ရှောင်ကျော်နဲ့ ယွမ်ကျိုးနှစ်ယောက်သား တစ်ယောက်မျက်နှာတယောက်ကြည့်ကာ
"ပြေး!!"
ကျောက်ယွမ်ကျိုးက ရှောင်ကျော်ရဲ့လက်ကိုဆွဲကာ သူမှတ်မိတဲ့ လမ်းအတိုင်း ပြန်ပြေးတော့သည်။ သူသိသည်က ထိုတောထဲက ထွက်ရင် အနောက်က သတ္တဝါကြီးလက်ထဲတွင် ကိစ္စမပျောက်နိုင်။
"ကျောက်ယွမ်ကျိုး!! အဲ့တာဘာကြီးလဲ!!"
ပြေးနေရသည်ကိုပင် ရှောင်ကျော်က ပါးစပ်လေးမပိတ်ထားနိုင်။ ကျောက်ယွမ်ကျိုးလည်း ပြန်အော်ပြောလိုက်သည်။
"မကောင်းဆိုးဝါးကြီးလေ! မင်းနဲ့ငါဒီထဲက မထွက်နိုင်ရင် အဲ့ဟာကြီး ဗိုက်ထဲရောက်သွားလိမ့်မယ်!"
"အိုက်ယားး ကျောက်ယွမ်ကျိုး ငါမသေချင်သေးဘူးနော်!"
"ကောင်စုတ်လေး အခုတော့ ကြောက်ပီပေါ့!"
သူတို့ပြေးရင်း ပြေးရင်းနဲ့ ထိုတောကို ကာရံထားတဲ့ အတားအဆီးဆီရောက်လာသည်။ ထိုအရာကို တွေ့ကာ ရှောင်ကျော်က ထခုန်မတတ်ပျော်သွားသည်။
"လွတ်ပီ! ကျောက်ယွမ်ကျိုး! ငါတို့လွတ်ပီ!"
ကျောက်ယွမ်ကျိုးကခေါင်းသာညိမ့်ပြနိုင်တော့သည်။ သူတို့ ထိုတောကြီးအလယ်မှ တဟုန်ထိုးပြေးလာကာ တနေရာမှမနားခဲ့ရ။ နားရင်လည်း ကိုယ်ကိုယ်တိုင် အစာဖြစ်သွားနိုင်သည့်မို့ မနားရဲ။ ထိုအတားအဆီးကိုတွေ့ခါမှ ပိုပြီး အရှိန်တင်ပြေးလိုက်သည်။
ဘေးကရှောင်ကျော်ကို မြေပြင်ပေါ်အကျဆိုးမည်စိုး၍ ရင်ခွင်ထဲစွဲထည့်လိုက်ပြီး မြေပြင်ပေါ်ကို သူ့ကျောပြင်နဲ့သာကျစေသည်။ အတားအဆီးအပြင်ဘက်လာချိန်မှာတော့ နှစ်ယောက်သားအထပ်လိုက်ကလေး။
ကျောက်ယွမ်ကျိုးပေါ်မှာ ရှောင်ကျော်ရောက်နေသည်။
သူတို့နှစ်ယောက်ရဲ့ ရင်ဘက်တွေက မြင့်ချည်းနိမ့်ချည်းနဲ့ ဘယ်လောက်မောပန်းနေကြောင်းပြသနေသည်။
သူတို့ထိုနေရာမှာ ထိုပုံစံအတိုင်း လှဲနေခဲ့ကြသည်။
"ရှောင်ကျော်..ဘာဖြစ်သွားသေးလဲ"
YOU ARE READING
The Last Demon
Fantasy"ထူရှန်းတောင်ရဲ့ အနောက်ဘက်စမ်းချောင်းမှ ဉအပြာရောင်လေးတစ်လုံးကို ကောက်ရခဲ့တဲ့ ကျောက်ယွမ်ကျိုး။ သူခမျာ ဉလေးကို အကောင်ပေါက်အောင် နည်းနည်းအမျိုးမျိုးနဲ့ ကြိုးစားရှာသည်။ နောက်ဆုံးဉလေး ပေါက်လာပြီး ထိုဉထဲက အကောင်လေးက လူသားအသွင် ဖြစ်လာချိန်မှာတော့ တာဝန်ကျလ...