🖤My Dear Ex-husband🖤
Part<2>
ယိမ်း စာကြည့်တိုက်မှာစာလေ့လာရင်း နာရီကြည့်မိတော့ အတန်းချိန်နီးနေပြီ။
ဒါကြောင့်စာအုပ်တွေအားသိမ်းကာ အလျင်အမြန်ပဲ စာသင်ဆောင်ဘက်ပြေးလာခဲ့မိသည်။
ကံကောင်းထောက်မစွာပဲ စာသင်ဆောင်ဘက်ရောက်တော့ အတန်းစဖို့ ဆယ့်ငါးမိနစ်လောက်လိုသေးသည်။
ဒါကြောင့် ယိမ်း အမောခဏဖြေပြီးမှ အတန်းထဲဝင်လာခဲ့သည်။
ထိုအခါ ယိမ်းအံ့သြသွားမိသည်အထိ။
ဒီနေ့အတန်းက စိတ်ပါဝင်စားသည့်လူတိုင်းတက်ရောက်နိုင်သည်ဖြစ်သည်။
ပြီးတော့ ခေါင်းစဥ်တစ်ခုနဲ့စပ်လျဥ်း၍ ကိုယ့်အမြင်သူ့အမြင်ဖလှယ်ခြင်း။
ကိုယ့်ထက်စီနီယာကျသူတွေရဲ့အတွေးအမြင်တွေကို သိရတာ ဗဟုသုတရစေသည်။
သို့ပေမယ့် အပတ်တိုင်းတက်ရောက်သူရှားသည်။
Roll callမယူတာကြောင့် မတက်သည့်သူက များလေသည်။
ဒီနေ့မှာတော့ ဆန့်ကျင်ဘက် အခန်းထဲထိုင်စရာနေရာမရှိအောင်ပင် လူများပြည့်ကြပ်နေလျက်။
ယိမ်းကြောင်အသွားမိသည်အထိ။
သူပဲ အချိန်မှားလာခဲ့တာလား။
နာရီကိုထပ်ခါကြည့်မိတော့ မမှားယွင်းကြောင်းနာရီလက်တံက သပ်သေပြနေလေသည်။
ဒါကြောင့် ယိမ်းနေရာလွတ်တို့အားရှာကြည့်မိလေသည်။
ဒုတိယRollရဲ့အလယ်နားလေးမှာ နေရာတစ်နေရာလွတ်နေလျက်။
ဒါကြောင့် အလျင်အမြန်ပဲ ထိုနေရာကိုဦးတည်လိုက်သည်။
နေရာလွတ်သည် အထဲဘက်ဖြစ်ကာ အစွန်၌ထိုင်နေသော သူအား မဖြစ်မနေစကားစလိုက်ရတော့သည်။
"နည်းနည်းလောက် ဖယ်ပေးလို့ရမလား"
ယိမ်းပြောပြီးခဏအကြာ မော့ကြည့်လာသူကြောင့် ခြေတွေလက်တွေအေးစက်သွားရတော့သည်။
နောက်ဆုံးတွေ့ပြီးထဲက တစ်ပတ်လောက်ရှိပြီဖြစ်သည်။
ယိမ်းရှေ့ပေါ်မလာသူကို မေ့နေခဲ့သည်တော့မဟုတ်။
ထူးဆန်းစွာပဲ မကြာခဏတွေးမိခဲ့သည်မလား။
အခုတော့ သူကယိမ်းရှေ့မှာ။
ယိမ်းနှလုံးခုန်နှုန်းတွေဟာ ပုံမှန်မဟုတ်ပေ။
သူက ယိမ်းအားမျက်ခုံးတစ်ချက်ပင့်ပြလာပြီး
"အိုးးး တိုက်ဆိုင်လိုက်တာ"
ယိမ်း တစ်ခြားနေရာတွေအား ဝေ့ဝိုက်ကြည့်လိုက်မိပေမယ့် နေရာလွတ်တစ်နေရာမှ မကျန်တော့။
ဖြစ်နိုင်သည်က ဒီလူအတန်းလာတက်သည်ကြောင့် နေရာတွေ ကုန်သွားသည်ဖြစ်မည်။
သူက ယိမ်းဖြစ်နေသည်ကို ရိပ်မိစွာ
"ကိုယ်က နေရာကြပ်ရင်မထိုင်တတ်ဘူး ဒါပေမယ့် မင်းဆိုရင်တော့ရတယ် ချွင်းချက်တော့ရှိတယ်"
"........"
သူကဆွဲဆောင်မှုရှိရှိ ပြုံးလျက်ပင်။
"ကိုယ့်ကို နေ့လည်စာကျွေးမယ်ဆိုရင်ပေါ့"
ယိမ်း ထိုသူ့အနားနေဖို့မဖြစ်။
ခံစားချက်တွေ အစပျိုးလို့မဖြစ်ပေ။
ဒါကြောင့် ထွက်သွားဖို့ဆုံးဖြတ်လိုက်စဥ်မှာပဲ အခန်းထဲ ဝင်လာသော ဆရာမတွေကြောင့်ခြေလှမ်းတို့ရပ်သွားရသည်။
ကံကြမ္မာကပဲ ကျီစားလေသလား။
"မိုးထိုးမတ်တပ်တွေ ရပ်မနေကြနဲ့"
ဆရာမတစ်ယောက်အပြောကြောင့် ယိမ်း ရွေးချယ်စရာမဲ့စွာပဲ
သူ့အနားလျှောက်သွားရင်း
"ဖယ်ပေးပါ"
သူက ပုခုံးတွန့်ကာ အသာတကြည်ဖယ်ပေးလေသည်။
ယိမ်း သူ့နံဘေးက နေရာလွတ်မှာ ဝင်ထိုင်ရင်း ထုံးစံအတိုင်းမှတ်စုစာအုပ်အား ထုပ်လိုက်၏။
YOU ARE READING
🖤My Dear Ex-husband🖤