ep 4

491 63 9
                                    

သူတို့ ထိုအိမ်ထဲက စားပွဲလေးဘေးမှာ ထိုင်လိုက်ကြသည်။ ထို့နောက် ဖေစီကျင်းက ရေနွေးကြမ်းတခွက်ကို သောက်လိုက်ပြီး သူမဖြစ်ခဲ့တာတွေပြောဖို့လုပ်လိုက်သည်။

"အဲ့ဒီနေ့က ကျွန်မက ရဲဘော်တွေနဲ့အတူ မြှားပစ်လေ့ကျင့်နေခဲ့တာ။ ကျွန်မရဲ့ မောင်လေးက ရုတ်တရက်ရောက်လာပြီး ရဲဘော်တွေကိုတိုက်ခိုက်တော့တယ်။ ကျွန်မလည်း ဘာလုပ်ရမလဲမသိတော့ပဲ စီဟိန်ကို မြှားနဲ့ပစ်လိုက်မိတယ်။ အဲ့ဒီနေ့က ကျွန်မရဲ့ တွန့်ဆုတ်နေမှုကြောင့် လူ 23ယောက်သေသွားခဲ့တယ်။ အကုန်လုံးကို စီဟိန်သတ်လိုက်တာ။ ပြီးတော့ ကျွန်မရဲ့မြှားက သေချာပေါက် စီဟိန်ကို မှန်သွားပြီး စီဟိန်က ပျောက်ကွယ်သွားတယ်။ ကျွန်မထင်တာက သူသေပြီပေါ့။ ဒါပေမယ့် မနေ့က ညက ကျွန်မသူ့ကိုတွေ့လိုက်တယ်။ သူရဲ့ လက်နဲ့ပါးစပ်မှာသွေးတွေပေနေခဲ့ပြီး ကျွန်မကို ပြုံးပြသွားတယ်"

ရှောင်ကျော်စဉ်းစားနေမိသည်။ ‌သူမရဲ့ပြောပုံအရဆို ဖေစီဟိန်က သေသွားလောက်ပြီ ဒါပေမယ့် သူ့ကို ဘယ်လိုလုပ်မနေ့ကတွေ့လိုက်ရတာလဲ။

ရှောင်ကျော်ထိုသို့စဉ်းစားနေချိန် ကျောက်ယွမ်ကျိုးနဲ့ယင်းလိန်က သူတို့ရဲ့အတွေ့အကြုံအရ အဖြေထုတ်ပြီးနေပြီ။ ဒါကြောင့် သူတို့ရဲ့စကားတွေက တသံထဲထွက်လာခဲ့သည်။

"တစ်ယောက်ယောက်က ထိန်းချုပ်နေတာ"

ဖေစီကျင်းရဲ့ မျက်နှာမှာ အံ့အားသင့်သွားတဲ့ အရိပ်လေး 1စက္ကန့်မျှဖြတ်ပြေးသွားသည်။ ပြီးနောက် သူမဟာ သူမရဲ့ပင်ကိုယ် မျက်နှာသေတွေအတိုင်းပြန်ဖြစ်သွားသည်။ပြီးနောက် ဒေါသအသံနှောစွာမေးလိုက်သည်။

"ဘယ်သူထိန်းချုပ်နေတာလဲ?"

ဒါတော့ သူတို့လည်း အတိအကျမပြောနိုင်သေး ဖြစ်နိုင်တာက

"ဆရာတူအစ်ကို.."

"ယင်းလိန်ပဲခေါ် ယွမ်ကျိုး"

"ယင်းလိန် အဲ့ဒီထိန်းချုပ်နေတဲ့သူက အဲ့ဒီနှစ်တစ်သောင်းမိစ္ဆာ ချန်ဟွမ်ဖြစ်လောက်လား?"

ယင်းလိန်က တွေးဆဆဖြင့် စဉ်းစားနေသည်။ ရှောင်ကျော်နဲ့ ဖေစီကျင်းလည်း ကျောက်ယွမ်ကျိုးတို့စကားကို သေချာနားထောင်နေသည်။ ရှောင်ကျော်က သူ့ရဲ့သိချင်စိတ်ကို‌မထိန်းနိုင်ပဲ ထုတ်မေးလာသည်။

The Last DemonWhere stories live. Discover now