အခန်း ၁၃၁ ။ နောက်တစ်ဆင့် တက်လှမ်းခြင်း (၁)

24 5 0
                                    

နှစ်တစ်ရာကျင့်ကြံပြီးနောက်


အခန်း ၁၃၁ ။ နောက်တစ်ဆင့် တက်လှမ်းခြင်း(၁)


အဘိုးကြီးက အသာပင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှ မဆိုဘဲ ကျန်းချန်ရွှမ်တို့လူစုကို ကျော်ဖြတ်ပြီး ဆက်လက်လျှောက်သွားသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အနီးမှ ဖြတ်ကျော်သွားပြီး ခြေလှမ်းအနည်းငယ် အကွာသို့ရောက်လျှင် သမင်လည်ပြန်ကြည့်လိုက်ပြီး လက်ထဲမှ ပုလင်းနှစ်လုံးကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံ ပစ်ပေးလိုက်သည်။

"မင်းတို့နဲ့တွေ့ရဖို့ အကြောင်းဖန်လာတော့လည်း ငါ့ဖက်က လက်ဆောင်ပေးရတာပေါ့"

ကျန်းချန်ရွှမ်တို့ ဇနီးမောင်နှံလည်း ပုလင်းနှစ်လုံးကို ဖမ်းယူကြည့်ရှုလိုက်မိသည်။ ထို့နောက် ကျေးဇူးတင်စကား ပြောဆိုရန် မော့ကြည့်မိလိုက်သည့် ခဏတွင် အဘိုးကြီးမှာ နေရာတွင်မရှိတော့ချေ။ ထိုအခါ ယွင်တုန်းရှန်က

"ဆရာကြီး ခုနှစ်စင်ကြယ်က လော့ရှားမန်ဂိုဏ်းရဲ့ အဓိပတိအကြီးအကဲပါ။ သူက အကြီးအကဲမန်ရွှယ်ရဲ့ မိတ်ဆွေလည်းဖြစ်တယ်။ အကြီးအကဲရဲ့ ဈာပနအတွက် လူကိုယ်တိုင် ဂါရဝပြုဖို့ ရောက်နေတာပါ"

"အဓိပတိအကြီးအကဲဟုတ်လား"

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အထင်ကြီးလောက်စရာ ဟန်ပန်မရှိသည့် အဘိုးကြီးက အဓိပတိအကြီးအကဲ ဖြစ်နေသည်ကို သိလိုက်ရ၍ အတော်ပင် အံ့အားသင့်သွားမိသည်။ ယွင်တုန်းရှန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်၊ သူကလော့ရှားမန်ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူလည်းဟုတ်တယ်"

ထို့နောက် ယွင်တုန်းရှန်၏ မျက်နှာတွင် အားကျသည့် အရိပ်လက္ခဏာများ ဖြစ်ပေါ်လာပြီး

"ဆရာကြီးပေးသွားတဲ့ ပုလင်းထဲမှာ ဘာတွေပါလဲ ကျုပ်သိခွင့်ရမလား"

ယွင်တုန်းရှန်တွင် မကောင်းသည့် အကြံအစည်ရှိပုံမပေါ်ဘဲ သဘောရိုးနှင့် တောင်းဆိုလိုက်ခြင်းကြောင့် ကျန်းချန်ရွှမ်တို့လည်း သဘောတူညီလိုက်ပြီး ပုလင်းအဖုံးကို လှည့်၍ဖွင့်လိုက်သည်။ ပုလင်းထဲတွင် အရောင်တဖိတ်ဖိတ် တောက်ပနေသော အရည်တစ်မျိုးတွေ့ရပြီး ပုလင်းအပြင်သို့တိုင် အလင်းများ ကွန့်မြူးနေသည်ကို ယွင်တုန်းရှန်တွေ့လျှင် မျက်လုံးပြူးသွားသည်။

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ်Where stories live. Discover now