"ဟဲ့ ဖြေးဖြေးလုပ်စမ်း ငါ့လက်ကြီးလည်းပြုတ်ထွက်တော့မယ်ဂျောင်ယူရင်းရယ်"
ဘာမပြောညာမပြောနဲ့သူ့ကိုအတင်းဆွဲကာဆေးရုံကန်တင်းကိုလက်ကြီးဆွဲပြီးခေါ်လာတာသူ့အသံကြားမှလက်ကိုလွတ်ပေးလာသည်
"အဲ့ဆရာဝန်တအားစကားများတယ်ဝန်နူး"
"သူကစကားများတာမဟုတ်ဘဲ နင်ကအချိုးမပြေတာထင်တယ်နော် ဘယ့်နှယ့်စကားပြောနေရင်းတန်းလန်းကြီးကိုထွက်ပြေးလာရတာလဲ"
"ဒဏ်ရာရနေတဲ့အချိန်နားညီးမခံနိုင်ဘူး"
ဝန်နူးမျက်စောင်းတချက်ထိုးကာ ကန်တင်းကနေကော်ဖီတခွက်သွားယူဖို့အထ
"ဒေါက်တာဟုန်းဂျီဆူးကတယောက်ယောက်နဲ့တော်တော်ကြီးကိုတူနေတယ်"
"ဘာ?"
"နင်ရောအဲ့လိုထင်တယ်မလား တူနေတယ်မလား"
"ဘယ်သူ့နဲ့မှမတူပါဘူး ဘယ်သူနဲ့တူရမှာလဲ"
ဝန်နူးမေးခွန်းအတွက်ယူရင်းမှာအဖြေမရှိ အလုပ်လျှောက်လွှာတွေ့ကတည်းကတယောက်ယောက်နဲ့တူနေတာ အခုချိန်ထိဘယ်သူနဲ့တူမှန်းစဥ်းစားမရ။
"အအေးသောက်မယ်မလား ရော့ သူ့ဟာသူဘယ်သူနဲ့တူတူပေါ့အရေးကြီးတာအရည်အချင်းရှိဖို့ဘဲကို"
ဝန်နူးယူလာပေးတဲ့ကန်တင်းမှဖရဲသီးဖျော်ရည်အားတငုံသောက်ကာ သူပြောတဲ့စကားကိုသဘောတူမိသည် အင်းလေဘယ်သူနဲ့တူတူအရေးမှမကြီးဘဲ
ရှေ့ကနေကော်ဖီကိုဇိမ်ပြေနပြေသောက်နေတဲ့ကောင်ကိုကြည့်နေရင်းယူရင်းတခုခုကိုသတိရမိသွားသည်။"အဟမ်း wonu ya ဒီရက်ပိုင်းနင့်ဆီတယောက်ယောက်များလာသေးလား"
သူ့မေးခွန်းလည်းအဆုံးကော်ဖီတွေသီးပြီး အဟွတ်အဟက်တွေဖြစ်လာတဲ့ဆရာဝန် သေချာပြီဒါဆိုငါကြားတဲ့သတင်းတွေမမှားဘူး
"အဟွတ် အဟွတ် အင် အင်း ဂင်မင်ဂယူ ဂင်မင်ဂယူတော့လာပါတယ် နင်ကဘယ်လိုသိတာတုန်း"
"ဘာရယ်မဟုတ်ပါဘူး ငါကားပေါ်ကဆင်းလာတော့အောက်မှာ nurse မလေးတွေပြောနေကြတာ ဒေါက်တာဂျော်ဆီကိုအကိုချောချောလေးတယောက်က ခနခနကိုလာနေတာတဲ့"
ВЫ ЧИТАЕТЕ
𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞
Любовные романыချစ်ခြင်းမေတ္တာတခုအတွက် ငါတို့အသက်တွေဘယ်လောက်အထိပေးဆပ်ရဦးမလဲ