1U

1.6K 48 1
                                    

🖤My Dear Ex-husband🖤

Part<1>

"သားအဖေ ဖောက်ပြန်နေတယ်"
မျက်ရည်တွေဖြင့် ဆိုလာသော မေမေ့စကားအား ယုံရခက်မယုံရအခက်။
ကိုယ်လူမှန်းသိတတ်စအရွယ်ထဲက ဖေဖေဆိုတာ ကိုယ့်အတွက် စံနမူနာယူစရာလူစွမ်းကောင်းကြီးမလား။
ကိုယ့်အပေါ်မှာလဲ ဖခင်ဝတ္တရားကျေပွန်သလို အမေ့အပေါ်မှာလည်း လိုလေသေးမရှိ ချစ်မြတ်နိုးသူ။
ဒီလိုလူကလေ....မဖြစ်နိုင်တာ။
စိတ်ထဲရေရွတ်နေမိပေမယ့် မေမေ့ပါးထက်မှ မျက်ရည်စက်တွေက အလိမ်အညာဆိုနေတာမဟုတ်မှန်းသက်သေတွေ။
"မေမေရယ် အထင်လွဲစရာတစ်ခုခုများ...."
သူ့စကားမဆုံးခင်မှာပဲ မေမေက နာနာကျင်ကျင်ရီသည်။
"မေမေက မုသားဆိုနေတယ်လို့များထင်နေသလား ငါ့သားရယ်"
မေမေ့အသံမှာ နာကျင်မှူအပြည့်။
မာနရောင်တွေ ပြည့်နှက်နေသော မေမေ့မျက်ဝန်းတွေဟာ အခုတော့ မျက်ရည်တွေကြောင့် ညှို့မှိုင်းလို့...
"ဖေဖေက မေမေ့ကိုဒီလောက်ချစ်တာကို"
လူတွေက အဲ့လောက်အပြောင်းလဲလွယ်လား။
တစ်စုံတစ်ယောက်ကိုနှလုံးသားနဲ့ရင်းပြီး ချစ်ပြီးပါက တစ်ခြားတစ်ယောက်ပေါ်လာစရာကိုမလိုပေ။
ကိုယ့်အမြင်တွေကပဲ မှားခဲ့လေသလားတော့မသိ။
ကိုယ်မြင်သလောက်ဖေဖေက မေမေ့ကို သိပ်မြတ်နိုးတာမလား။
"အဟင်းးးးသားရယ် လူတွေဆိုတာ သိပ်ဟန်ဆောင်ကောင်းတဲ့သူတွေပဲ အမေကိုယ်တိုင်လဲ အဲ့လိုထင်ခဲ့ဖူးတယ် အဲ့မိန်းကလေးကိုမေ့ပြီး အမေ့ကို ချစ်ပါတယ်ဆိုပြီးပေါ့ ဒါပေမယ့်...ဒီအကြောင်းတွေ မသိခင်အထိပဲ"
အမေ့လက်ထဲမှာ တုန်ရီစွာ ဆုပ်ကိုင်ထားသည်က ဓာတ်ပုံအချို့။
ကုဋေ ပုံတွေအားယူကာ ကြည့်မိတော့ အဖေနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ခပ်ချောချောအန်တီကြီးတစ်ယောက်။
အန်တီကြီးဟုသုံးနှုန်းလိုက်ရပေမယ့် ပုံစံကခေတ်ဆန်ကာ ငယ်ရွယ်နုပျိုနေလေသည်။
စားသောက်ဆိုင်တွေမှာ စကားပြောနေကြသည့်ပုံတွေ။
Shopping mallမှာ ရီမောကာ စျေးဝယ်ထွက်နေပုံ။
နောက်ဆုံးအခန်းထဲ အတူဝင်သွားပုံတွေပင်။
ကုဋေကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်ရသည်။
တကယ်ကြီးးးးအဖေက.......
"ပုံထဲက မိန်းမနာမည်က လှလွန်းပိုတဲ့ သိပ်ကိုချောတဲ့မိန်းမတစ်ယောက်ပေါ့ သားအဖေရဲ့အချစ်ဦးဆိုလဲ မမှားဘူး"
