ဒယ်ဟန်းမင်းဂုရဲ့တကယ့်အထက်တန်းလွှာတွေသာနေထိုင်နိုင်သည့် အအဆင့်မြင့်တိုက်ခန်းတခုရဲ့ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကောင်မလေးတယောက် အပြင်လောကဟာသူမအတွက်ရယ်စရာကောင်းလောက်အောင် ဆိုးရွားလွန်းသလောက် အိမ်မက်ကမ္ဘာဟာတော့ပျော်စရာတွေရှိတဲ့ပုံ အိပ်ရာပေါ်ကကောင်မလေးရဲ့ နှုတ်ခမ်းတွေဟာအနည်းငယ်ပင်ပြုံးရောင်သန်းနေလေတယ်။ သို့သော်အိမ်မက်ထဲမှတောင် ပျော်ရွှင်မှုဆိုတဲ့အရာဟာ သူမအဖို့ကြာရှည်မခံသည့်နှယ် ချက်ချင်းပါးစပ်ဖျားကနေ တစုံတခုကိုအော်ကာလန့်နိုးလာသည်။
"ဟင့်အင်း အကို!!!!!"
တူညီတဲ့စကားတခွန်းကိုဘဲအော်ဟစ်ပြီးလန့်နိုးလာရတာ အခုဆို၃နှစ်တိတိတောင်ရှိလာခဲ့ပြီ နိုးထလာရတယ့်မနက်ခင်းတိုင်းက ယူရင်းအတွက်တော့အမြဲတထပ်တည်းသာ လူတယောက် မက်လိုက်သမျှအိမ်မက်တိုင်းမှာ လူတယောက်ထဲကိုဘဲမက်တယ် အဲ့လူကိုဘဲကယ်တင်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး တခါတလေအဲ့လူနောက်ကိုအသည်းအသန်ပြေးလိုက်နေခဲ့တာ ဒါပေမယ့်တခါမှ တခါလေးတောင်မှ အဲ့လူကိုမကယ်တင်နိုင်ခဲ့သလို အဲ့လူဆီကိုလည်းရောက်အောင်မသွားနိုင်သေးတာ ၃နှစ်တောင်ရှိပြီလေ။
အိပ်ပျော်နေရာကနေ ဇက်ကနဲကောက်ထလိုက်တာမို့ ကျိမ်းစက်နေတဲ့မျက်လုံးနဲ့ အနည်းငယ်ထိုးကိုက်နေတဲ့ခေါင်းကြောင့် ယူရင်းနားထင်ကိုခပ်ဖွဖွဖိထားရင်းအိပ်ရာကနေထလိုက်ရသည် မီးဖိုချောင်ထဲကိုအဝင်မြင်လိုက်ရတဲ့စားပွဲပေါ်ကအရာကြောင့် ယူရင်းပြုံးမိသွားသည်
"ကင်မ်ချီထမင်းကြော်ဘဲ ဒါကဘာလေးပါလိမ့်"
ထမင်းကြော်ဘူးဘေးနားမှာ ရောင်စုံစက္ကူလေးတရွက် ဖွင့်ကြည့်လိုက်မိတော့ ရေးထားသည်က
"ကာလနဂါးရေ ဒီနေ့တော့အလုပ်ကိုကော်ဖီနဲ့ပေါင်မုန့်ဘဲအတင်းပါးစပ်ထဲထိုးထည့်မသွားနဲ့ လူလိုသူလိုစားသွား ရေခဲသေတ္တာထဲမှာလိမ္မော်ရည်ရှိတယ် စားသောက်ပြီးဆေးသောက်"
YOU ARE READING
𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞
Romanceချစ်ခြင်းမေတ္တာတခုအတွက် ငါတို့အသက်တွေဘယ်လောက်အထိပေးဆပ်ရဦးမလဲ