🖤My Dear Ex-husband🖤
Part<3>
ကုဋေ ကားသော့လေးအား လက်၌ဝေ့ယမ်းကာ အိမ်ထဲသို့ဝင်လာခဲ့လေသည်။
အိမ်ထဲမှာတော့ မျက်နှာမကောင်းစွာရပ်နေကြသော အိမ်အစေခံများအားတွေ့လိုက်ရပြီး မရှေ့မနှောင်းမှာပင်
အိမ်ရဲ့ ဒုတိယထပ်မှ အသံကျယ်ကြီးများကြားလိုက်ရလေသည်။
ဒုန်း💥ခလွမ်း
ပစ္စည်းပစ်ပေါက်သံများကြောင့် ကုဋေအပေါ်သို့ပြေးတက်မိသွားလေသည်။
"ရှင့်ဟာမကို ထိတော့နာတယ်ပေါ့"
အမေ့အသံကျယ်လောက်စွာ ထွက်ပေါ်လာပြီးမကြာ ပစ္စည်းပစ်ပေါက်သံများကိုဆက်တိုက်ကြားလိုက်ရပြန်သည်။
ကုဋေ တံခါးနားတိုးရပ်ကာ နားထောင်နေမိသည်။
အဖေကတော့ အပြစ်မလုပ်ထားသည့်သူလို တည်ငြိမ်စွာပဲ
"မိုးကုဋေ မင်းကအမြဲသွေးဆူလွယ်တဲ့ မိန်းမပဲ ပြသနာတစ်ခုကို တိတိကျကျမသိပဲ အပေါ်ယံအမြင်နဲ့ ရမ်းသမ်းစွပ်စွဲတာ အခုထိအရင်အတိုင်းပဲ"
အဖေ့လေသံအေးအေးအား အမေက ဟားတိုက်ရီလိုက်၍
"ဟုတ်တယ် ကျွန်မက သွေးဆူလွယ်တဲ့မိန်းမ ရှင်နဲ့အဲ့ဟာမ နေ့တိုင်းအတူရှိနေတာကို ဘယ်စိတ်မျိုးနဲ့ ကြည့်နေနိုင်မှာလဲ ဘာလဲ ငါတို့ကရိုးရိုးသားသားပါလို့ေပြာဦးမလို့လား အဟင်းးးး -ာသည်မတစ်ယောက်နဲ့ တရားစကားတော့ပြောစရာအကြောင်းမရှိပါဘူး"
"တောက်!!!!!မိုးကုဋေ"
အမေက အဖေ့အားစူးစူးရဲရဲ ပြန်ကြည့်လိုက်ပြီး
"ရှင့်ဟာထိတော့ နာတတ်လိုက်တာ"
"မင်းတို့လိုအထက်တန်းစားမိန်းမတွေက အဲ့တာတွေသိပ်စိတ်ပျက်ဖို့ကောင်းတာ"
"ဘာ!!!!!"
"လူတကာကို အထင်သေးအမြင်သေးနဲ့ မင်းတို့တွေတန်ဖိုးကြီးအရာတွေဆင်မြန်းနေပေမယ့် စိတ်ဓာတ်ကအောက်ဆုံးမှာပဲ ဟုတ်တယ် လှလွန်းပိုဆိုတဲ့ မိန်းမကမကောင်းတဲ့အလုပ်လုပ်တာမှန်တယ် ဒါပေမယ့်စိတ်ဓာတ်အရာမှာ မင်းတို့ထက်အဆပေါင်းများစွာ သာတယ်"
"ဟားဟားဟား ဟုတ်တယ် ကျွန်မကအောက်တန်းကျတယ် ရှင်တို့ယောက်ျားတွေကရော မယားကြီးရှိရက်နဲ့ အငယ်အနှောင်းနဲ့ပျော်ပါးတာကျရော....သိပ်မြင့်မြတ်နေသလား"
" ဒီမှာမိုးကုဋေ မင်းကိုငါတာဝန်ယူခဲ့ရတာဆိုပေမယ့် မင်းနဲ့လက်ထပ်ပြီးတဲ့အတောအတွင်း ငါတစ်ခါမှ မဖောက်ပြန်ဖူးဘူး အေး ပြီးတော့လဲ မင်းအစ်ကိုသေခဲ့ရတာကို လှလွန်းပိုအပေါ်သာ ပုံချနေတာ တကယ်က မင်းပယောဂမကင်းဘူးဆိုတာ ငါသိတယ်"
