ခနကြာတော့ဆေးရုံရှေ့မှာဆင်းလိုက်ကာ ဝန်နူးရုံးခန်းကိုဘဲတက်လာခဲ့လိုက်သည် ကော်ဖီဘူးကိုလည်းရုံးခန်းထဲကဆရာဝန် မမြင်အောင်လွတ်ပစ်ခဲ့ရသေးတယ် တွေ့ရင်အဲ့ကောင်ကကော်ဖီသောက်ပြန်ပလားဆိုပြီး တရားတွေထိုင်ဟောဦးမှာမလား။
"ဝန်နူး ငါဒီမှာအလုပ်ကိစ္စလေးတခုပြောလို့ရမလား"
အခန်းထဲရောက်ရောက်ချင်းပြောလာတဲ့စကားကြောင့် ဝန်နူးခေါင်းသာငြိမ့်ပြလိုက်သည် အထူးအဆန်းမှမဟုတ်တာဘဲ ယူရင်းကတခါတလေသူ့အလုပ်ကိစ္စတွေကိုဆေးရုံကိုသယ်သယ်လာတတ်ပြီး သူ့ရုံးခန်းထဲမှာလုပ်လေ့ရှိသည်
"ငါသန့်စင်ခန်းခဏသွားဦးမယ် အော် CV ငါကြည့်ပြီးပြီ အကုန်အဆင်ပြေတယ် GS ဆိုတော့နင်လည်းနည်းနည်းနားရတာပေါ့ ကြည့်စီစဥ်ပေးလိုက်နော်"
"ငါ့ဘဲခိုင်းစားနေတော့တာဘဲ"
ဝန်နူးကိုတချက်ရီပြရင်း ယူရင်းသန့်စင်ခန်းဘက်ထွက်လာကာ CEO Kim ရောက်ရင်အပေါ်လွှတ်လိုက်ဖို့အတွင်းရေးမှူးကိုလှမ်းပြောလိုက်သည်
"အခန်းထဲမှာ boss စောင့်နေပါတယ် Mr Kim"
Mingyu ခေါင်းငြိမ့်ပြကာ အခန်းတံခါးဖွင့်လိုက်တော့
"ဟင် ဘာလေးပါလိမ့်"
မင်ဂယူရှေ့တွင်ဆရာဝန်ဂျူတီကုတ်အဖြူလေးဝတ်ထားတဲ့မျက်နှာချောချောလေး ဆရာဝန်တွေဒီလောက်ချောမှန်းသူအခုမှသိတယ် မျက်နှာပေါ်ကအစိတ်အပိုင်းတခုချင်းစီတိုင်းကသူ့နေရာနဲ့သူပြီးပြည့်စုံနေလိုက်တာ နက်မှောင်ပြီးဖြောင့်စင်းနေတဲ့ဆံပင်အုပ်အုပ်လေးရယ် တည်ငြိမ်ပြီးလေးနက်နေတဲ့မျက်ဝန်းတစုံ မျဥ်းဖြောင့်လေးလိုဖြောင့်တန်းနေတဲ့နှာခေါင်းလေး သဘာဝအတိုင်းပန်းနှုရောင်သန်းနေတဲ့နှုတ်ခမ်းလေးနဲ့ ပြစ်ချက်မရှိတဲ့မျက်နှာချောချောပေါ် အနက်ရောင်မျက်မှန်လေးပါတင်လိုက်တဲ့အခါ အားပါး သူ့အရှေ့ကအဖြူရောင်လေးက တကယ့်ကိုပြီးပြည့်စုံတဲ့ပန်းချီကားတချပ် သူကိုယ်တိုင်လည်းချောပါတယ် တော်တော်ချောတဲ့ထဲပါပေမယ့် အလုပ်ကိစ္စတွေနဲ့လူပေါင်းစုံနဲ့တွေ့ဖူးပေမယ့်လည်း ဒီအဖြူရောင်လေးကဘာလို့လဲမသိ မင်ဂယူမျက်လုံးထဲချစ်စရာလေးဖြစ်နေသည်။
YOU ARE READING
𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞
Romanceချစ်ခြင်းမေတ္တာတခုအတွက် ငါတို့အသက်တွေဘယ်လောက်အထိပေးဆပ်ရဦးမလဲ