" ကိုကိုကြီးကိုကူခိုင်းရမှာ ဒယ်ဒီရ.. "
Chestman ၏စကားကြောင့် Sharman မှာချက်ချင်းဆိုသလိုပင် နောက်သို့လှည့်ကြည့်လိုက်မိ၏။ အချိန်ကိုက်ပင် စိုင်းလွန်းပန်နှင့် ရဲသွေးမှာ သူတို့၏အနားသို့လျှောက်လာနေခြင်းဖြစ်သည်။
" လွန်းပန် ! သားငယ်ကိုလာခေါ် .. "
" ဟုတ်ကဲ့ သခင်.. "
Sharman ၏စကားကြောင့် စိုင်းလွန်းပန်မှာ Clayman ၏အနားသို့အပြေးသွားလိုက်ခြင်းဖြစ်ရာ Clayman ၏လက်ကိုဆွဲရန်အခိုက်တွင် Clayman မှာလက်ကိုရှောင်ဖယ်သွား၏။
" အနားကိုမလာနဲ့.. "
" သခင်လေး.. "
" အမိန့်ပေးတာ.. "
Clayman ၏စကားကြောင့် စိုင်းလွန်းပန်မှာမျက်လွှာချထားလျက် နားဘေး၌သာရပ်နေလိုက်ရသည်။ ထိုအခါ Sharman မှာသက်ပြင်းအသာချလျက် တစ်ပြိုင်နက်ထဲမှာပင် စစ်သု့ရှင်နှင့် Clayman ကိုတစ်ဖက်စီ ပွေ့ချီလိုက်၏။
" Sharman!! ပြုတ်ကျမယ်လို့ ! "
" ငြိမ်ငြိမ်နေလေ အသေးလေးရဲ့.. "
Sharman ၏စကားနောက် စစ်သု့ရှင်မှာ Sharman ၏လည်ပင်းကိုသိုင်းဖက်ထားလိုက်ရ၏။
" လွန်းပန်.. သားကြီးကိုခေါ်ခဲ့.. "
Sharman မှာထိုသို့ဆိုလျက် အိမ်ကြီးရှိရာသို့ ဦးတည်သွားလိုက်သဖြင့် စိုင်းလွန်းပန်မှာ Chestman ကိုပွေ့ချီကာ နောက်မှအလျင်အမြန်ပင်လိုက်ရတော့သည်။
" ကိုကိုကြီး.. "
" ဗျာ.. "
" ညီညီ့ကိုချော့လိုက်ဦးနော်.. မချော့ဘဲထားရင် ပိုဆိုးသွားလိမ့်မယ် "
" သခင်လေးက အနားလာခွင့်တောင်မပေးဘူးလေ.. ကျွန်တော်ဘယ်လိုချော့ရမလဲ "
" အဝေးကနေချော့ပေါ့ ကိုကိုကြီးရ.. "
Chestman ၏စကားကြောင့် စိုင်းလွန်းပန်မှာ ခေါင်းကိုသာကုတ်နေမိတော့သည်။ အိမ်ထဲသို့ရောက်သည်နှင့် Chestman သာမက စစ်သု့ရှင် နှင့် Clayman မှာပင် အိမ်တွင်းအပြင်အဆင်များကိုငေးရင်း ငြိမ်ကျသွားကြသည်အထိ.. ။
Sharman မှာဒုတိယထပ်သို့ဦးတည်ကာ ဦးစွာပထမ သားတို့၏အိပ်ခန်းရှေ့သို့သွား၍ သားငယ်ကိုချပေးလိုက်ခြင်းဖြစ်သည်။ ထိုအခါ စစ်သု့ရှင်မှာလည်း ရုန်းကန်၍ နားဘေးသို့သွားလိုက်ခြင်းဖြစ်ရာ Sharman မှာ စစ်သု့ရှင်၏ခါးမှဆွဲပွေ့၍ ပုခုံးပေါ်သို့ ထမ်းတင်ပစ်လိုက်သည်။
![Sharman [ COMPLETE ]](https://img.wattpad.com/cover/365284302-64-k632194.jpg)