သူခေါင်းငုံ့ကာ မှိုင်နေစဉ်။ သူ့မျက်စိရှေ့က ခြေထောက်တစုံကိုတွေ့လိုက်ရသည်။ ထိုအပြာနုရောင်ဝတ်စုံနဲ့ ခြေထောက်လေးကို သူရင်းနှီးသည်။
သူအလန့်တကြား ခြေထောက်လေးပိုင်ရှင်ကိုမော့ကြည့်လိုက်တော့ တကယ်ကိုသူထင်ထားသူပင်။
ရှောင်ကျော်။
"ရှောင်ကျော်!!"
သူရဲ့ခေါင်းထဲဘာမှမရှိတော့။ ရှောင်ကျော်ကို သူ့ရင်ခွင်ထဲထည့်ကာ တင်းကျပ်စွာဖက်ထားမိတော့သည်။သူထင်နေခဲ့တာ ရှောင်ကျော်ကို ဆုံးရှုံးရပီထင်နေခဲ့တာ။ အဲ့တုန်းကလိုမျိုး။
"ကျောက်..ယွမ်ကျိုး..ငါအသက်ရှူကျပ်နေပြီ.."
ထိုအခါမှ သူသတိဝင်လာကာ ရှောင်ကျော်ကို ဖက်ထားရမှလွတ်လိုက်ပြီးနောက် ရှောင်ကျော်ရဲ့ တစ်ကိုယ်လုံးကို ပတ်ကာ ဒဏ်ရာရမရစစ်ဆေးသည်။ ဘာဒဏ်ရာမှမတွေ့တော့မှ သူအသက်ရှုချောင်သွားရသည်။
နေပါအုံး ချန်ဟွမ် ကရှောင်ကျော်ကိုလွှတ်ပေးလိုက်တယ်ပေါ့
"ရှောင်ကျော် မင်းဘယ်လွှတ်လာတာလဲ? ချန်ဟွမ်ရော?"
ရှောင်ကျော်က သူ့ကိုဖြူ"စင်"ပြုံးပြလာသည်။ ပြီးနောက်
"ငါလည်း မသိဘူး အဲ့ဒီချန်ဟွမ် ရုတ်တရက်ငါ့ကိုသူက ပင်းယီလို့ခေါ်တယ်...ယင်းလုံကဘယ်သူလဲ ငါသူ့ကိုမေးဖို့လိုက်သွားတော့ သူကပြေးသွားတယ်"
"ပင်း..ယီ?"
ကျောက်ယွမ်ကျိုး စိတ်လှုပ်ရှားသွားကာ မျက်နှာမှာစိုးရိမ်မှုက ပေါ်လွင်နေတော့သည်။ ထိုသည်ကို ရှောင်ကျော်က သတိထားမိသွားသည်။
"ကျောက်ယွမ်ကျိုး မင်းသူ့ကိုသိလား?"
"မ..မသိဘူး"
သူငြင်းလေတော့ ရှောင်ကျော်က သူ့နောက်က ယင်းလိန်တို့ဆီလျှောက်သွားလိုက်သည်။
"ယင်းလိန်ကော သူက ?"
ဖေစီကျင်းဖက်ထားခဲ့တဲ့ကောင်လေးကို လက်ညိုးထိုးပြကာမေးနေခြင်း။
"သူက ဖေစီဟိန်...ငါတိုနဲ့ ခနလောက်တိုက်ခိုက်ပြီးတော့ သတိလစ်သွားတော့တာပဲ"
YOU ARE READING
The Last Demon
Fantasy"ထူရှန်းတောင်ရဲ့ အနောက်ဘက်စမ်းချောင်းမှ ဉအပြာရောင်လေးတစ်လုံးကို ကောက်ရခဲ့တဲ့ ကျောက်ယွမ်ကျိုး။ သူခမျာ ဉလေးကို အကောင်ပေါက်အောင် နည်းနည်းအမျိုးမျိုးနဲ့ ကြိုးစားရှာသည်။ နောက်ဆုံးဉလေး ပေါက်လာပြီး ထိုဉထဲက အကောင်လေးက လူသားအသွင် ဖြစ်လာချိန်မှာတော့ တာဝန်ကျလ...