Part 1 (1/3)

30 3 0
                                    

"ဒါ​လေး​တောင်အဖြစ်ရှိ​အောင်မလုပ်နိုင်ဘူးလား
ဟမ်!!!"

"​တောင်းပန်ပါတယ်အ​ဖေ"

မျက်နှာတပြင်လုံးနီရဲကာလည်ပင်း​ကြော​တွေပါ​ထောင်လျက် ​ဒေါသတကြီး​​​အော်ဟစ်​ပြောဆို​နေတဲ့ Korea ရဲ့နှစ်ခုမရှိတဲ့ luxury ကုမ္ပဏီ JLuxe Enterprise (Jeong Group) ရဲ့ ဥက္ကဌကြီး​ Jeong နဲ့သူ့​ရှေ့မှာ​တော့လက်နှစ်ဖက်ကိုယှက်ထားတာ​ခေါင်းငုံ့ပြီး ​တောင်းပန်စကားဆို​နေတဲ့ သူ၏သမီးဖြစ်သူ Jeong Ryu Rin

"မင်းပါးစပ်က​တောင်းပန်တာကလွဲရင်တခြားဘာလုပ်တတ်​သေးလဲ"

"...."

"ငါ့သမီးလုပ်​နေတဲ့သူကဒီကိစ္စ​လေး​တောင်အဖြစ်ရှိ​အောင်မလုပ်နိုင်ရလား"

ဒီအ​ခြေအ​နေဖြစ်​ပေါ်လာရတဲ့အ​ကြောင်းမှာ​တော့ US ဘက်ကကုမ္ပဏီတခုနှင့်ပူး​ပေါင်းဖို့စာချုပ်ချုပ်ဆိုဖို့လုပ်​နေရင်းမှ တဖက်သူ​ဌေးကရုတ်တရပ်စာချုပ်မချူပ်နိုင်​တော့ဘူးဟုဆိုလာသဖြင့်သားအဖနှစ်​ယောက်စကားများ​နေကြခြင်းပင်။ Ryu Rin မှာလည်းကြားထဲကဖြတ်ကာ US ကုမ္ပဏီနဲ့ တိတ်တဆိတ်စာချုပ်ချုပ်ဆိုသွားသူရဲ့ အကွက်အားကြိုမမြင်နိုင်ခဲ့တာ​ကြောင့် ဒီကိစ္စကသူ့အမှားမကင်းတာမို့ အရင်လိုဘာမှပြန်မ​ပြောနိုင်ဘဲ ဖခင်​ပြောသမျှနား​ထောင်ရုံအပြင်မတတ်နိုင်ခဲ့။

"​နောက်တခါမဖြစ်​စေရပါဘူး အ​ဖေ"

"အလုပ်​လေးတခု​တောင်​ကောင်း​​ကောင်းမလုပ်နိုင်ဘဲ ငါ့ကိုအ​ဖေလို့မ​ခေါ်နဲ့ Jeong Ryu Rin"

"ငါ​မွေးထားတဲ့သမီးမလို့ လုပ်ငန်း​တွေအကုန်သူ့လက်အပ်ထားပါတယ် ငါ့ကိုစီးပွားပြန်ဖျက်မလို့လားနင်က"

"အဲ့တာ​ကြောင့်စီးပွား​ရေးဘက်ကိုအာရုံစိုက်ပါဆိုတာကို ဘာမှအ​ရေးမပါတဲ့​ဆေးတက္ကသိုလ်တက်ပီးဆရာဝန်ဆိုတဲ့အလုပ်ကို၂နှစ်​တောင်လုပ်ပြီး​တော့ နင်အခုဘာများ​ရေ​ရေရာရာ ဖြစ်လာလို့လဲ"

​ဆရာဝန်ဆိုတဲ့စကားလုံးနဲ့ ဘာများ​ရေ​ရေရာရာဖြစ်လာလို့လဲဆိုတဲ့စကားဟာ အရှိုက်တည့်တည့်ကိုထိမှန်ခဲ့တယ် အ​ဖေဟာအဲ့လိုလူမျိုး တဖက်လူကိုဘယ်လိုစကားလုံးနဲ့ဘယ်လိုချိုးနှိမ်ရမလဲ ဆိုတာ​ကောင်း​​ကောင်းသိတဲ့သူ ငယ်ငယ်ထဲကသူဖြစ်​စေချင်တဲ့အတိုင်းအကုန်ဖြစ်​အောင်လုပ်​ပေးခဲ့ပြီး အသက်15နှစ်​​လောက်နဲ့တင် သူ့ရဲ့တရားမဝင်လုပ်ငန်း​တွေကို​တောင်ဦးစီး​ပေးခဲ့ရတာ တခါ​​လေးဘဝမှာကိုယ်ဖြစ်ချင်တာ​လေး မဟုတ်ဘူး ဖြစ်ချင်ခဲ့မယ်ထင်တာ​လေးတခုကိုလုပ်ခဲ့တာကို အ​ဖေဟာလုံးဝခွင့်မပြုခဲ့ အခုလည်းကုမ္ပဏီ​ရော တဖက်ကသူ့လုပ်ငန်း​တွေကိုပါ တ​ယောက်တည်းအတတ်နိုင်ဆုံးအ​ကောင်းဆုံးဖြစ်​အောင်လုပ်​ပေး​နေပါရက်နဲ့ အမှား​​​လေးတခုပါသွားသည်နှင့် အ​ဖေ့ရဲ့နှစ်ပြားမတန်တဲ့စကားလုံး​တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရ​လေပြီ။

𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞Where stories live. Discover now