ဂင်မင်ဂယူနဲ့ဝန်နူးရုံးခန်းမှာအလုပ်ကိစ္စပြောပြီးလို့ပြန်ရောက်ထဲကချက်ချင်းအဖေ့လုပ်ငန်းကိစ္စတွေလုပ်နေတာနဲ့ အဲ့နေ့ကဆရာဝန်အသစ်လာမယ့်အကြောင်း ယူရင်းလုံးဝကိုမေ့နေခဲ့တာ။ ဒီနေ့မှသတိရတော့လည်းချက်ချင်းထသွားလို့မဖြစ် အဖေ့ရဲ့တရားမဝင်လက်နက်ရောင်းဝယ်ရေးမှာ ပြဿနာတခုတက်လို့ gang တခုလုံးခေါင်းကြိမ်းနေကြရတာ
"Jimmy ဒီမှာလည်းစာရင်းတွေကမကိုက်ဘူးနော်"
အတော်ကြီးကိုကွာနေတဲ့စာရင်းစာရွက်ကိုလက်ညိုးထိုးပြလိုက်တော့
"Yes boss အဲ့လကကျတော်လည်းတခြား site တွေဘက်ရောက်နေတော့ ကလေးတယောက်ကိုဘဲတာဝန်ပေးပြီးထားလိုက်မိတာ တောင်းပန်ပါတယ်"
ယူရင်းသူ့အတွင်းရေးမှုးကိုလည်းစိတ်မဆိုးမိ သူ့လောက်နီးနီးကိုအလုပ်များသည့်သူမလား ဒါပေမယ့်အခုဟာကဒီတိုင်းကျော်သွားလို့လည်းမဖြစ် စာရင်းကတော်ရုံလောက်ကွာနေတာလည်းမဟုတ် လက်နက်က၅၀လောက်လိုနေပြီး ရောက်လာတဲ့ဟာတွေကလည်းသူတို့မှာတဲ့ quality မဟုတ်တာမလို့ယူရင်းစိတ်ညစ်ရပြီ ယူရင်းတို့လုပ်ငန်းကလက်နက်ကိုကိုယ်တိုင်ထုတ်တာမဟုတ်ဘဲတခြားကပြန်ဝယ်ပြီး အနောက်နိုင်ငံတွေကဝယ်လက်တွေဆီပြန်ပို့ပေးတဲ့လုပ်ငန်းသာ အခုလည်းရုရှားဘက်ကနေလက်နက်ပို့လိုက်တာ မှာတုန်းကအရေအတွက်နဲ့ရောက်လာတဲ့ဟာကလုံးဝတလွဲ ဒါကိုယ့်လူတွေဘက်ကအမှားမဟုတ်မှန်းသူသိသည် တဖက်ကပိုက်ဆံကိုအချောင်လိုချင်လို့ဂွင်ရိုက်တာပင် ဘယ်နှယ့်တုန်းလူတွေဆိုတာလဲ နှစ်ပဲခြောက်ပြားလောက်ပိုက်ဆံကြောင့်အခုလိုလုပ်တော့ သူဌေးလုပ်တဲ့ကိုယ်ဘဲခေါင်းကိုက်ရပြီ။
"ဒါတွေကိုလာပို့တာ Pirus Gang ကခေါင်းဆောင်ကိုယ်တိုင်မလား"
"ဟုတ်ပါတယ် boss ဒီနေ့ညနေ flight နဲ့ရုရှားပြန်မယ်ကြားထားပါတယ်"
"မပြန်စေနဲ့ ကလေးတွေကိုအချိန်ဆွဲခိုင်းထား ငါကိုယ်တိုင်သွားမယ်"
ကိုယ်တိုင်သွားမယ်ဆိုတဲ့စကားကြောင့် Jimmy နည်းနည်းတော့စိတ်ပူမိသွားတယ် ဒီတခါကိစ္စကကိုယ့်ဘက်ကမှားတာမဟုတ်ဘဲ ဟိုဘက်အဖွဲ့ကနှစ်ပေါက်တပေါက်ရိုက်ဖို့လုပ်တာမှန်း Jimmy သိသည်။ အဲ့တာကိုအချက်အလက်နဲ့ထောက်ပြလိုက်ရင် ဟိုဘက်ကမနိုင်တော့တဲ့ခါစကားနဲ့ပြန်မပြောတော့ဘဲ အပစ်အခက်တွေပါလာနိုင်တာလဲ Jimmy ကြိုခန့်မှန်းမိပြီးသား သူဌေးဆိုပိုတောင်ရိပ်မိမယ်မလား ဒါတောင်သွားဦးမလို့လား
YOU ARE READING
𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞
Romanceချစ်ခြင်းမေတ္တာတခုအတွက် ငါတို့အသက်တွေဘယ်လောက်အထိပေးဆပ်ရဦးမလဲ