်မယ်လေ"

"ခဏလောက် စကားပြောလို့ရမလား"

"ရတယ်လေ"

အနီးအနားက ကော်ဖီဆိုင်ထဲဝင်ပြီး ကော်ဖီသောက်ကာ John ဆိုတဲ့ လူနဲ့ စကားပြောဖြစ်ကြသည်။

"Phuwin ကို သဘောကျနေတာလား"

"အင်း ဟုတ်တယ်"

"ကျွန်တော်နဲ့ Phuwin က ခဏရန်ဖြစ်ထားရုံပဲ ပြန်အဆင်ပြေတော့မှာ သိထားလား"

 Colorblind ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now