မှောင်မဲပြီးရဲရဲတောက်နေတဲ့ ကောင်းကင်ကြီး။ သွေးလေရဲ့ အရောင်ကြောင့် သွေးရောင်လွှမ်းနေတော့သည်။
လီလွင်ရဲ့အိမ်ခန်းအပြင်မှာ ကောင်လေးတစ်ယောက်အိပ်ပျော်နေခဲ့တယ်။ ထိုကောင်လေးရဲ့ လက်တွေခြေထောက်တွေကို ကြိုးနဲ့ တင်းတင်းချည်ထားသည်။ ခြံဝန်းတံခါးရဲ့ ရှေ့မှာ ကွေး"လေးနဲ့ ထိုကောင်လေးက သနားစဖွယ်။
ခနကြာတော့ ထိုကောင်လေးက လှုပ်ရွလာကာ မျက်လုံးလေးပွင့်လာသည်။
ကျော်ယိချန် သူနိုးနိုးချင်း တစ်နှစ်တခါ တွေ့ရလေ့ရှိတဲ့ သွေးလကို ကြည့်နေမိသည်။ သွေးလပေါ်ထွက်လာချိန်တိုင်း လွင်ကောက သူ့ကိုအိမ်ခန်းအတွင်းရှိဗီရိုထဲမှာ ပုန်းခိုင်းပြီးထားခဲ့တတ်တယ်။ လွင်ကောပြန်လာရင် ဒဏ်ရာတွေအပြည့်နဲ့။ အခုရော လွင်ကော ဘယ်ရောက်သွားပြန်တာလဲ။
အခုမှ သူ့ကိုယ်သူသတိထားမိသည်။ ချည်ခံထားရတဲ့ လက်နဲ့ခြေထောက်။ ဘယ်လိုမှရုန်းလို့ မရ။ ချည်ထားသည်မှာ တင်းကြပ်လွန်းလှ၏။
"လွင်ကော!! မင်းဘယ်မှာလဲ!! ငါ...ငါကြောက်တယ်!"
ဘယ်လိုခေါ်ခေါ် ပြန်ဖြေသံမလာတဲ့ လေထုက လီလွင်ထိုနေရာမှာ မရှိဘူးဆိုတာကို ဖော်ပြနေသည်။ ထိုအတွေးနဲ့အတူ မှောင်မဲနေတဲ့ ထိုနေရာ သူတစ်ယောက်တည်းဆိုတဲ့ အတွေးကပါ ဝင်ရောက်လာသည်။
ရုတ်တရက် ပျက်စီးသွားတဲ့ ခြံဝန်းတံခါးကြောင့် လွင်ကောများလား ဟုမျှော်လင့်လိုက်သော်လည်း မြင်လိုက်ရတဲ့ လူက ကျောက်ယွမ်ကျိုးဖြစ်နေခဲ့သည်။
"ကျောက်ယွမ်ကျိုး! ခင်များ ဘာလာလုပ်တာလဲ!"
ကျောက်ယွမ်ကျိုးကို သူ့နားကို တဖြည်းဖြည်းကပ်လာကာ လည်ပင်းကိုညစ်လိုက်ပြီး လေပေါ်ကို ကိုင်မြောက်ထားခဲ့သည်။
"ကျောက်..ယွမ်ကျိုး..အွတ်!"
ဗိုက်ထဲကို ဝင်ရောက်လာတဲ့ ဓားမြှောင်တို..နာကျင်မှုက အဆုံးမရှိ။ အောင့်တက်လာတဲ့ ရင်ဘက်က အဲ့လူက သူသဘောကျတဲ့သူဖြစ်နေခဲ့လို့များလား။
သတိကင်းမဲ့တော့မယ့်အခြေအနေကိုတောင့်ခံထားရင်း လွင်ကောကို မျှော်နေမိသည်။ လွင်ကောလာမှာပါ။ သူလာကယ်လိမ့်မယ်။
YOU ARE READING
The Last Demon
Fantasy"ထူရှန်းတောင်ရဲ့ အနောက်ဘက်စမ်းချောင်းမှ ဉအပြာရောင်လေးတစ်လုံးကို ကောက်ရခဲ့တဲ့ ကျောက်ယွမ်ကျိုး။ သူခမျာ ဉလေးကို အကောင်ပေါက်အောင် နည်းနည်းအမျိုးမျိုးနဲ့ ကြိုးစားရှာသည်။ နောက်ဆုံးဉလေး ပေါက်လာပြီး ထိုဉထဲက အကောင်လေးက လူသားအသွင် ဖြစ်လာချိန်မှာတော့ တာဝန်ကျလ...