သာယာလှပတဲ့ မနက်ခင်းမှာ ရှောင်ကျော်ကတော့မသာမယာနိုးထလာရပါသည်။ အကြောင်းအရင်းကတော့
ကျောက်ယွမ်ကျိုး သူမျက်လုံးဖွင့်ဖွင့်ချင်း သူနဲ့အတော်နီးကပ်စွာအိပ်နေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူလန့်သွားကာ လုပ်လိုက်မိသည့်တခုတည်းသောအရာက ထိုကောင်လေးကို ကုတင်ပေါ်က ကန်ချလိုက်သည်ပင်။
"အာ့!"
ထိုကောင်လေးက ညည်းသံတချက်ထွက်လာကာ နိုးသွားပုံရသည်။ ပြီးနောက် ထိုကောင်လေးက ရုတ်တရက်ထထိုင်လိုက်ပြီး သူ့ကိုလှည့်ကြည့်လာသည်။ သူလည်းမေးလိုက်သည်။
"မင်းကဘယ်သူလဲ!"
"ငါ.."
ကောင်လေးက သူ့ဆံပင်သူကိုင်ကြည့်ပြီး
"ဒီအမွှေးတွေက တကယ်ကြီးကိုရှည်လာတာပဲ..အယ်! ငါစကားလည်းပြောနိုင်တယ်ပေါ့.."
ကျောက်ယွမ်ကျိုး စဉ်းစားနေမိသည်။ ထိုကောင်လေးက ဘယ်ကရောက်လာသည်လဲ။ ရုတ်တရက် ရှောင်ကျော်ရဲ့ လှောင်အိမ်ကို အကြည့်ရောက်သွားချိန်မှာတော့ ပွင့်ဟနေတဲ့လှောင်အိမ်သာရှိသည်။ ရှောင်ကျော်မရှိ။ ဒါဆို ဒီကောင်လေးက ရှောင်ကျော်?
သူ့အတွေးတွေကို ရုတ်တရက်သူ့ကို စိတ်ဆိုးစွာလည့်ကြည့်လာတဲ့ ထိုကောင်လေးနဖူးပေါ်မှာရှိတဲ့ ဂျိုလေးနှစ်ဖက်က အတည်ပြုပေးလိုက်သည်။ သူကတကယ်ကိုရှောင်ကျော်ပဲ။
ရှောင်ကျော်က ရုတ်တရက်သူ့ဆီပြေးလာကာ
"ငါမင်းကိုစားပစ်မယ်! ရား!!"
ကျောက်ယွမ်ကျိုးတကယ်ကို စိတ်လေသွားရသည်။ ပြေးဝင်လာတဲ့ ရှောင်ကျော်ကို တခြားတဖက်ကို ဆွဲလှည့်လိုက်ကာ ဖက်ပြီးချုပ်ထားလိုက်သည်။
"လွှတ်စမ်း! ငါမင်းစားပစ်မယ်!"
"မဟုတ်သေးပါဘူး မင်းအခုလေးတင် လူပြောင်းလာတာကို ငါ့ကိုစားဖို့စဉ်းစားနေတယ်! ဘယ်လိုတောင် ကျေးဇူးမသိတာလဲ!"
ထိုအခါ သူ့ရင်ခွင်ထဲက ကောင်လေးက ခပ်စွာစွာအသံလေးဖြင့် ရန်ပြန်တွေ့သည်။
"မင်းတောင် ငါ့ကို အိုးထဲထည့်ပြုတ်သေးတာပဲ! ပြီးတော့ နေ့တိုင်း ငါ့ကိုစားမယ်ပဲပြောနေတာ! ငါအခုမင်းကို တကယ်စားပစ်မှာ!"
YOU ARE READING
The Last Demon
Fantasy"ထူရှန်းတောင်ရဲ့ အနောက်ဘက်စမ်းချောင်းမှ ဉအပြာရောင်လေးတစ်လုံးကို ကောက်ရခဲ့တဲ့ ကျောက်ယွမ်ကျိုး။ သူခမျာ ဉလေးကို အကောင်ပေါက်အောင် နည်းနည်းအမျိုးမျိုးနဲ့ ကြိုးစားရှာသည်။ နောက်ဆုံးဉလေး ပေါက်လာပြီး ထိုဉထဲက အကောင်လေးက လူသားအသွင် ဖြစ်လာချိန်မှာတော့ တာဝန်ကျလ...