နေ့ခင်းအချိန်ဖြစ်တဲ့အတွက် သွားလာလှုပ်ရှားနေတဲ့လူများ။ ဈေးသည်တွေရဲ့အော်ဟစ်ရောင်းသံတွေနဲ့ ကလေးငယ်ငိုသံများ။ ထိုသို့ဆူညံနေသော ထျန်သူးမြို့ဆိုသည့်နေရာကို သူတို့ရောက်ရှိလာကြသည်။
"အခင်းဖြစ်ပွားတာဘယ်နေရာလဲ?"
အခင်းဖြစ်ပွားတဲ့ ခန်းမဆောင်ကြီးထဲမှာ ယင်းလိန်နဲ့ တာဝန်ရှိသူတစ်ယောက်စကားပြောနေကြသည်။
ထိုအချိန်မှာ ရှောင်ကျော်ကတော့ မွှေလို့ကောင်းစဲ။ မြင်မြင်သမျှ ဆံထိုးတွေ။ အမွှေးအိတ်တွေ။ မုန့်တွေကို ဝယ်လို့နေသည်။
ကျောက်ယွမ်ကျိုး တားလည်းမရ။ နောက်ဆုံးတော့ ကျောက်ယွမ်ကျိုး ရှောင်ကျော်အား အတင်းဆွဲခေါ်လာကာ ခန်းမဆောင်ထဲကို ဝင်လိုက်သည်။ ခန်းမဆောင်ထဲရောက်ရောက်ချင်း ရှောင်ကျော်က ရုတ်တရက်ရပ်တန့်သွားကာ သူ့ခေါင်းသူ တချက်ထိန်းလိုက်သည်။ ကျောက်ယွမ်ကျိုး ရှောင်ကျော်ကို စိုးရိမ်စွာမေးလိုက်သည်။
"ဘာဖြစ်လို့လဲ!"
"ကျောက်ယွမ်ကျိုး..ငါထူးဆန်းတာမြင်လိုက်တယ်"
ရှောင်ကျော်ရဲ့ အပြောကြောင့် ကျောက်ယွမ်ကျိုးရဲ့ အာရုံလုံးစုံက ရှောင်ကျော်ပေါ်ကျရောက်လာသည်။
"ဘာမြင်လိုက်တာလဲ?"
ရှောင်ကျော်က ပြောပြဖို့ အားယူနေဟန်။ လက်ကလေးနဲ့ သူ့ဆံပင်သူဆော့ကစားနေကာ။
"မိန်းကလေးတစ်ယောက်.."
ထိုမရှင်းမလင်းအဖြေကြီးကို ကျောက်ယွမ်ကျိုးသဘောမကျ။
"ဘာလဲကွာ ရှောင်ကျော် သေချာစဉ်းစားကြည့်ပါအုံး"
"အာ မိန်းကလေးတစ်ယောက် မြှားကိုကိုင်ထားပြီး အရမ်းဝေးတဲ့နေရာကနေ ကောင်လေးတစ်ယောက်ကို ပစ်လိုက်တယ်..."
ရှောင်ကျော်ပဲ မြင်လိုက်ရပြီး သူ မမြင်လိုက်ရတာဘာကြောင့်လဲ။ မဟုတ်မှ ရှောင်ကျော်က နတ်သားရဲဖြစ်နေလို့လား။
"ဆက်စဉ်းစားကြည့်ပါ နည်းနည်းပဲဖြစ်ဖြစ်"
"အဲ့မိန်းကလေးက အဲ့ကောင်လေးကို မောင်လေးလို့ခေါ်လိုက်တယ်..ပြီးတော့..ပြီးတော့..ငါမသိတော့ဘူး"
YOU ARE READING
The Last Demon
Fantasy"ထူရှန်းတောင်ရဲ့ အနောက်ဘက်စမ်းချောင်းမှ ဉအပြာရောင်လေးတစ်လုံးကို ကောက်ရခဲ့တဲ့ ကျောက်ယွမ်ကျိုး။ သူခမျာ ဉလေးကို အကောင်ပေါက်အောင် နည်းနည်းအမျိုးမျိုးနဲ့ ကြိုးစားရှာသည်။ နောက်ဆုံးဉလေး ပေါက်လာပြီး ထိုဉထဲက အကောင်လေးက လူသားအသွင် ဖြစ်လာချိန်မှာတော့ တာဝန်ကျလ...