( 16 ) U

16.4K 814 121
                                        


" ကျွန်တော်လည်း သားကိုဂိုဏ်းကိစ္စတွေရဲ့အဝေးမှာဘဲထားဖို့ ဆုံးဖြတ်ထားတယ် .. သားကိုအန္တရာယ်ကင်းကင်းနဲ့ သာမန်လူတစ်ယောက်အနေနဲ့ရှင်သန်နိုင်အောင် ကျွန်တော်တို့ပျိုးထောင်ပေးမှာပါ.. "

စိုင်းသော်ဇေး၏စကားကြောင့် စစ်သု့ရှင်မှာအမှန်ပင် စိတ်သက်သာရာရသွားတော့သည်။ မှောင်ခိုဂိုဏ်းဟူသည့်အမည်နာမ၏နောက်ကွယ်၌ ရှုပ်ထွေးလွန်းလှသည့်အကြောင်းအရာများနှင့် အန္တရာယ်များစွာတို့လိုက်ပါလာသဖြင့် စစ်သု့ရှင်ဤအချက်ကိုထည့်သွင်းရန် တွေးမိခဲ့ခြင်းဖြစ်သည်။

ထိုသည်ဖြင့် စေ့စပ်ထိန်းမြားခြင်းစာချုပ်၌ ထည့်သွင်းအချက်အလက်များနှင့်အတူ မိဘများကပါထပ်မံ၍ လက်မှတ်ရေးထိုးခဲ့ကြသည်။

Chestman မှာ စိုင်းမိုင်ဇေးကိုပွေ့ချီထားရင်းပင် မျက်နှာလေး မသာမယာဖြစ်နေ၏။ အိမ်ပြန်ရတော့မည်ဖြစ်၍ ကားပေါ်တက်ရန်ကားအနားသို့ပင် ရောက်နေပြီဖြစ်ရာ Kyle မှာ Chestman ၏လက်ထဲမှ စိုင်းမိုင်ဇေးကိုလွှဲပြောင်းပွေ့ချီလိုက်သည်။

ကလောသို့မနက်အစောထဆင်းမည်ဖြစ်ကာ ထိုမှတဆင့်ရန်ကုန်သို့ ခရီးဆက်မှာဖြစ်သည်။ သို့ဖြစ်၍ စိုင်းမိုင်ဇေးနှင့် မည်သည့်အချိန်၌ ပြန်လည်ဆုံတွေ့ရမည်ဆိုသည်က မသေချာသည့်အရာတစ်ခုဖြစ်သောကြောင့် Chestman မှာစိတ်မကောင်းဖြစ်နေရတော့သည်။

" ကိုကြီး Kyle.. "

" ဗျာ.. "

" ဒါလေးသိမ်းထားပေး.. သားကိုယ်တိုင်ကျစ်ထားတာ ၊ အခုတော့ မိုင်ဇေးဝတ်လို့ရဦးမှာ မဟုတ်သေးဘူး ၊ ဦးညလက်နဲ့တိုင်းပြီးကျစ်ထားတာမလို့.. "

Chestman မှာထိုသို့ဆို၍ လက်ပက်ကျစ်ကြိုးလေးတစ်ခုကို ထုတ်ပေးလာသည်။ Kyle မှာခေါင်းအသာငြိမ့်ပြ၍ ထိုကျစ်ကြိုးလေးကို လက်ခံယူထားလိုက်သည်။

Clayman မှာတော့ ကားပေါ်သို့ရောက်နှင့်နေပြီဖြစ်ရာ Sharman မှာ Chestman ကိုကားပေါ်၌နေရာချပေးပြီးသည်နှင့် စစ်သု့ရှင်နှင့်အတူ နှုတ်ဆတ်စကားဆိုလာခြင်းဖြစ်သည်။

" ကိုကိုသွားပြီနော်.. မိုင်ဇေး "

ထွက်ခွာသွားပြီဖြစ်သည့်ကားလေးပေါ်မှ ခေါင်းလေးပြူထွက်ကာ လှမ်းအော်၍နှုတ်ဆတ်လာသူကြောင့် စိုင်းမိုင်ဇေးမှာ ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာငိုကြွေးလာတော့၏။

Sharman [ COMPLETE ]Where stories live. Discover now