7U

342 38 4
                                    

🖤My Dear Ex-husband🖤

Part<7>


"အဟက် မတွေ့ရတာကြာပြီပဲ”
ယိမ်းရှေ့မှာ ရပ်နေသည်က ကို့ရဲ့သူငယ်ချင်း။
တစ်နည်းအားဖြင့်အရင်အခါတွေတွေ့ချိန်ထဲက ယိမ်းကိုအထင်သေးစွာ ပြောဆိုဆက်ဆံဖူးသူ။
ဒါကြောင့် ယိမ်းပါးထက်မှ မျက်ရည်တွေအား သုတ်ပစ်ကာ ထိုသူ့ရှေ့မှ အမြန်ထွက်သွားဖို့ ပြင်မိသည်။
သို့ပေမယ့်လည်း ယိမ်းလက်အားလှမ်းဆွဲလိုက်ပြီး နံရံတစ်ဖက်သို့တွန်းပို့လိုက်သူကြောင့် ယိမ်းကျောလေးပင်အောင့်မျက်သွားရသည်။
"ရှင် ဘာလုပ်တာလဲ"
သူက ယိမ်းအားမထီမရီကြည့်လာပြီး
"ကြည့်ရတာ ကုဋေကမင်းကို ကစားလို့ဝသွားပုံပဲ"
"ရှင်နဲ့ ဘာဆိုင်လဲ"
သူ့လက်တို့ဖြင့် ယိမ်းမျက်နှာအားထိတွေ့လာသဖြင့် မသတီဟန် ရုန်းထွက်တော့ သူက ခပ်မဲ့မဲ့ပြုံးရင်း
"မင်းကိုယ်မင်း သိပ်ကိုတန်ဖိုးရှိလှတယ်ထင်နေတာလား မင်းက ကုဋေထွေးထုတ်လိုက်တဲ့ ပီကေတစ်ခုပဲ ကုဋေ့လောက်မဟုတ်တောင် ငါလဲ မင်းကိုလိုတာတွေပေးနိုင်ပါတယ်"
"ရှင်မမိုက်ရိုင်းနဲ့"
"စမ်းကြည့်မလား မင်းစွဲသွားစေရမယ်"
သူကပြောရင်း ယိမ်းမျက်နှာအနားတိုးကပ်လာကာ အတင်းနမ်းဖို့လုပ်လာလေသည်။
ဒါကြောင့် ယိမ်း အနမ်းမခံပဲ ရုန်းကန်လျှင် သူကစိတ်မရှည်ဟန် ယိမ်းကိုအတင်းဖမ်းချုပ်လေသည်။
ယိမ်း ရှိသမျှအားကုန်သုံးကာ သူ့လက်ထဲမှ ရုန်းထွက်လိုက်ပြီး
ဖြန်း👋
ယိမ်း သူ့ပါးပြင်အားအားကုန်ရိုက်ချလိုက်မိသည်။
ထိုအခါ သူကဒေါသထွက်သွားဟန်
"-ာသည်မ!!!"
ယိမ်းအား အော်ဟစ်၍ ရိုက်ဖို့ပြင်လျှင် ယိမ်းလန့်ကာ မျက်လုံးစုံမှိတ်ပစ်မိသည်။
သို့ပေမယ့် သူ့ရိုက်ချက်က ယိမ်းပါးပေါ်ရောက်မလာခဲ့။
ဒါကြောင့် မျက်လုံးတို့ဖွင့်ကာကြည့်မိတော့
"တော်တော့ မင်းညို မိန်းကလေးတစ်ယောက်ကို လက်မပါရဘူး"
"အဲ့ကောင်မက ငါ့ပါးကိုရိုက်တာကွ"
"မင်းအပြစ်မင်းသိတယ်မလား"
"သု​တ မင်းနဲ့မဆိုင်ရင်ဝေးဝေးနေစမ်း"
"မဆိုင်တာမှန်တယ် အားနွဲ့တဲ့မိန်းကလေးတစ်ယောက်ကို အခုလိုပြုမူနေတာကိုတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး မင်းမနေနိုင်ရင် ကလပ်က စော်တွေခေါ်လိုက်"
"နောက်ကိုမင်းကိစ္စမဟုတ်ပဲဝင်မပါနဲ့ သုတ"
မင်းညို လက်မလျော့ချင်ပေမယ့်လည်း သုတနဲ့မယှဥ်နိုင်စွာ လက်လျော့လိုက်ရသည်။
သုတရဲ့နောက်ခံကလည်း ကုဋေနည်းတူပင်။
အနေအေးသူဖြစ်ကာ တော်ရုံဝင်မပါတတ်။
သုတ ရှေ့မှာရှိနေသော မိန်းကလေးအားကြည့်ကာ
"ညနက်နေပြီ ငါလိုက်ပို့မယ်"
ယိမ်း ကို့သူငယ်ချင်းတွေကို ကြောက်သည်။
ဒါကြောင့် အလျင်အမြန်ပဲ
"ကူညီပေးတာ ကျေးဇူးပါပဲ ဒါပေမယ့် အဆင်ပြေပါတယ်"
"ငါ့သူငယ်ချင်းအစားတောင်းပန်တယ် ကုဋေနဲ့လည်း ပြသနာဖြစ်ထားတယ်မလား မိုးလဲချုပ်နေပြီ တစ်ယောက်ထဲ ပြန်ဖို့အန္တရာယ်များလွန်းတယ်"
သူ့စကားမှာ ယိမ်းတစ်ချက် တွေဝေသွားရသည်။
ည ၁နာရီကျော်နေပြီဖြစ်တာကြောင့် သူပြောတာသဘာဝကျသည်။
ကားငှားပြန်ဖို့လဲ အဆင်မပြေတော့။
ယိမ်း သူနဲ့ပြန်သင့်လား။
တွေးနေမိစဥ်
"ငါက လူကောင်းမဟုတ်ဘူး ဒါပေမယ့် မယုတ်မာတတ်ဘူး ကျန်တာမင်းရွေးချယ်ပါ"
"ဒါဆို ယိမ်းအနှောင့်အယှက်ပေးပါရစေ'"

🖤My Dear Ex-husband🖤 Where stories live. Discover now