Part 1 (3/3)

15 3 0
                                    

"Lee Dokyeom"

Lee Dokyeom ဟာ Jeong Ryu Rin ရဲ့ဘယ်သူမှမသိတဲ့​မောင်​လေးတ​ယောက် ​မောင်နှမ​တွေဖြစ်ပြီးမျိုးရိုးနာမည်​တွေကဘာလို့မတူရတာလဲ ဘာလို့လူမသိရတာလဲဆိုရင် ဒိုဂ​ယောင်းဟာ ယူရင်းရဲ့မိခင်က​နေ​​မွေးဖွားတာမဟုတ်ဘဲ အိမ်​ထောင်ကျပြီး၅နှစ်အကြာမှာ သူ​ဌေး​ဂျောင်ဟာ နယ်ဘက်ကိုအလုပ်ကိစ္စခရီးသွားသည်ဆိုကာ ယူရင်းအ​မေမသိ​အောင်​ဖောက်ပြန်ခဲ့ရာမှ ဒိုဂ​ယောင်း​​လေးကိုရခဲ့ခြင်းဖြစ်သည်။ ဒိုဂ​​ယောင်းမိခင်ဟာ က​လေး၅နှစ်အရွယ်​ရောက်​တော့ကျန်းမာ​ရေးချို့တဲ့ကာဆုံးပါးသွားသဖြင့် ဒိုဂ​ယောင်း​​လေးဟာ ယူရင်းတို့အိမ်သို့​ရောက်လာခဲ့ရသည် ​မွေးကတည်းကအ​ဖော်မရှိသည့် ၁၀နှစ်အရွယ်ယူရင်း​အတွက်​တော့ ချစ်စရာ၅နှစ်သားဒိုဂ​ယောင်း​လေးဟာ ဒီစိတ်ပျက်စရာ​ကောင်းတဲ့​​ဂျောင်အိမ်​တော်ကြီးမှာ သူမအတွက်​နေ​​ရောင်ခြည်​လေးဖြစ်လာခဲ့တယ်။

ယူရင်းကထိုက​လေးငယ်ကိုချစ်သ​လောက် ယူရင်းရဲ့မိခင်က​တော့အဲ့လိုမဟုတ်ခဲ့ နဂိုတည်းကကိုယ်ပိုင်တဲ့အရာ​တွေအ​ပေါ်အစွဲအလမ်းကြီးသူဖြစ်တဲ့အ​လျှောက် ဒိုဂ​ယောင်းအ​မေဟာသူ့​ယောကျာ်းကိုသူ့ဆီက​နေလုယူခဲ့သည်ဆိုတဲ့စိတ်နဲ့ ယူရင်းမိခင်ဟာအပြစ်မရှိတဲ့က​လေးငယ်အ​ပေါ်သူ့​ဒေါသ​တွေအားလုံးကိုပုံချခဲ့တယ် က​လေးငယ်​​လေးဖြစ်တာမလို့ညဘက်မိုးရွာတဲ့ချိန်ဆို​ကြောက်လို့ငိုတာဖြစ်ဖြစ် ထမင်းစားပွဲမှာနည်းနည်း​လေးအသံထွက်မိရင်​တောင် ယူရင်းမိခင်ဟာအာ​ခေါင်ခြစ်​အော်ကာက​လေး​ရှေ့မှာတင်ပစ္စည်း​တွေပစ်​ပေါက်ပြီး တခါတရံက​​လေးအားကိုယ်ထိလက်​ရောက်ပင်ပြုမူတတ်​သေးသည် ယူရင်းမှာ​လည်းဒိုဂ​ယောင်း​လေးဘက်ကကာ​ပြော​ပေးမိသည့်အခါမျိုး​တွေဆို အရိုက်ခံရတာမျိုး အခန်းထဲအပိတ်ခံရတာမျိူး​တွေလည်းရှိခဲ့ဖူးသည်။

ဒီအရာ​တွေကိုမြင်​တွေ့​နေရတာကြာလာတဲ့ယူရင်းမှာ သူ့လိုဘဝမျိုးဒိုဂ​ယောင်းကိုမ​ရောက်​စေချင်တဲ့အတွက် အသက်၁၀နှစ်ဘဲရှိ​သေး​သော်လည်း သူ့ bodyguardနဲ့ သူငယ်ငယ်တည်းကထိန်း​ကြောင်းလာ​​ပေးတဲ့ အိမ်​တော်ထိန်းအ​​​ဒေါ်ရဲ့အကူအညီနဲ့ ဒိုဂ​​ယောင်းနဲ့အ​ဒေါ့်ကို အ​မေရိကားကိုပို့ပြီး ​နောက်အသက်ကြီးလာတဲ့အခါဒီမိသားစုနဲ့မပက်သက်လာ​အောင် က​​လေးမျိုးရိုးနာမည်ကအစသူ့အ​​မေရဲ့မျိုးရိုးကိုရ​အောင်လုပ်​ပေးခဲ့တာ အသက်၁၀နှစ်နဲ့မလိုက်​အောင်ထက်မြက်လွန်းတဲ့ယူရင်းဟာ သူ့​မောင်အရင်း​လေးလိုချစ်ရတဲ့က​​လေးအား အဆုံးထိရ​အောင်ကာကွယ်​ပေးခဲ့သည်​လေ။

𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞Hikayelerin yaşadığı yer. Şimdi keşfedin