🖤My Dear Ex-husband🖤
Part<4>
ယိမ်း အိပ်ရာကထထခြင်း မကြည်လင်သော ခေါင်းကြောင့် နားထင်အားလက်ဖြင့်ဖိကိုင်ကာ ညည်းညူမိသည်။
အတော်ကြာမှ ပတ်ဝန်းကျင်ကို သတိထားကြည့်မိလျှင် စိမ်းသက်နေသည့်နေရာကြောင့်
"ငါ ဘယ်ကို ရောက်နေတာလဲ"
တစ်ယောက်တည်းတီးတိုးရေရွတ်နေမိစဥ်
"ယိမ်း နိုးလာပြီလား"
အသံကြောင့် ယိမ်းကြည့်မိလိုက်တော့ သူက တံခါးပေါက်အားမှီရပ်နေလေသည်။
အနက်ရောင်စွပ်ကျယ်နှင့် အားကစားဘောင်းဘီတိုဖြင့်သူက ကြည့်ရတာလေ့ကျင့်ခန်းလုပ်လာပုံပေါ်သည်။
မျက်နှာထက်မှ ချွေးများအား တဘက်ဖြင့်သုတ်ကာ ဂုတ်ပေါ်တင်လျက် ယိမ်းထံသူကလျှောက်လာလေသည်။
"'ယိမ်း....ဘယ်လိုလုပ်"
ယိမ်း သတိမေ့စွာ ကြောင်တောင်တောင်ဖြစ်နေမိစဥ်
သူက ယိမ်းအိပ်နေသည့်နံဘေး ထိုင်လာကာ ပြုံးပြလာလေသည်။
ပြီးလျှင် သူက ယိမ်းနဖူးလေးအား ခပ်ဖွဖွတောက်ရင်း
"အရက်သမားလေး"
"အာ့!!!!"
ယိမ်း အနည်းငယ်နာသွားသော နဖူးလေးအားပွတ်ကာ စဥ်းစားရင်းမှ မနေ့က အကြောင်းများကိုသတိရလာသည်။
ယိမ်းရှက်စွာ အိပ်ရာထဲကိုယ်ကိုကျုံ့ဝင်မိမတတ်။
"ရှက်မနေနဲ့ ကိုယ် ပြောစရာရှိတယ်"
သူကပြောရခက်နေဟန်ဖြင့်
ခဏနေတော့မှ
"ညကမင်းကိုနိုးမရလို့ ကိုယ့်ကွန်ဒိုကိုပဲ ခေါ်လာလိုက်တာ ပြီးတော့ မင်းအန်တယ်"
ယိမ်း ပြူးကြောင်ကြောင်လေးဖြင့်
"အန်တယ်"
သူက မျက်နှာခပ်လွဲလွဲလုပ်ပြီးမှ
"မင်းအဝတ်တွေ ပေသွားတယ် ဒါကြောင့်....အဟမ်းးး"
သူက ဆက်မပြောတော့ပေ။
ယိမ်းကိုယ့်ကိုယ်ကိုယ်ငုံ့ကြည့်မိတော့ မနေ့ကအဝတ်တွေမဟုတ်။
ယိမ်းကိုယ်ထက် ရှပ်အင်္ကျီအဖြူရောင်အပွကြီးက နေရာယူလျက်။
ယိမ်း မျက်နှာတစ်ခုလုံး ပူထူလာစွာ အကြိမ်ကြိမ်ရေရွတ်မိသည်က
မဟုတ်လောက်ပါဘူး ဟူ၍.....
သို့ပေမယ့် သူဆက်ပြောသော စကားတို့ကြောင့် ယိမ်း မျှော်လင့်ချက်တွေ မပြည့်ဝခဲ့ပါ။
"ညနက်နေပြီဆိုတော့ တခြားသူအကူအညီတောင်းလို့အဆင်မပြေတာနဲ့ ကိုယ်ပဲလဲပေးလိုက်တယ် ကိုယ်သစ္စာဆိုရဲတယ် ကိုယ်ဘာမှမလုပ်ခဲ့ဘူး"
ယိမ်း သူ့ကိုမျက်နှာချင်းမဆိုင်ရဲတော့ပေ။
"ကိုယ်တို့က ချစ်သူတွေပဲမလားမရှက်ပါနဲ့"
ယိမ်း အနေခက်စွာ မျက်နှာလွဲရင်း
"ဟို...."
"ဟင်"
"မျက်နှာသစ်ချင်တယ်"
ယိမ်းသူရှေ့ကပြေးထွက်ခဲ့မိတော့သည်။
သူမ ရေချိုးခန်းထဲ ရောက်သွားပြီးဆိုမှ ကုဋေမျက်နှာထက်မှ အပြုံးတွေကွယ်ပျောက်သွားကာ ခက်ထန်နာကြည်းမှုတွေ အစားထိုးဝင်ရောက်လာရင်း....
မနေ့ညက သူ မလုပ်မိနိုင်ခဲ့တာအတွက် သူ့ကိုယ်သူအားမရပေ။