chapter (10)

291 45 8
                                    

နေ့လည်က ရှက်ရှက်နဲ့ အခန်းအောင်းမိပြီး အိပ်ပျော်သွားတာမို့ ညနေစောင်းမှ နိုးလာသည်။အိပ်မိတာရော ညနေစောင်းနေပြီ ဖြစ်တာရောကြောင့် ဗိုက်ထဲမှာ တဂွီဂွီဖြစ်လာသည်။

ဘယ်မှသွားမစားရဘူး အောက်ထပ်ဆင်းရုံပဲ ဆိုပေမယ့် အင်မတန်ပျင်းတာမို့ ဆင်းစားသင့်မစားသင့် အရေးကလဲ တော်တော် စဉ်းစားယူရသည်။

နောက်ဆုံးမှာ အစာအိမ်က နိုင်သွားတာမို့ အောက်ထပ်ကို ဆင်းပြီး တစ်ခုခုစားဖို့ ပြင်ရတော့မည်။အစားအသောက်က စားရတာကောင်းပေမယ့် ပြင်ရတာ ပျင်းစရာကောင်းသည်။
မေမေက ချက်ထားသော်လဲ သူက စားချင်တဲ့ အချိန်ထစားတာမို့ စားခါနီးတိုင်း ပြင်ရသည်။

အောက်ထပ်ရောက်တော့ တစ်အိမ်လုံးက မှောင်မည်းကာ တိတ်ဆိတ်နေတာမို့ ယုံတောင်မယုံနိုင် နေ့လည်ကတောင် ဆူညံနေတာမဟုတ်လား။
ဧည့်ခန်းထဲ အသက်ရှူသံ ဖျော့ဖျော့ကြားလို့ မီးဖွင့်ကြည့်တော့ ဆိုဖာပေါ်မှာ ခွေခွေလေး အိပ်နေတဲ့ Pond Naravit ။

အိပ်နေတဲ့ ဒီလူသားဟာ ကြည့်ကောင်းလွန်းလို့ သူ့မှာ ‌ဗိုက်ဆာနေတာပါမေ့သွားသည်။လက်ပြင်ကြောစိမ်းစိမ်းတွေဟာလဲ ဒီလူ့လက်မှာမှ ကြည့်ကောင်းနေသလို။လက်ကို အကြည့်ပို့မိတော့ သူတို့ နှစ်လပြည့်မှာ သူဝယ်ပေးထားတဲ့ လက်စွပ်လေးက ဘယ်ဘက် လက်သန်းကြွယ်မှာစွပ်လျက် သူကတော့ လက်စွပ်ကို Taiwan ထွက်လာတဲ့နေ့က Joong အိမ်ရဲ့ အမှိုက်တောင်းထဲ လွှတ်ပစ်ခဲ့ပြီ။

စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အကျင့်ဆိုးကြောင့် ခေါင်းခါမိသည်။နှုတ်ခမ်းထူထူနဲ့ ဖူးဖူးကို ကြည့်မိတော့ ရေဆာလာသည်။တကယ်တော့ သူက ဒီနှုတ်ခမ်းတွေကို လွမ်းနေရတာလေ။

ခြောက်လလုံး ဒီနှုတ်ခမ်းထူထူတွေက တခြားသူနှုတ်ခမ်းတွေကို နမ်းနေမှာတွေးမိပြီး ဝမ်းနည်းပြီး မငိုပဲ အိပ်ခဲ့တဲ့ ရက်မရှိခဲ့။

အိပ်မောကျနေတဲ့ လူကို ကပ်ကာ ခိုးနမ်းမိရင် မသိလောက်ဘူးမလား။ထပ်ကြာကြာ မတွေးတော့ဘဲ ကပ်၍ နမ်းမိတဲ့အခါ တုံ့ပြန်လာတဲ့ နှုတ်ခမ်းတစ်စုံကြောင့် နှလုံးခုန်သံမြန်လာရသည်။

 Colorblind ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now