Warning ❗
Warning ပိုင်းတွေကို Ss ရိုက်ပြီးလိုင်းပေါ်မတင်ကြပါနဲ့နော်....
>>>>>>>>>
စိုင်းလွန်းပန် မွေ့ယာပေါ်တွင်ထိုင်နေခြင်းဖြစ်ရာ စိတ်ကောက်နေသူက အပေါ်ထပ်တွင်သွားအိပ်နေသည်။ တစ်နေကုန်အလုပ်ရှုပ်နေသဖြင့် သခင်လေးကိုမချော့ဖြစ်ခဲ့ခြင်းဖြစ်ရာ သခင်လေး၏အနားကိုလည်း သူမသွားဖြစ်ခဲ့ပေ..
စိုင်းလွန်းပန် နေရာမှထကာ ကုတင်ခြေရင်းရှိလှေကားမှတက်ကြည့်လိုက်တော့ သခင်လေး Chestman ကထောင့်ဘက်တွင်ဖြစ်ကာ အိပ်ပျော်နေပြီဖြစ်သည်။ သခင်လေး Clayman မှာတော့ လှေကားရှိရာဘက်တွင်ဖြစ်ကာ ခေါင်းအုံးဖြင့်ကျောမှီထိုင်၍ စာဖတ်နေခြင်းဖြစ်သည်။
စိုင်းလွန်းပန် လှေကားထိပ်တွင် ထိုင်၍ သခင်လေးကိုလှည့်ကြည့်လိုက်ခြင်းဖြစ်ရာ Clayman မှာတစ်ချက်သာ မော့ကြည့်၍ စာအုပ်ကိုပြန်ဖတ်နေသည်။
" သခင်လေး.. "
".... "
" ကျွန်တော် တောင်းပန်ပါတယ် "
".... "
" နောက်တစ်ခါဆိုတာမျိုး ထပ်မရှိစေရပါဘူး "
".... "
စိုင်းလွန်းပန် မည်သို့ပင်ဆိုစေကာမူ Clayman ကမော့ကြည့်လာခြင်းမရှိပေ.. တိတ်ဆိတ်သွားသည့် အခန်းအတွင်း၌ Clayman ၏စာရွက်လှန်သံကသာ ကြီးစိုးနေသည်။
" သခင်လေး.. ကျွန်တော့်ကိုစိတ်ဆိုးပြေမယ်ဆိုရင်.. ကျွန်တော်သခင်လေးကို..အာဘွားပေးမယ် "
စိုင်းလွန်းပန် မျက်လုံးတို့အားစုံမှိတ်ကာ ပြောလိုက်ခြင်းဖြစ်ရာ တစ်ဖက်မှအဖြေမလာသဖြင့် ဘယ်ဘက်မျက်လုံးကိုအသာဖွင့်ကာ ချောင်းကြည့်လိုက်သည်။ ထိုအခါ သူ့ကိုစိုက်ကြည့်နေသည့် ရွှေအိုရောင်မျက်ဝန်းအစုံနှင့် အကြည့်ခြင်းဆုံသွားရသည်။
" စိုင်းက သားကိုတစ်နေကုန် ပစ်ထားတာ "
" ပစ်ထားတာမဟုတ်ပါဘူး.. သခင်လေးရဲ့ဦးလေးတွေရောက်နေတာမလို့ ကျွန်တော်အနားကိုမလာခဲ့တာပါ.. "
" စိုင်းက သားကိုမချော့ဘူး "
" ညမှချော့မယ်ဆိုပြီး တွေးလိုက်မိလို့ပါ.. "
![Sharman [ COMPLETE ]](https://img.wattpad.com/cover/365284302-64-k632194.jpg)