Part 6

25 6 0
                                    

မင်ဂယူနဲ့ဝန်နူးတ​ယောက်ကိုတ​ယောက်သိလာတာ၂လ​လောက်ပင်ရှိ​တော့မည် ၂လအတွင်း​ကောင်​လေးကသူ့ဆီ​နေ့တိုင်းတရက်မှမပျက်​နေ့တိုင်း​ရောက်လာတတ်သည်။ မင်ဂယူအနားမှာရှိတဲ့အချိန်တိုင်းသူစိတ်လုံခြုံတယ်လို့ခံစားလာရသည် အချိန်​တော်​တော်များများ​အေးတိ​အေးစက်​နေတတ်တဲ့သူ့ကိုလက်ခံ​ပေးတဲ့သူကသူငယ်ချင်းဖြစ်သူယူရင်းပြီးရင်မင်ဂယူကပထမဦးဆုံးသူစိမ်းတ​ယောက်ပင်။ တသက်လုံးဘယ်​လောက်ဘဲတ​ယောက်တည်း​နေလို့ဖြစ်ပါတယ် တ​ယောက်တည်းလဲဖြစ်တာဘဲဆိုပြီး​​လောကကြီးကိုတ​​ယောက်တည်းသန်မာချင်​ယောင်​ဆောင်ပြီးနေလာတဲ့သူ​တွေဟာလည်း ​နောက်ဆုံးကျရင်​တော့သူတို့နဲ့အတူတူတ​ယောက်တည်းလိုက်ပြီး​နေ​ပေးမယ့်သူတ​ယောက်ကိုလိုအပ်ကြတာဘဲမလား။ အင်း ကြည့်ရတာသူလည်း​နောက်ဆုံး​တော့အဲ့လိုလူမျိုးရှာ​တွေ့သွားပြီထင်ပါရဲ့ ​ပျော်ရွှင်စရာ​တွေဆိုတူတူ​ဝေမျှချင်ပြီးဝမ်းနည်းစရာ​တွေပင်ပန်းရတာ​တွေရှိလာတဲ့အခါပြိုလဲပြချင်မိတဲ့လူ။ အဲ့တာဆိုယူရင်းက​ရော ယူရင်းမှာကအမြဲတမ်းဝန်နူးဘဲရှိခဲ့တာမလား။ ကိုယ့်အ​တွေးနဲ့ကိုဖြစ်​နေတုန်း​ကော်ရစ်တာက​နေ​ခြေသံကြားလိုက်တာမလို့မင်ဂယူလာပြီဆိုတာသူသိလိုက်ပြီမို့ အလုပ်လုပ်ချင်​​ယောင်​ဆောင်ရ​တော့မည် မဟုတ်ရင်ထို​ကောင်​လေးသူ့ကိုတချိန်လုံးထိုင်ကြည့်​နေတာ​တွေကိုသူခံနိုင်ရည်မရှိဘူး​လေ။

နံရံ​ပေါ်မှာချိတ်ဆွဲထားတဲ့နာရီက​နေလက်တံ​တွေဟာစည်းချက်မှန်မှန်​ရွေ့လျား​နေပြီးအခန်းတွင်းမှတိတ်ဆိတ်မှုအားဖြိုခွဲရန်ကြိုးစား​နေကြသည်။ ​ဒေါက်တာ​ဂျော်​ဝန်နူးက​တော့စားပွဲမှာထိုင်ကာဒီ​နေ့အတွက်သူ့ရဲ့စာတမ်း​တွေကိုအပြီးသတ်​နေသည် သူနဲ့မျက်နှာချင်းဆိုင်ဆိုဖာ​ပေါ်မှာ​တော့မင်ဂယူကပက်လက်လဲ​လျောင်းကာအ​ကြောဆန့်​နေပြီးလက်က​နေလည်းဖုန်းထဲမှ mail များကိုစစ်​ဆေး​နေသည်။

မင်ဂယူဒီ​ရောက်​နေတာ၁နာရီ​ကျော်​လောက်ရှိပီ ဒါကထူးထူးဆန်းဆန်းအရာ​တော့မဟုတ် ဝန်နူးညဂျူတီရှိတဲ့​နေ့​တွေဆိုမင်ဂယူက​ဆေးရုံကို​ရောက်လာတတ်ပြီး ကုမ္ပဏီမှာပင်ပန်းလို့ဒီမှာအနားယူမလို့ဆိုပြီးအ​ကြောင်းပြကာဝန်နူးအလုပ်ပြီးတဲ့ထိထိုင်​​စောင့်​ပေးသည်။ ပုံမှန်ည​တွေဆိုအဲ့လိုဆို​ပေမယ့်ဒီညက​တော့မတူဘဲမင်ဂယူကတခုခုထူးခြား​နေသည် လက်ဖဝါး​တွေက​နေ​ချွေး​​တွေထွက်​နေပြီး သူ့ရဲ့မူမမှန်တဲ့အပြုအမူကိုသတိမထားမိဘဲအလုပ်လုပ်​နေတဲ့သူဆီကိုခနခနခိုးကြည့်​နေမိသည်။

𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞Where stories live. Discover now