"ဗျာ...."
အမေက ခပ်မဲ့မဲ့ပြုံးရင်း။
"ဟုတ်တယ်သား သားအဖေဆယ်ကျော်သက်အရွယ်တုန်းက ရူးလောက်အောင်ချစ်ခဲ့ရသူပဲ"
"ဒါဆို မေမေနဲ့က...ဘယ်လိုလုပ်"
မေမေက သူမမေးရက်သည့်မေးခွန်းကို သိနေစွာပဲ
"ဘာလို့ မေမေနဲ့လက်ထပ်ဖြစ်ခဲ့လဲ မေးမလို့မလား"
အမေ့စကားက မှန်နေသည်ဖြစ်ရာ သူသက်ပြင်းသာချလိုက်မိတော့သည်။
"သိပ်ကိုရီရတာက ဘာလဲသိလား သားအဖေလို ဆွေကြီးမျိုးကြီးထဲက လူတစ်ယောက်ချစ်မိတဲ့သူက ပြည့်တန်ဆာတဲ့"
"........."
မေမေ့စကားမှာ သူဆွံ့အသွားရသည်။
"ဟုတ်တယ် အဲ့မိန်းကလေးက အဲ့အချိန်ထဲက ပြည့်တန်ဆာပဲ ယောက်ျားတွေနဲ့ ပိုက်ဆံရရင်အိပ်ခဲ့တာ မင်းအဖွားတို့က အပြင်းအထန်ကန့်ကွက်ပြီးအမေနဲ့ လူကြီးသဘောတူစေ့စပ်ပေးခဲ့ကြတာ ပိုပြီးရင်နာဖို့ကောင်းတာကဘာလဲသိလား အမေ့အကိုအရင်းနဲ့ အဲ့မိန်းကလေးက ချစ်သူတွေတဲ့"
"ဗျာ....."
ကုဋေ အာမေဋိတ်အသံပင်ထွက်သွားရသည်အထိ။
ကိစ္စတွေက ဘယ်လောက်ထိရှုပ်ထွေးခဲ့လဲ။
အမေ့နေရာကနေကြည့်ရင် ရင်နာစရာပဲမလား။
ကိုယ့်စေ့စပ်သူနဲ့ အကိုအရင်း.....
"သားဦးလေးဆုံးသွားရတာ အဲ့ မိန်းမကြောင့်ပဲ အဟင်းးးး အဲ့မိန်းမကြောင့် သားအဖေမူးနေတဲ့အချိန် အမေတို့မှားခဲ့မိကြတယ် သူကတာဝန်ယူပေးပြီး အမေ့ကိုပဲချစ်မြတ်နိုးပါ့မယ်လို့ဆိုခဲ့တယ် အဲ့မိန်းမ အမေတို့ဘဝထဲ ထပ်မပေါ်လာခင်အထိပေါ့"
အမေ့စကားတွေက အဆက်အစပ်သိပ်မရှိပေမယ့် အဖွားဆီက သိခဲ့ရသည့်အကြောင်းအရာတွေနဲ့ သူအနည်းငယ်တော့ ဆက်စပ်နိုင်ပေသည်။
အဖေနဲ့ဦးလေးက သူငယ်ချင်းတွေပင်။
အမေကတော့ အဖေ့ကိုခိုးချစ်နေခဲ့သူပေါ့။
သူငယ်ချင်းနှစ်ယောက်က မိန်းကလေးတစ်ယောက်ကို အတူချစ်ခဲ့မိကြပေမယ့် ဦးလေးကပဲ အချစ်ကိုပြန်ရယူနိုင်ခဲ့သည်။
သို့ပေမယ့် နောက်ပိုင်းမှာ လမ်းခွဲခဲ့ကြပြီး ဦးလေးကမူးမူးရူးရူးနဲ့ ယာဥ်တိုက်မှုဖြစ်ကာ ဆုံးပါးခဲ့ရသည်။
အခု အဲ့မိန်းမက ဘာလို့ထပ်ပေါ်လာရတာလဲ။
သူ အဲ့မိန်းမကို သိပ်မုန်းမိသည်။
သူ့ကြောင့် ပျော်ရွှင်နေခဲ့တဲ့ မိသားစုလေး ပျက်စီးလုနီးနီး။
သူ့ကြောင့် အမေငိုခဲ့ရသည်။
သူ့ကြောင့် ဦးလေးသေခဲ့ရသည်။
လှလွန်းပိုဆိုတဲ့ မိန်းမကို သိပ်မုန်းသည်။

🖤My Dear Ex-husband🖤 Where stories live. Discover now