( 15 ) U

18.8K 756 148
                                        


မီးပုံးပျံကွင်းဘက်သို့ရောက်သည့်အခါ နေရာထိုင်ခင်းများနှင့် နေရာယူလျက်ကြည့်နေကြပြီဖြစ်သည့် အုပ်စုများအပြင် အချို့မှာလည်း မတ်တပ်ရပ်လျက်သာ ကြည့်နေကြခြင်းဖြစ်သည်။ ကွင်းထဲ၌ ပလုံကောက်ကြသည့် ကလေး၊ လူကြီးများအပြင် ဈေးဗန်းတို့အား လည်ပင်း၌ချိတ်ဆွဲထားကြလျက် ဈေးရောင်းနေကြသည့် ဈေးသည်များကိုလည်း တွေ့မြင်ရ၏။

ကွင်းအပြည့်ပင် စည်ကားလျက်ရှိသည့် လူအများကြောင့် ထိုင်စရာနေရာကိုပင် အတန်ကြာသည်အထိ ရှာဖွေလိုက်ရခြင်းဖြစ်သည်။ NZ ဂိုဏ်းအဖွဲ့ဝင်များမှာ ' တစ်လုံးနှစ်ရာ တစ်လုံးနှစ်ရာ ' နှင့်အော်ရောင်းနေကြသည့် ဆာလာအိတ်ခွံများကို ဝယ်ယူကာ မြေကြီးပေါ်၌ချ၍ ထိုင်ခင်းပြုလုပ်ပေးကြခြင်းဖြစ်သည်။

Sharman မှာသားနှစ်ယောက်နှင့် စစ်သု့ရှင်ကိုထိုင်ခင်း၌ နေရာချပေးပြီးသည့်နောက် စိုင်းလွန်းပန်ကိုခေါ်ကာ ဆာလာအိတ်သည်ကို ပိုက်ဆံရှင်းပေးနေသည့် စိုင်းသော်ဇေး၏အနားသို့ သွားလိုက်ခြင်းဖြစ်သည်။ ထို့နောက်တွင်တော့ စိုင်းသော်ဇေးနှင့် တိုင်ပင်ကာ ဈေးသည်တစ်ဦးထံမှ နေကြာစေ့ ၊ အအေး စသည့်မုန့်အမျိုးမျိုးကိုဝယ်ယူလိုက်ကြခြင်းဖြစ်သည်။

တောင်ကြီးမြို့၏ ရာသီဥတုမှာလွန်စွာမှအေးလွန်းလှသည့်အပြင် မြူနှင်းများကျသဖြင့် အပေါ်ထပ်အင်္ကျီနှင့် အနွေးဦးထုပ်တို့မှာပင် အစိုဓာတ်တို့လွမ်းခြုံနေပြီဖြစ်သည်။

" သားကြီး.. "

" ဗျာ.. ပါပါး "

" အေးနေပြီလား.. "

သားကြီးမှာ အအေးကြောက်လွန်းလှသဖြင့် စစ်သု့ရှင် ထိုသို့မေးလိုက်ခြင်းဖြစ်သည်။ သားကြီးမှာ သူနှင့် သားငယ်ကြား၌ထိုင်နေခြင်းဖြစ်ရာ သားငယ်မှာ အစ်ကိုဖြစ်သူ၏လက်ကလေးနှစ်ဖက်ကိုပင် ဆုပ်ကိုင်ထားပေး၏။

" မအေးဘူး ပါပါး.. သားအဆင်ပြေတယ် "

ထိုအခိုက်တွင် မုန့်ထုပ်တို့အားကိုင်လျက် Sharman နှင့် စိုင်းလွန်းပန်မှာ ပြန်ရောက်လာကြခြင်းဖြစ်ရာ  Sharman မှာ စစ်သု့ရှင်၏နားဘေး၌ ဝင်ထိုင်၍ စိုင်းလွန်းပန်မှာတော့ Clayman ၏နားဘေး၌ ဝင်ထိုင်ခြင်းဖြစ်သည်။

Sharman [ COMPLETE ]Where stories live. Discover now