မြေပြင်ပေါ်ပစ်ကျသွားတဲ့ လီလွင်ကို အမြန်ထူလိုက်ကာ စိတ်ပူနေတဲ့ ကျော်ယိချန်ကို ကြည့်ရင်း ကျောက်ယွမ်ကျိုး လည်ချောင်းဝက ချဉ်တင်တင်အရသာကိုရလိုက်သည်။
စောနက ရေနွေးကြမ်းမသောက်ခဲ့လို့များလား။
"ခင်များကဘယ်သူလဲ! ဘာလို့ လွင်ကော ကိုထိခိုက်အောင်လုပ်တာလဲ!"
ကျော်ယိချန် သူ့ရှေ့က လူကို မြင်မြင်ချင်း ရင်ဘတ်တနေရာက ထူးဆန်းစွာ လှုပ်ရှားလာခဲ့သည်။ထိုလူရဲ့ မျက်နှာက ဘာစားလို့အဲ့လောက်ချောရတာလဲ။
"ကိုယ်ဘာမှမဖြစ်ဘူး"
လီလွင်တားနေတာတောင် သူ့ကို မျက်စောင်းလှလှလေးထိုးသွားသေးတဲ့ ထိုကလေးက ဘယ်သူ့သူတိုးသားလဲတောင်မသဲကွဲ။ ထိုအတွေးနဲ့အတူ လီလွင်ကို စိတ်တိုလာရသည်။
"ကျောက်ယွမ်ကျိုး....မင်းလာပြီလား?"
"ဟုတ်တယ်..ပိုင်ရှင်အစစ်ကို ပြန်ပေးသင့်ပြီထင်တယ်..."
ကျော်ယိချန်က လီလွင်တို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ကာ မျက်လုံးလေးကလှယ်ကလှယ်ဖြင့်။
.
.
.
.
."လွင်ကော...ငါတို့ အခု ဘာပြောကြမှာလဲ"
အိမ်တော်ထဲက ခုံတန်းလေး။ ကျော်ယိချန်ကို အလယ်၌ထားပြီး သူတို့နှစ်ယောက်က ဘေးဘက်ကနေ အချင်းချင်း စိုက်ကြည့်နေကြသည်။
"ရှောင်ချန်..မင်းက သူ့ရဲ့ သူတိုသားပဲ"
"ဘာကြီး?"
သူတို့သား ဆိုတဲ့စကားကို ကြားတော့ ဝိုင်းစက်သွားတဲ့ ကျော်ယိချန်ရဲ့ မျက်လုံးလေး။ နားလည်မလွယ်တဲ့ ထိုကလေးကို ကျောက်ယွမ်ကျိုးစိတ်မရှည်တော့ပါ။
"လီလွင်ပြောတာက မင်းက ကိုယ့်ရဲ့ သူတို့သား! လာကိုယ်နဲ့လိုက်ခဲ့!"
ခုံတန်းလေးကနေ ထလိုက်ကာ ကျော်ယိချန်လက်တစ်ဖက်ကို ဆွဲလိုက်ပြီး ထွက်သွားဖို့လုပ်လိုက်သည်။ သို့သော် ထိုကလေးက သူသွားတဲ့နောက်ကို ပါမလာပဲ ရပ်တန့်သွားသည်။
အကြောင်းအရင်းက ကျန်လက်တစ်ဖက်ကို လီလွင်က ဆွဲထားခြင်း။ သူတို့နှစ်ယောက်ကြားထဲမှာ ကျော်ယိချန်ရဲ့ ကိုယ်လေးက ညှပ်နေကာ ပျောက်ကွယ်လုဆဲဆဲပင်။
YOU ARE READING
The Last Demon
Fantasy"ထူရှန်းတောင်ရဲ့ အနောက်ဘက်စမ်းချောင်းမှ ဉအပြာရောင်လေးတစ်လုံးကို ကောက်ရခဲ့တဲ့ ကျောက်ယွမ်ကျိုး။ သူခမျာ ဉလေးကို အကောင်ပေါက်အောင် နည်းနည်းအမျိုးမျိုးနဲ့ ကြိုးစားရှာသည်။ နောက်ဆုံးဉလေး ပေါက်လာပြီး ထိုဉထဲက အကောင်လေးက လူသားအသွင် ဖြစ်လာချိန်မှာတော့ တာဝန်ကျလ...