မနက်ခင်းထမင်းဝိုင်း၌ လူစုံနေခြင်းဖြစ်ရာ ဒေါ်နန်းမြတ်စံနှင့် စစ်သု့ရှင်၏မိခင်ဖြစ်သူမှာ အနည်းငယ်သာစားကြ၍ နေရာမှထသွားကြပြီဖြစ်သည်။ စားပွဲဝိုင်း၌ အတွဲကိုယ်စီနှင့်တီတီတာတာ ပြုမူနေကြသည်ကိုကြည့်၍ Chestman သက်ပြင်းချမိသည်။ ဒယ်ဒီနဲ့ပါပါးကလည်း မိုးလင်းကတည်းက ကော်နဲ့ကပ်ထားသလို ပူးကပ်နေတာဖြစ်သည်။ ညီညီနဲ့ ကိုကိုကြီးကလည်း ထို့နည်းတူစွာပင်.. ညီညီကရေတောင်ကိုယ်တိုင်မချိုးတော့ဘဲ ကိုကိုကြီးကချိုးပေးရသည်အထိ.. ယခုလည်း ကိုကိုကြီးက ညီညီ့ဘေးတွင်ရပ်လျက် ထမင်းခွံကျွေးနေခြင်းဖြစ်သည်။ Chestman တစ်ယောက် ဟိုကြည့်ဒီကြည့်လုပ်ရင်း သက်ပြင်းလေးထပ်ခါထပ်ခါချကာ ထမင်းကိုသာ ငုံ့စားနေလိုက်တော့သည်။
Sharman တို့မိသားစုမှာ အချစ်ညတို့အုပ်စုနှင့်အတူ ရန်ကုန်သို့ပြန်ကြမည်ဖြစ်ရာ တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲကျင်းပနေသည်ဟူသောကြောင့် အလည်သွားကြရန်စီစဉ်ကာ ရန်ကုန်ပြန်မည့်ရက်ကို နောက်သို့ရွေ့ခဲ့ကြသည်။ တောင်ကြီးတွင်ရှ်ိသည့် အချစ်ည၏အိမ်သို့ မနက်ပိုင်းကတည်းက တက်လာခဲ့ကြခြင်းဖြစ်သည်။
တောင်ကြီးမြို့၏ဆောင်းရာသီမှာ နေဝင်စပြုသည်နှင့် အအေးဓာတ်ကလွှမ်းခြုံလာကာ ညနက်လေပိုအေးလာလေဖြစ်သည်။ တန်ဆောင်တိုင်ပွဲဟူသည်က တောင်ကြီး၌နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသည့် ပွဲတော်တစ်ခုဖြစ်ကာ အခြားသောအမြို့မြို့အနယ်နယ်မှ ဧည့်သည်များအပြင် နိုင်ငံခြားဧည့်သည့်များပင် လာရောက်လည်ပတ်ကြသည့် ပွဲတစ်ခုဖြစ်သည်။
အချိန်အားဖြင့်ညခုနှစ်နာရီခန့်ရှိနေပြီဖြစ်သည်။ ခြံရှေ့လမ်းမထက်၌ပင် ပွဲသို့သွားနေကြသည့် ကားနှင့်ဆိုင်ကယ်များမှာ အများအပြားပင်၊ Sharman မှာစစ်သု့ရှင်၏လက်ကိုဆုပ်ကိုင်လျက် အိမ်ထဲမှထွက်လာခြင်းဖြစ်ရာ ခြံဝင်းထဲ၌လူစုံနေပြီဖြစ်သည်။ Chestman မှာ သတ္တိလျှံ၏ပုခုံးပေါ်၌ခွလျက်အနေအထားနှင့်ဖြစ်ကာ နားဘေးတွင်တော့ ခွန်ခေးကရပ်နေခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း အချစ်ညမှာ Clayman ကိုပုခုံးပေါ်၌ခွလျက်အနေအထားနှင့်ဖြစ်ကာ ဈာန်မင်းနောင်နှင့် စိုင်းလွန်းပန်မှာ နားဘေး၌ရပ်နေခြင်းဖြစ်သည်။ လိုင်းကားနှင့်သွားချင်သည်ဟူသည့် အချစ်ည၏အရူးထမှုကြောင့် ကားရှိသော်ငြား ပွဲသို့လိုင်းကားနှင့်သာသွားကြရမှာဖြစ်သည်။ ပွဲသို့သွားသည့်လိုင်းကားမှာ မိန်းလမ်းတစ်လျှောက်သာပြေးဆွဲသဖြင့် မိန်းလမ်းမပေါ်သို့ လမ်းလျှောက်သွားရခြင်းဖြစ်သည်။
![Sharman [ COMPLETE ]](https://img.wattpad.com/cover/365284302-64-k632194.jpg)