လွန်ခဲ့သော နှစ်2000 ကျော်ခန့်~
ပင်းယီနဲ့ယင်းလုံ။
နတ်သားရဲမျိုးနွယ်က ပင်းယီနဲ့ မိစ္ဆာသားရဲမျိုးနွယ်က ယင်းလုံ။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်သတ်ကြရမဲ့ ကံကြမ္မာနဲ့မွေးဖွားလာသူတွေ။ ဒါပေမယ့် ကံတရားက သူတို့ကိုကျီစယ်ကာဆုံတွေ့စေခဲ့ပြီး အချစ်ဆိုတဲ့ နွံမှာ နှစ်စေခဲ့သည်။
"ယင်းလုံ..ငါတို့ ဘယ်တော့အတူပြန်နေကြမှာလဲ"
ပင်းယီသူ့ရှေ့က ယင်းလုံကိုကြည့်ကာ မေးခွန်းထုတ်လိုက်ခြင်း။ ကံကြမ္မာဟောစာတမ်းကိုကြည့်ပြီးနောက်မှာ ပျောက်သွားတာ တစ်လကြာမှ ပြန်တွေ့ရတဲ့ ယင်းလုံကို သူမေးမိတော့ ယင်းလုံက
"ကိုယ်တို့...မဖြစ်နိုင်လောက်ဘူး အားယီ"
ပင်းယီက ထိုစကားကိုကြားတော့ သူ့ရဲ့ပုခုံးနှစ်ဖက် လှုပ်ခတ်သွားသည်အထိ ရယ်မောလိုက်သည်။ တစ်လတောင်ပျောက်သွားခဲ့ပြီးတော့ အခုမှလာပြီး မဖြစ်နိုင်ဘူး?။
"အားယီ ကိုယ်ပြောပြီးပြီလေ မင်းနဲ့ကိုယ် ရန်သူအဖြစ်မွေးဖွားလာတာ ကံကြမ္မာက သတ်မှတ်ထားပြီးသား"
"ငါမယုံဘူး!! တကယ်လို့ သတ်မှတ်ထားရင်လည်း ငါပြောင်းပြန်လှန်ပစ်မယ်!!"
ပင်းယီရဲ့ ထိုစကားတွေဟာ အပြောချည်းပဲမဟုတ် အလုပ်နဲ့ပါသက်သေပြမည်ဆိုတာ ယင်းလုံသိသည်။ ထို့ကြောင့်လည်း သူထွက်သွားဖို့ရွေးချယ်ခဲ့တာ
"မရဘူး! အားယီ နတ်ဘုရားတွေက အပြစ်ပေးလိမ့်မယ်! မင်းသေသွားနိုင်တယ်!!"
"ငါဂရုမစိုက်ဘူး"
ပင်းယီ ယင်းလုံကို ထားခဲ့ကာ ခန်းမဆောင်ထဲဝင်လာပြီး သူ့ရဲ့ နဖူးထက်က ဂျိုလေးကို သာသာလေးပွတ်သပ်လိုက်သည်။ ကံကြမ္မာကိုပြောင်းလဲဖို့ အတွက် သူ့သေရလည်း ယင်းလုံမသေရင်ရပီ ။
ပင်းယီက ကံကြမ္မာကိုပြောင်းလဲဖို့အတွက် နေရာပေါင်းစုံသွားပြီး နည်းလမ်းပေါင်းစုံကို သုံးခဲ့သည် ဒါပေမယ့်မအောင်မြင်။
သူရှာနေချိန်အတွင်းမှာ တစ်နှစ်တစ်ခါသာ ထွက်ပေါ်တဲ့ သွေးလ ထွက်ပေါ်ချိန်ကို ရောက်ရှိလာခဲ့သည်။ တစ်နည်းပြောရရင် သွေးလဆိုတာကို သူအရမ်းသဘောကျမိသည်။မနှစ်က သွေးလထွက်ပေါ်ပြီးနောက်ရက်မှာ ယင်းလုံနဲ့တွေ့ဆုံခဲ့ရသည်လေ။ ဒီနှစ်ရော သူယင်းလုံနဲ့ ပြန်တွေ့နိုင်ပါ့မလား။
YOU ARE READING
The Last Demon
Fantasy"ထူရှန်းတောင်ရဲ့ အနောက်ဘက်စမ်းချောင်းမှ ဉအပြာရောင်လေးတစ်လုံးကို ကောက်ရခဲ့တဲ့ ကျောက်ယွမ်ကျိုး။ သူခမျာ ဉလေးကို အကောင်ပေါက်အောင် နည်းနည်းအမျိုးမျိုးနဲ့ ကြိုးစားရှာသည်။ နောက်ဆုံးဉလေး ပေါက်လာပြီး ထိုဉထဲက အကောင်လေးက လူသားအသွင် ဖြစ်လာချိန်မှာတော့ တာဝန်ကျလ...