🖤My Dear Ex-husband🖤
Part<5>
ယိမ်း မေကြီးခေါ်လာပေးသော ကောင်မလေးအား အထုပ်အပိုးတွေနေရာချကူရင်း
"စံပယ်မွှေးနော် မွှေးလို့ပဲခေါ်မယ်ရလား"
"ဟုတ်မမလေး"
ယိမ်း ပစ္စည်းတွေနေရာချရင်းမှ
"ယိမ်းလို့ပဲခေါ်ပါ အသက်တူတူပဲဆိုတော့လေ"
"ဟုတ်ကဲ့"
"ဟို....ယိမ်း အကူအညီတစ်ခုတောင်းချင်တယ်"
"ပြောပါရှင့်"
"မေကြီးကို ယိမ်းကောင်လေးအကြောင်းမပြောပါနဲ့လား"
"........"
"နောက်မှ ယိမ်းဘာသာအသိပေးလိုက်ပါ့မယ်"
"အာ...ဟုတ်"
တီးတောင်🛎
ယိမ်း မျက်နှာထက်အပြုံးတို့ဖြင့် တံခါးထံသွားကာ ဖွင့်ပေးမိ၏။
တံခါးဖွင့်လျှင် မျက်စိရှေ့မြင်လိုက်ရသည်က အနီရောင်ပန်းစည်းကြီးပင်။
ယိမ်း စိတ်လှုပ်ရှားစွာဖြင့် သူ့အားကြည့်ကာ
"ကို..."
ထိုအခါ ကိုက ညာဘက်ပါးချိုင့်လေးတစ်ဖက်ပေါ်အောင်ပင် ရွန်းရွန်းစားစားပြုံးပြနေလေသည်။
"ရက်တစ်ရာကနေ နှစ်တစ်ရာတိုင်အောင်အတူရှိကြမယ် ယိမ်း"
ကိုကမ်းပေးလာသော ပန်းစည်းကြီးအားယိမ်းယူလိုက်ပြီး
"ကို့ကိုချစ်တယ်"
ချစ်မိနေလေတော့ ချစ်ကြောင်းခဏခဏဖွင့်ဟချင်ပြန်သည်။
ယိမ်း ကို့ရင်ခွင်ထဲတိုးဝင်မိတော့ ကိုကအလိုက်သင့်ယိမ်းခါးလေးမှ ထိန်းကိုင်ထားလေသည်။ကုဋေ နောက်ပါးမှာ ရပ်ကြည့်နေသောမိန်းကလေးတစ်ယောက်ကြောင့်
"သူက...."
"သူက စံပယ်မွှေးတဲ့ ယိမ်းနဲ့အတူနေလာတာ မွှေး သူကယိမ်းချစ်သူမဟာကုဋေကုဋာတဲ့"
"ဟုတ်တွေ့ရတာဝမ်းသာပါတယ် လွတ်လွတ်လပ်လပ်နေကြပါနော် လိုတာရှိရင်ခိုင်းပါ"
"ရတယ် မွှေးလုပ်စရာရှိတာသွားလုပ်ဦး"
"ဟုတ်"
မွှေးထွက်သွားတော့ကိုကပြုံးနေပြီး
"ကိုယ်ယိမ်းကို လက်ဆောင်ပေးချင်တာရှိသေးတယ်"
"ဘာလဲဟင်"
ကိုက အင်္ကျီအိတ်ကပ်ထဲက ထုတ်လာသည်က ရွှေရောင်ကြိုးလေး
"ဒါလေးက...."
ကိုက မဆိုင်းမတွပင်
ယိမ်းရှေ့ထိုင်ချလာပြီး ယိမ်းခြေချင်းဝတ်ထက် ထိုအရာလေးအား ဝတ်ဆင်ပေးနေလေသည်။
"လိုက်တယ်"
"ကို...."
ကိုက ယိမ်းခြေထောက်အား ကြည့်နေရာမှ မော့ကြည့်လာပြီး
"ကိုယ်ယိမ်းကို ကိုယ့်ဆီကထွက်မပြေးနိုင်အောင် ကြိုးချည်လိုက်ပြီနော်"
ငါ့ရဲ့ အမုန်းတရားတွေနဲ့အတူပေါ့ ထိုစကားကိုတော့အပြင်ထုတ်မပြောဖြစ်ခဲ့။
'ကို...."
ယိမ်း စိတ်လှုပ်ရှားစွာငိုချမိသည်အထိ။
"ဟာ...ယိမ်းက ကလေးလား မငိုနဲ့"
"ကို့ကိုချစ်တယ်"
ကုဋေ သူမကျောအား ပုတ်ကာချော့မော့နေရင်းမှ သူမရဲ့ချစ်စကားသံကြောင့်
"အင်း ကိုယ်သိတယ်"
ရှေ့ဆက်ပြီးလဲ မင်းကငါ့ကိုရူးရူးမူးမူးချစ်လာရမယ်ယိမ်း။