( 19 ) U

14.5K 639 155
                                        


ခေါင်မိုးထပ်၌ အခန်းတစ်ခုတည်ရှိနေခြင်းဖြစ်ရာ ထိုအခန်းမှာ လျှို့ဝှက်နံပါတ်ဖြင့်ဖွင့်ဝင်ရခြင်းဖြစ်သည်။ Sharman နှိပ်နေသည့် ဂဏန်းများကို လိုက်ကြည့်မိသည့်အခါ ထိုသည်က သားတို့၏မွေးနေ့ဖြစ်နေ၏။

တံခါးဖွင့်သွားသည်နှင့် ဦးစွာပထမတွေ့မြင်လိုက်ရသည်က မှောင်မဲနေသည့် အခန်းငယ်ကိုဖြစ်သည်။ Sharman မှာသူ၏လက်ကိုဆုပ်ကိုင်ထားလျက်နှင့်ပင် ထိုအခန်းထဲသို့ဝင်သွားခြင်းဖြစ်ရာ အခန်းမီးခလုတ်ကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မြင်တွေ့လိုက်ရသည့်အရာကြောင့် စစ်သု့ရှင်မျက်ဝန်းတို့ပြူးကျယ်သွားရသည်။

ထိုအခန်းငယ်မှာ ဓာတ်ပုံပြတိုက်ကြီးသဖွယ် ဓာတ်ပုံများနှင့် ပြည့်နှက်လျက်ရှိကာ နံရံတို့၌ ချိတ်ဆွဲထားသည့် ဓာတ်ပုံများအပြင် ပုံကြီးချဲ့၍ ထောင်ထားသည့် ဓာတ်ပုံများပင်ပါဝင်၏။

ထိုဓာတ်ပုံတို့မှာ သူနှင့် သားအမြွှာတို့၏လှုပ်ရှားသွားလာနေကြသည့်ပုံများဖြစ်ကာ ခြံထဲ၌ဆော့ကစားနေကြသည့်ပုံများလည်း ပါဝင်၏။ စစ်သု့ရှင်၏အကြည့်တို့မှာ တစ်နေရာအရောက်တွင်တော့ ရပ်တန့်သွားရကာ ထိုနေရာသို့သွား၍ ဓာတ်ပုံလေးကို ဆွဲယူလိုက်သည်။

ဆေးရုံကုတင်ထက်၌ နှစ်ခြိုက်စွာအိပ်ပျော်နေသည့်အခိုက်တွင် Sharman မှာသူ၏နဖူးအား ငုံ့နမ်းနေသည့်ဓာတ်ပုံလေးဖြစ်သည်။ ဘေးဘက်၌ရှိနေသည်က အနှီးထုပ်လေးတို့ဖြင့် အိပ်မောကျနေသည့် သားအမြွှာတို့အား တစ်ဖက်စီပွေ့ချီလျက် ရိုက်ထားသည့်ဓာတ်ပုံလေးဖြစ်သည်။

" ရှား.. မင်းအဲ့ဒီတုန်းက ဆေးရုံမှာရှိနေတာလား "

" အင်း.. ကိုယ်တစ်ချိန်လုံး သု့ အနားမှာရှိနေခဲ့တာ "

Sharman ၏စကားနောက် စစ်သု့ရှင်၏မျက်ဝန်းအိမ်တို့၌ မျက်ရည်တို့ဝေ့သီလာသည်။ ထို့နောက် ဓာတ်ပုံတို့အား အသေးစိတ်လိုက်လံကြည့်ရှုနေမိခြင်းဖြစ်ရာ ခြောက်နှစ်တာကာလတစ်လျှောက် ဖြတ်သန်းခဲ့သမျှတို့မှာ ဤအခန်းငယ်အတွင်း၌ မှတ်တမ်းတစ်ခုအဖြစ် တည်ရှိနေတော့သည်။

ကျဆင်းလာသည့်မျက်ရည်တို့အား ဖိသုတ်မိရင်း အခန်းငယ်အတွင်း၌ လှည့်ပက်ကြည့်နေမိခြင်းဖြစ်ရာ အနားသို့လျှောက်လာသည့်ခြေသံနှင့်အတူ Sharman မှာသူ့အား အနောက်မှပွေ့ဖက်လာသည်။

Sharman [ COMPLETE ]Where stories live. Discover now