"Rinlight Health Center"
ဆေးရုံဆိုသည့်အတိုင်းပြေးလွှားနေကြတဲ့ ဝန်ထမ်းတွေနဲ့ nurse မလေးတွေရယ် လူနာတယောက်ချင်းစီကိုသေချာစစ်ဆေးပေးနေတဲ့ဆရာဝန်တချို့ရယ် ထိခိုက်ဒဏ်ရာရနေတဲ့မိသားစုဝင် ကိုယ်ချစ်ရတဲ့သူတွေကို မျက်ရည်တွေနဲ့စိုးရိမ်တကြီးကြည့်နေကြတဲ့သူတွေရယ် တခါတလေငိုယိုသံတွေနဲ့ ဆူညံလွန်းလှတဲ့အရေးပေါ်ကားသံတွေပါကြားရတတ်သည် ဒီနေရာဟာတချိန်ကသူမအတွက် နွေးထွေးမှု ပျော်ရွှင်မှုတွေပေးနိုင်တဲ့ တခုတည်းသောရပ်ဝန်းလေးဖြစ်ခဲ့ဖူးသည် စိတ်ထဲတမျိုးဖြစ်လာတာမို့ တွေးလက်စအတွေးတွေကိုရပ်ကာ တနေရာကိုတက်လာခဲ့သည်
အထွေထွေခွဲစိတ်ဆရာဝန် Jeon Wonwoo
"ဒေါက်တာအထဲမှာရှိလား"
အခန်းရှေ့ရောက်တော့ အထဲကထွက်လာတဲ့ nurse မလေးအားမေးလိုက်တော့
"ဟုတ် ရှိပါတယ်သူဌေး"
ခေါင်းတချက်ငြိမ့်ပြခဲ့ပြီး အခန်းတံခါးအားခေါက်ကာဝင်သွားတာနဲ့တပြိုင်နက် ကြားလိုက်ရတဲ့အသံဩဩတခု
"ကဲ သောကြာနေ့တိုင်းရောက်လာတတ်တဲ့ငါ့ရဲ့ပင်တိုင်ဖောက်သည်ကြီးကြွလာပါပီ"
"ဘာကိုပင်တိုင်ဖောက်သည်ရမှာလဲ လူနာဟ လူနာ"
မျက်လုံးပြူးပြကာပြန်ဟောက်တော့ ရှေ့ကနေမျက်နာချောချောလေးနဲ့မလိုက် စပ်ဖြီးဖြီးလုပ်ပြနေတဲ့ သူမရဲ့နှစ်ယောက်မရှိတဲ့သူငယ်ချင်းလေး အခုတော့ နာမည်ကြီး GS ဂျော်ဝန်းနူ ဟုတ်ပါတယ် သူငယ်ချင်းဆိုလို့တယောက်တောင်မရှိတဲ့သူမကိုပထမဆုံးလာမိတ်ဆက်ကာ သူငယ်ချင်းလုပ်ခဲ့သူက ဂျော်ဝန်နူးပင်။ အလယ်တန်းပထမနှစ်လောက်ကဖြစ်မယ်ထင်တယ် ကျောင်းစတက်တဲ့ရက်မှာဘဲ ကိုယ့်ဘေးလာထိုင်ကာနှုတ်ဆက်လာတဲ့ လေးလုံးကောင် အေးတိအေးစက်မျက်နှာပေးနဲ့မလို့တော်ရုံလူတောင်စကားမပြောရဲတဲ့သူ့လိုလူက သူမအားအရင်စမိတ်ဆက်ကာသူငယ်ချင်းလုပ်ခဲ့တာ။
"ငါ့နာမည် ဂျော်ဝန်နူး သူငယ်ချင်းလုပ်ကြမယ်"
သူ့လက်ကြီးကိုအတင်းမျက်နှာရှေ့ထိုးပေးပီး အဲ့စကားတခွန်းဘဲပြောခဲ့တဲ့ဂြိုလ်သား စသိတုန်းကတော့အေးတိအေးစက်လေးဘဲမလို့ကိုယ်နဲ့အဆင်ပြေလောက်မှာဘဲလို့တွေးမိခဲ့တာ တက်တက်စင်အောင်ကိုလွဲတော့တာ သိတာကြာလာတာနဲ့အမျှဘေးကနေမထင်ရင်မထင်သလို ဘာတွေမှန်းမသိထပြောလို့ပြော သူ့energyအပြည့်ရှိနေတဲ့နေ့ဆို ဂျောင်ယူရင်း တို့နားထဲဂွမ်းအထုတ်လိုက်စို့ထားရသည့်ဖြစ်ခြင်း energy level 0 ဖြစ်နေတဲ့နေ့ဆိုရင်လည်း တခွန်းပြောလည်းပြန်မပြော ၁၀ခွန်းလောက်ပြောမှတခွန်းလောက်ပြန်ပြောတတ်တာ ဘေးကလူကိုဖုတ်လေတဲ့ငပိရှိတယ်တောင်မထင် ကိုယ့်မှာတော့တခါတလေငုတ်တုတ်ကြီးသေနေပီလားတောင်ထင်ရတယ် ဒါပေမယ့်အဲ့လိုလူကထူးဆန်းစွာ ကိုယ်လိုလူနဲ့ကီးကိုက်နေသည် ကလေး၂ယောက်ဘဲလားဆိုတော့မဟုတ် သူ့အိမ်နဲ့ကိုယ့်အိမ်နဲ့ကလည်း စီးပွားရေးမှာရော တခြားလုပ်ငန်းတွေရော တူတူလုပ်ကြသည်တဲ့လေ။
YOU ARE READING
𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞
Romanceချစ်ခြင်းမေတ္တာတခုအတွက် ငါတို့အသက်တွေဘယ်လောက်အထိပေးဆပ်ရဦးမလဲ