( 2 ) U

38.8K 1.5K 361
                                        


စစ်သု့ရှင် အတောင့်လိုက်ကြီးရပ်နေမိကာ တစ်ဖက်လူကိုသာ ငေးကြည့်နေမိသည်။ မတွေ့ရသည့် နှစ်တွေအတွင်းမှာ ပို၍ကြီးမားတောင့်တင်းလာသည့် ခန္ဓာကိုယ်အပြင် ပို၍ယောက်ျားပီသလာပုံကလည်း အကြည့်မလွှဲချင်စရာ....

လက်တို့အားတစ်ဖက်စီဆုပ်ကိုင်ထားသည့် သားတို့က လက်တို့ကိုလှုပ်ယမ်းလာမှ အသိဝင်လာရသည်အထိ..

Sharman ကသားတို့အား တစ်ချက်ဝေ့ကြည့်ပြီးနောက် သူ့ထံမှဖြေရှင်းချက်ကိုစောင့်စားနေသည့်ဟန်ဖြင့် စိုက်ကြည့်နေခြင်းဖြစ်သည်။

ဘယ်လိုပြောပြရမလဲ.. ဒါကမင်းရဲ့သားတွေ.. ဒါကငါတို့ရဲ့သားတွေ.. ဒါကမင်းရဲ့သွေးသားတွေ.. စစ်သု့ရှင် စိတ်ထဲ၌ အဆင်ပြေမည့်စကားလုံးကို ရှာကာ ပြောရန်ပါးစပ်ဟလိုက်သော်ငြား ပြောမထွက်ပေ.. အေးမြသည့်ရာသီဥတုကြောင့် အသံမထွက်တော့တာ ဟူ၍ပင် အပြစ်တင်လိုက်သည်။

" ဒါ... ဒါ.. ဒါ.. "

စစ်သု့ရှင်၏ထစ်ငေါ့နေသည့် စကားလုံးတို့က ပါးပေါ်သို့ရောက်လာသည့် လက်နွေးနွေးတို့ကြောင့် ရပ်တန့်သွားရကာ မျက်လုံးတို့ပြူးကျယ်သွားရသည်။

Sharman ကသူ့ရှေ့သို့တိုးကပ်ကာ လက်နှစ်ဖက်ဖြင့် သူ့ပါးတို့အားအုပ်ကိုင်ထားခြင်းဖြစ်သည်။

" အေးနေတာလား "

ဩရှရှနှင့်ထွက်ပေါ်လာသည့် အသံနောက် စစ်သု့ရှင် ရင်ခုန်သံတို့ဆူညံလာကာ Sharman ၏လက်တို့အား ဖယ်ရှားရန်တွေးလိုက်မိသည်။ သို့ပေမယ် သူ၏လက်တို့အား သားတို့က ဆွဲထားသဖြင့် စစ်သု့ရှင် စိတ်လှုပ်ရှားစွာဖြင့် အောက်သို့အမြန်ထိုင်ချလိုက်မိသည်။

" အာ့! "

" ဒယ်ဒီ!! " × 2

" သခင်! "

တစ်ပြိုင်နက်ထဲထွက်ပေါ်လာသည့် အသံကြောင့် စစ်သု့ရှင်မော့ကြည့်လိုက်တော့ Sharman ကအောက်ပိုင်းက သူ့အရာကိုအုပ်ကိုင်ကာ ရှုံ့မဲ့လျက်ရှိသည်။ သူ့နဖူးဖြင့် တိုက်မိခြင်းပင်...

စစ်သု့ရှင် ငုတ်တုတ်လေးထိုင်နေရင်း ဘာပြောရမည်မသိ... ရှက်စိတ်ကြောင့် ပြန်လှည့်ပြေးချင်စိတ်တို့သာ တဖွားဖွားဖြစ်ပေါ်နေရသည်။

Sharman [ COMPLETE ]Where stories live. Discover now