Part 2

257 39 1
                                    

"ဟိတ်​ ဘာလုပ်​​နေတာလဲ"
အ​နောက်​က အသံတစ်​သံနဲ့အတူ Kris ပုခုံး​ကို တ​ယောက်​​ယောက်​က ကိုင်​လိုက်​သည်​။
"Arr!!!Omma!!"
Kris လန့်​ပီး က​ယောင်းကတမ်း​အော်​မိသွားသည်​။
"Moya.....​ယောကျာ်း​လေးဖြစ်​ပီး အာ့​လောက်​​တောင်​​ကြောက်​တတ်​ရလားဟ...ဟားဟား ဟားဟားဟ ."
သူဖြစ်​သွားတဲ့ ပုံစံကို ​ကောင်​မ​လေးကကြည့်​ပီးရယ်​​တော့သည်​။ဘယ်​လိုမိန်းက​လေးလဲမသိ ဘယ်​က​​ရောက်လာမှန်းမသိ။ ​ရယ်​တာ​ကလည်း ​မိန်းက​လေးပီပီ မရယ်​။ ပတ်​၀န်းကျင်​ကြား​အောက်​ လက်​ခုပ်​လက်​၀ါးတီးပီး​တော့ကိုရယ်​သည်​။
*ဘယ်​လို မိန်းက​လေးလဲ ဟ*
Kris ခပ်​တည်​တည်​ပြန်​လုပ်​ လိုက်​ပီး ဆိုင်​ထဲကပြန်​ထွက်​ဖို့လုပ်​လိုက်​သည်​။
" ဟဲ့ ​နေဦး​လေ.....နင်​အခုနက ဒီ music box ​လေးကိုစိတ်​၀င်​စား​နေတာမလား"
*ဟုတ်​သား.....music box​လေး*
Kris :အဟင်း(​ချောင်းတချက်​ဟန့်​လိုက်​သည်​)....ငါ့ဘာသာ စိတ်​၀င်​စားစား မစားစား နင်​နဲ့ဘာဆိုင်​လဲ
"ဟာ....ဆိုင်​တာ​ပေါ့....နင်​က ငါတို့ဆိုင်​ထဲဝင်​လာတဲ့ ဧည့်​သည်​ပဲ​လေ"
Kris:Arshiiii............!!!#
Kris စိတ်​ထဲကအတိုင်းဆို ​အော်​ပစ်​လိုက်​ချင်​​ပေမယ့်
ကောင်​မ​လေးရဲ့ မျက်​နှာမြင်​ရင်​ စကားလုံး​တွေက အကုန်​ လည်​ပင်းဝမှာတင်​ တစ်​ကုန်​သည်​။
မ​အော်​ရက်​လို့​တော့မဟုတ်​....သူ့မျက်​နှာက သူ့​အော်​လည်းဂရုမစိုက်​ဘူး ဆိုတဲ့အ​ကြောနဲ့မို့လို့သာ....
မဟုတ်​လို့်​က​တော့.......

"နင်​စိတ်​၀င်​စား​လောက်​တဲ့ music box ​တွေငါတို့ဆိုင်​မှာအများကြီးရှိပါတယ်​......ငါနင့်​ကို အာ့တာ​တွေပြ​ပေးမယ်​​လေ"
ကောင်​မ​လေးက​ပြောရင်းဆိုရင်းက ​ကောင်​တာ​ဘေးက Music box ​တွေတင်​ထားတဲ့ စင်​​ပေါ်က music box ​တော်​​တော်​များများကိုယူပြသည်​။

ရောင်းတဲ့ သူကိုအမြင်​ကတ်​​ပေမယ့်​ music box ကိုစိတ်​၀င်​စား​နေ​သော​ကြောင့်​ Kris သူ ပြတဲ့ music box တခုချင်းစီကို ​သေချာ​ရွေး​နေမိသည်​။
တခုမှစိတ်​တိုင်းမကျ.........
ပုံစံ ဆင်​​ပေမယ့်​ အသံကတခြားစီ.......
သာမာန်​လူ​ဆိုရင်​မသိနိုင်​​ပေမယ့်​ Kris လိုနားပါးတဲ့သူအတွက်​ ​တော့သိသာသည်​။
"ဘယ်​လိုလဲ စိတ်​တိုင်းကျတာ​တွေ့လား"
Kris: No အခုနက ဟာနဲ့ဆင်​​ပေမယ့်​ တခုခုလို​နေသလိုပဲ စိတ်​တိုင်းမကျဘူး။ ဒါနဲ့ ငါ့ကို အာ့ music box ကိုဘာလို့​​ရောင်းတဲ့ထဲ ထုတ်​မပြတာလဲ
"​ရောင်းတဲ့ဟာမဟုတ်​လို့ ​ရောင်းတဲ့ထဲ ထုတ်​မပြတာ​ပေါ့"

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Jul 18, 2015 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Music BoxHikayelerin yaşadığı yer. Şimdi keşfedin