"အဟင်းးးး ဘာလဲ ရှင့်ဟာမက ဖောက်သည်ချလိုက်တာလား"
"သူပြောမှငါသိတာမဟုတ်ဘူး အစထဲက ငါသိတယ် ငါ့မိန်းမဖြစ်နေလို့ သေပြီးတဲ့သူလဲ ပြန်ရှင်မှာမဟုတ်လို့ ထပ်အစမဖော်တာ"
"အဲ့တော့ဘာဖြစ်လဲ ဟုတ်တယ် ကျွန်မသူ့ဆီသွားပြီး အစ်ကိုနဲ့လမ်းခွဲဖို့ သူနာကျင်စေမယ့်စကားတွေ ရွေးပြောခဲ့တာ အဟင်းးးအခုတော့အစ်ကိုမရတော့ ယောက်ျားကို မြူဆွယ်ပြန်ရော အဲ့ကောင်မက သိပ်-ာဆန်တာပဲ"
"တိတ်စမ်း"
ဖြန်း
အဖေ့အော်သံနှင့်အတူ အဖေ့ရိုက်ချက်ကြောင့် အမေဟာ ကြမ်းပြင်ပေါ်ခွေကနဲ။
ကြမ်းပြင်ထက်ဝယ် အမေသောင်းကျန်းထားသော ဖန်ကွဲစများအပြည့်
"အာ့!!!!!"
'"အဖေတော်တော့"
ကုဋေ အခန်းထဲဝင်သွားကာ အမေ့ကိုသိမ်းဖက်လိုက်မိသည်။
"သား....သားရယ် အဟင့်...."
ကုဋေ အဖေ့အားနာနာကျင်ကျင်ကြည့်လိုက်ပြီး
"အဖေသိပ်တရားလွန်တယ်"
"သား!!!!"
"အဖေ အဲ့မိန်းမကိုအဲ့လောက်တောင်ချစ်ရတာလား"
"မဟုတ်ဘူး သားအထင်မှားနေပြီ"
ကုဋေ ကျနေသောမျက်ရည်စများအား ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး
"ကျွန်တော့်တစ်ဘဝလုံး အဖေကစံနမူယူစရာပုဂ္ဂိုလ်ဖြစ်ခဲ့တာ အခုတော့....."
"ရှင်ထွက်သွား!!!!!ရှင့်မျက်နှာကို မမြင်ချင်ဘူး"
ကုဋေ့ ရင်ခွင်ထဲအမေက ရှိုက်ငိုရင်း အဖေ့အားမောင်းထုတ်နေခြင်းပင်။
"မိုးကုဋေ မင်းရဲ့တစ်ဖက်စွန်းရောက်အတ္တတွေက သိပ်ကိုဆိုးတာပဲ သား အဖေပြောနိုင်တာတစ်ခုက အဖေသားအမေအပေါ်ဘယ်တုန်းကမှမဖောက်ပြန်ခဲ့ဖူးဘူး အခုတော့ မင်းအမေနဲ့မျက်နှာချင်းမဆိုင်ချင်ဘူး ကိစ္စတွေ အပြည့်အစုံသိချင်ရင် အဖေ့ဆီလာခဲ့ မင်းအမေရဲ့တစ်ဖက်သတ်စကားတွေနဲ့ မျက်လုံးစုံမှိတ်မနေပါနဲ့"
အဖေ့စကားအဆုံး အမေက နာကျင်နေပုံပြုံးလျက်
"ရှင်ထွက်သွားပြီးရင် ကျွန်မတို့သားအမိနဲ့ ပတ်သက်စရာမလိုဘူး ကုမ္ပဏီလဲ ရှင်နဲ့မသက်ဆိုင်တော့ဘူး"
"မင်းကြိုက်တာလုပ် တစ်ကိုယ်ကောင်းသမား"
အဖေဟာ ထိုစကားကိုဆိုကာ နောက်လှည့်မကြည့်စတမ်း ထိုအိမ်ကြီးမှ ထွက်သွားတော့သည်။