Intro

5.6K 62 3
                                    

အဟမ်းအဟမ်း😁
ဒါဒါလေးပါ😚
အလုပ်တွေမအားလို့ ကိုကြီးနဲ့အသေးလေးကိုတောင် updateကြာနေပေမယ့်လည်း စိတ်ကနောက်တစ်ပုဒ်ကို ရောက်နေပြီ။
စိတ်သွားတိုင်း ကိုယ်မပါဘူးဖြစ်နေတယ် အသဲတို့ရေ😣
သို့ပေမယ့်လည်းပေါ့ မအားလို့ဆိုပြီးမရေးဖြစ်ပဲနေမှာမလို့ ရေးချင်စိတ်လေးပေါက်အောင် Introအရင်ဝင်ထားမလို့ပါ။
ကိုကြီးနဲ့အသေးလေးပြီးတာနဲ့ ဒီအပုဒ်လေးကို တင်မယ်နော်။
Groupထဲက အသဲတွေဆိုသိမှာပါ ကိုကြီးနဲ့အသေးလေး ဘယ်လောက်Sweetလဲဆိုတာ😉
အချိုများပြီး ရင်ဘတ်ကြပ်ဆီးချိုဖြစ်မှာပူလို့ ဒီတစ်ပုဒ်ကတော့ Dramaလေးပေါ့ ပိစိလေးလောင်ရပါမယ်😌
အသဲတွေအတွက် ဒါဒါကစေတနာနဲ့ပါနော်😉
အသေးလေးတို့ပြီးရင် ရေးမယ့်အပုဒ်လေးကတော့👇👇👇

🖤My Dear Ex-husband🖤

💘အမုန်းတရားတွေကြောင့် ချဥ်းကပ်ခဲ့ပေမယ့် မတော်တဆအမှားအယွင်းတစ်ခုကြောင့် တာဝန်ယူလိုက်ရကာ နာကြည်းမုန်းတီးစိတ်တွေနဲ့ နာကျင်အောင် အကြိမ်ကြိမ်လုပ်ခဲ့တယ် နောက်ဆုံးအချိန်လွန်ခါမှ သိလိုက်ရတာက သူတစ်ချိန်လုံးမုန်းတယ်ရေရွတ်နေပေမယ့် နှလုံးသားက မမုန်းနိုင်လေသောအခါ......

💕ကြမ်းတမ်းလှတဲ့လောကဓံကြား ကမ်းလင့်ခဲ့တဲ့လက်တစ်စုံ
ထိုလူသားအား နှလုံးသားတစ်ခုလုံးနဲ့ ရင်းကာ အရာရာပေးဆပ်ဖို့အထိရည်ရွယ်ပြီးချစ်ခဲ့ပေမယ့် နောက်ဆုံးသိလိုက်ရတာက အလိမ်အညာတွေ
ဘဝတစ်ခုလုံးနဲ့ ရင်းပြီးသိခဲ့ရသည်က ထိုလူသားဟာ သူမကိုတစ်စက်လေးမှ မချစ်ဖူးခဲ့တာပါပဲ။

ဟန်ဆောင်မှု အမုန်းတရားတွေနဲ့စတင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်း......
အဆုံးသတ်မှာရော ဇာတ်သိမ်းကလှနိုင်ပါ့မလား😉

ကဲ....ဆက်ပြောနေရင် ဇာတ်လမ်းတစ်ခုလုံးကိုပြောမိတော့မယ်။
အသေးလေးတို့ပြီးတာနဲ့ တင်ပေးမယ်နော်။
Updateမှန်အောင်လဲ ကြိုးစားမှာမလို့ အသဲတွေကလဲ ongoingလိုက်ပေးပြီး ဒါဒါအားရှိအောင် Commentsတွေပေးရမယ်နော်။
အသဲတွေရဲ့ Commentsတွေကို လွမ်းနေပြီ။
တစ်ခုတော့ရှိတာပေါ့နော် အိမ်နံပါတ်လာမတောင်းကြေး🤢လာရိုက်နေမှာမလို့ ကြောက်တယ်ရယ်။
ဒါဒါရေးသမျှ ဇာတ်လိုက်မင်းသားတွေထဲ သူအဆဲခံရဆုံးဖြစ်လာမလားပဲ🤔
မကြာခင်မှာ ပြန်တွေ့ကြမယ်နော်😘
အားပေးကြမယ်မလား

🖤My Dear Ex-husband🖤 Where stories live. Discover now