🖤My Dear Ex-husband🖤
Part<6>
ကုဋေ စိတ်ထဲသစ္စာဖောက်ခံရသလို ခံစားချက်များဖြင့် ပြိုလဲကာ ထိုနေရာမှာ ဘယ်လောက်ကြာကြာရပ်နေမိသည်လဲမသိ။
ကံကောင်းလို့...သူတောင်ယုံကြည်လုဆဲဆဲမလား။
သီးခန့်ခန်းထဲက ထွက်လာသူသုံးဦး။
အဖေ့မျက်နှာကလဲ ပြုံးရွှင်လို့။
ဒါတင်မကသေး အဖေက ကြင်နာစွာပဲ စေရာယိမ်းရဲ့ ပုခုံးလေးအားပုတ်ကာ ဘာပြောလိုက်သည်မသိ။
သူမကလဲ ပြုံးပျော်နေလျက်။
စေရာယိမ်း မင်းလဲမင်းအဒေါ်လိုပဲ။
သိပ်ကိုမာယာများတယ် ငါတောင်ယုံကြည်မိတော့မလို့ကွာ......🖤🖤🖤🖤🖤🖤🖤🖤🖤🖤
ယိမ်း သူနေသည့်ကွန်ဒိုတံခါးရှေ့ရပ်ကာ ချီတုံချတုံဖြစ်မိသည်။
သူယိမ်းကို ဆက်မသွယ်လာသည်မှာ သုံးရက်ကျော်နေလေပြီ။
ယိမ်းဆက်တိုင်းလဲ သူကဖုန်းမကိုင်။
ဒါကြောင့်အရဲစွန့်ကာ ယိမ်း သူ့ဆီလာခဲ့မိသည်။
သူရှိမှ ရှိပါ့မလားဟုတွေးကာ မဝံ့မရဲ ဘဲလ်တီးမိလိုက်သည်။
အတန်ကြာမှ အခန်းတံခါးဖွင့်ပေးလာသူ။
ယိမ်း ကို့ကိုမြင်တော့ ပျော်မိသွားသော်လည်း ကို့ပုံစံကြောင့် စိုးရိမ်မိသွားရသည်။
ကိုက အပေါ်ပိုင်းဗလာနှင့် Short pantကိုသာဝတ်ထားလေသည်။
အရင်က သပ်သပ်ရပ်ရပ်ဖြီးသင်နေကြ ဆံပင်တို့မှာလည်း ရှုပ်ပွနေလျက်။
"ကို"
ယိမ်း အခန်းထဲလိုက်ဝင်သွားမိတော့ ကြမ်းပြင်ထက်ပြန့်ကြဲနေသော စီးကရက်တိုများနှင့် ဘီယာဘူးခွံများကြောင့် ကို့ကိုစိုးရိမ်မိသွားရသည်။
"ကိုတစ်ခုခုဖြစ်နေတာလား"
ကိုက ယိမ်းမေးတာမဖြေ။
စီးကရက်ဘူးနှင့် မီးခြစ်အားယူကာ ဝရန်တာ၌ ရပ်နေလေသည်။
ယိမ်း သူ့ထံဖြေးဖြေးချင်းလျှောက်သွားကာ သူ့ခါးထက်သိုင်းဖက်ကာ အဝတ်မပါသော သူ့ကျောပြင်ထက်မျက်နှာအပ်ရင်း
"ကိုစိတ်ညစ်စရာရှိနေတာလား"
ကုဋေ ဖက်တွယ်နေသော သူမအား ဖယ်ချရန် ခါးထက်မှ သူမလက်တို့အားဆွဲမိချိန်
"ဒါက...."
သူမလက်ထက်မှ handchainလေးကြောင့် ကုဋေအတွေးတွေက အမေ့စကားများထံရောက်သွားရသည်။
"သားအဖေက သူ့မယားငယ်မအတွက်နေမှာပေါ့ Handchainဝယ်သွားတယ်တဲ့လေ အဟင်းးး အမေ့နဲ့နေခဲ့တာ သားတစ်သက်ပဲ အခုလိုတကူးတကတစ်ခါမှ မပေးဖူးဘူး"
ကုဋေ သိလိုစိတ်တွေဖြင့် သူမဘက်လှည့်လိုက်လျှင်
"ကိုသိလား ယိမ်းအဖေကိုသိရပြီ"
သူမမျက်နှာ ပြုံးရွှင်နေသလောက် ကုဋေ့ရင်ထဲ ဗုံးတစ်ခုပေါက်ကွဲသွားသည့်နှယ်....
မဟုတ်မှ သူက အဖေ့ရဲ့.....ဟာ....
အဲ့လိုဖြစ်လို့မရဘူးလေ ဒါဆို သူတို့ကမောင်နှမတော်စပ်နေတာလား။
"ကို တစ်ခုခုဖြစ်နေတာလား ကို...."
ကုဋေ ခေါင်းကိုအတွင်တွင်ခါယမ်းရင်း သူ့ကိုယ်ထက်မှ သူမလက်များကို တွန်းထုတ်လိုက်မိသည်။
"မင်းထွက်သွား...."
"ကို....."
ကုဋေစိတ်ရှုပ်စွာနှင့်
"ထွက်သွားးးးး"
ယိမ်း သူ့အော်သံကြောင့် အိတ်လေးအားဆွဲယူကာ အိမ်ထဲမှထွက်လာခဲ့မိသည်။
ကျန်နေခဲ့သူ ကုဋေမှာလဲ စိတ်တို့ရှုပ်ထွေးနောက်ကျိစွာ။
အတွေးထဲမေးခွန်းပေါင်းမြောက်မြားစွာနှင့်....