intro

797 68 7
                                    

ထူရှန်းတောင်။ ထူရှန်းတောင်ဆိုတာ မိစ္ဆာတွေအတွက်ပညာသင်ပေးတဲ့ တောင်တခု။ ထိုတောင်‌ေပါ်မှာရှိတဲ့ မိစ္ဆာတွေက ဖြောင့်မတ်မှန်ကန်ကြတယ်။

"ဘုရားရေ ငါ့လို ထူရှန်းတောင်ရဲ့ တပည့်လေးက ဘာလို့ ဒီလိုအပြစ်ပေးခံနေရတာပါလိမ့်"

ကျောက်ယွမ်ကျိုး မိမိဘေးမှ အပြာရောင်ဉလေးကိုကြည့်ကာ ညီးတွားနေခြင်း။ ထိုဉကို အကောင်ပေါက်အောင် တောင်တခုလုံးမှာ ရှိသမျှစာအုပ်တွေအကုန်မွှေနှောက်ရှာကာ ဖတ်ပီးပီဖြစ်သည်။ သို့သော်လည်း ရှာမတွေ့။

အခုတော့ ငှက်ဉလေးကို အနွေးဓာတ်ပေးနေတဲ့ ငှက်အမေကြီးလို ထိုဉလေးကို ရေနွေးထဲစိမ်လိုက်။ ‌ဖက်ထားလိုက်လုပ်ရမည်။ အပြာရောင်ဉလေးကို ဖက်ထားကာ

"မင်းအကောင်ပေါက်လာတဲ့အချိန် ငါ့ကိုကျေးဇူးကန်းရင် ကင်စားပစ်မယ်! ကြားလား!"

ထိုဉဘယ်ကဘယ်လိုရောက်လာလဲ ဆိုရင်ဖြင့်

လွန်ခဲ့သော 3ရက်က
.
.
.
"ဆရာတူအစ်ကို! တောင်းဆိုပါတယ် ကျနော်တို့သွားကြည့်ရအောင်ပါ"

ထူရှန်းတောင်အနောက်ဘက်က စမ်းချောင်းလေးမှာ နှစ်တထောင်နဂါးရှိသည်ဟု ကြားလာသည်မို့ ဆရာတူအစ်ကိုယင်းလိန်အား အပူကပ်နေခြင်း

"ကျောက်ယွမ်ကျိုး! မင်းဟာလေ..ထားလိုက်တော့ သွားတာပေါ့"

သူခမျာ ယင်းလိန်ကိုပင်မစောင့်နိုင်ပဲ တဟုန်ထိုး ပြေးသွားတော့သည်။ စမ်းချောင်းကိုရောက်ရောက်ချင်း ရေတွေနဲ့ ကျောက်တုံးအဖြူရောင်လေးတွေကလွဲပြီးဘာမှမမြင်ရ။ ဘာနဂါးအရိပ်ယောင်မှလည်း မရှိ။

"ကဲ ကျောက်ယွမ်ကျိုး မင်းကြည့်စမ်း ရှိလား? ဘယ်မှာနဂါး!"

"ကျနော်လည်း မသိဘူးလေ"

သူလက်လျှော့ကာ ပြန်မည်‌လုပ်တော့ သူ့မျက်လုံးကို လက်ကနဲ စူးသွားစေတာတခု။ ထိုလက်လက်နဲ့တောက်ပနေတာက ဘာလဲဆိုကာ သွားစပ်စုတော့ အပြာရောင်ဉလေးတဉ။ ကျောက်တုံးအဖြူတွေကြားမှာ ထိုတခုပဲ အပြာရောင်ဖြစ်သည်မို့ ထင်ရှားနေတော့သည်။

ထိုဉလေးအား သွားယူကာ ယင်းလိန်မသိအောင် ဖွက်လာခဲ့သည်။ တောင်ပေါ်ပြန်ရောက်တော့ သူထိုဉလေးကို သေချာကြည့်မိသည်။

The Last DemonWhere stories live. Discover now