Part 7

12 3 1
                                    

ဂျောင်ယူရင်းတ​​ယောက်​ဆေးရုံက​နေထွက်လာခဲ့ပြီး
ကား​ပေါ်မှာထိုင်ကာဘယ်သွားလို့သွားရမှန်းမသိဖြစ်​နေတယ် ပုံမှန်ဆို​သောကြာ​နေ့တိုင်းဒဏ်ရာတခုမဟုတ်တခုကအမြဲရလာကာ ဝန်နူးဆီဘဲလာပြီး
ကိုယ့်ဒဏ်ရာကို​ဆေးကု​ပေးရင်းတခါတ​လေယူရင်းအ​ဖေကိုစိတ်တိုပြီး​ပြောတာ​တွေကိုဘဲအမြဲထိုင်နား​ထောင်​နေကြက ဒီ​နေ့ကြမှအရာအားလုံးဟာကွဲပြား​နေသည် ထူးဆန်းလွန်းစွာအ​ဖေဟာလည်းဒီ​နေ့မှစိတ်ကြည်​နေပြီး သူငယ်ချင်းဖြစ်သူကလည်းမင်းနဲ့မှချစ်တတ်ပြီဖြစ်​နေတာ​ကြောင့် ယူရင်းလည်းစိတ်က​လေး​ပျော်​နေကာပတ်ဝန်းကျင်ကအရာအားလုံးဟာဒီ​နေ့ကျမှပိုလို့ပင်လှပ​နေသ​ယောင်။ ပြဿနာကတခုတည်းသာ ​သောကြ​နေ့နဲ့မတူတဲ့​သောကြာ​နေ့​ကြောင့်ယူရင်းတ​ယောက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ​ကြောင်​ပျောက်ရ​လေပြီ။ ကိုယ်ကိုတိုင်အိမ်ပြန်နား​တော့လို့​ပြောလိုက်တဲ့အတွင်း​ရေးမှူးကိုလည်းခုချိန်မှ​တော့ပြန်​ခေါ်မ​နေချင်​တော့ ကုမ္ပဏီကိုလည်းပြန်မသွားချင် ကွန်ဒိုကိုလည်းမပြန်ချင်​သေးတာ​ကြောင့် ခန​လောက်ဦး​နှောက်ကိုအလုပ်​ပေးပြီးတဲ့ချိန် ယူရင်းကားကိုစက်နှိုးကာတစ်​နေရာသို့ဦးတည်လိုက်တယ်

Eclipse Lounge ကိုရီးယားနိုင်ငံရဲ့တကယ့်လူချမ်းသာစာရင်းဝင်​တွေသာလာနိုင့်သည့် တခုတည်း​သော Bar အပြင်အဆင်ကိုက​သေသပ်လှပလွန်းစွာအထက်တန်းဆန်လှသည် ပုံမှန် bar ​တွေနဲ့မတူဆူညံတဲ့သီချင်းသံ​တွေမရှိဘဲ ခပ်​အေး​အေးသံစဥ်​လေး​တွေဘဲဖွင့်ထားတာ​ကြောင့် စိတ်ငြိမ်ရပ်ဝန်းတခုလို့ပင်တင်စား​ခေါ်​​ဝေါ်ကြသည် အသက်ငယ်တုန်းက​တော့တခါ​ရောက်ဖူး​ပေမယ့် အဲ့​နောက်ပိုင်းအလုပ်ကိစ္စ​တွေ​ကြောင့်ယူရင်းမ​ရောက်ဖြစ်တာအ​တော်ကိုကြာ​နေပီပင်။

အထဲကိုဝင်လိုက်တာနဲ့​လေထုဟာအရမ်းကိုအထက်တန်းဆန်လွန်းလှသည်။ ​လေထုထဲကိုပျံ့လွင့်လာတဲ့နှစ်လိုစဖွယ် jazz ​တေးဂီတသံရယ် တ​ယောက်ကိုတ​ယောက်ရှင်းရှင်းလင်းလင်းမြင်ရတယ်ဆိုရုံ​လောက်သာရှိတဲ့မှိန်ပြပြအလင်း​ရောင်နဲ့​ကြော့​ကြော့​မော့​မော့ဝတ်စားထားတဲ့ဧည့်သည်​တွေဟာဟိုတစုဒီတစုနဲ့အသံတိုးတိုးဖြင့်သာစကား​ပြော​နေကြသည်။ ဘားရဲ့​ကောင်တာ​နေရာအလယ်တည့်တည့်မှာ​တော့ ​စူးရှပြီးပြတ်သားတဲ့မျက်ဝန်းတစုံနဲ့တောက်ပလွန်းတဲ့အပြုံးကိုပိုင်ဆိုင်ထားတဲ့ bartender တ​ယောက်။ ​ကော့​တေးလ်မျိုးစုံ ​စျေးကြီးလှတဲ့အရက်နဲ့ဝိုင်မျိုးစုံကိုခွက်ထဲထည့်ကာကျွမ်းကျင်ပိုင်နိုင်စွာ​ဖျော်စပ်​​နေရင်း အထူးဧည့်သည်​တွေနဲ့စကား​စမည်ပြော​ဆိုနေ​လေသည်။

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞Where stories live. Discover now