1.9K 213 7
                                    

ရှောင်းကျန့် မျက်လုံးတွေပွင့်ပွင့်ခြင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လန့်သွားတယ်။

ရိပေါ်က အပေါ်ပိုင်းဗလာဖြစ်နေပြီး သူနိုးတာကိုသတိထားမိတာမို့လှည့်ကြည့်လာတယ်။ ရှောင်းကျန့်လည်းကြောင်ပြီး ကြည့်နေစဉ် ရိပေါ်ကအင်္ကျီကို စွပ်ကာ မှန်ဖက်ပြန်လှည့်ပြီး ကြယ်သီးတပ်နေတယ်။ မနေ့ကကိစ္စတွေ ရှောင်းကျန့် ခေါင်းထဲဝင်လာပြီး ထိုင်ရမလို ထရမလိုဖြစ်နေတာကြောင့်

"ဘာလုပ်နေတာလဲ။ အမူးပြေရင် သွားတော့။"

ရှောင်းကျန့်လည်း မြန်မြန်ပဲ အခန်းထဲကထွက်သွားခဲ့တယ်။ ရိပေါ် သက်ပြင်းချလိုက်မိတယ်။ အရုပ်လိုနေခိုင်းထားတဲ့ လူဆီကတောက်လျှောက်ပြသနာရှာတာခံနေရတယ်။ တစ်ခါတစ်လေတော့လည်း သူ့ဘဝကိုသိပ်ငြီးငွေ့တယ်။ သူ့အဖေဖြစ်စေချင်တဲ့ အတိုင်း လုပ်ခဲ့ရပြီး သူလိုချင်တဲ့ဘဝကိုသူမေ့ထားရတယ်။ သမ္မတဖြစ်ဖို့ကို အဖေဖြစ်သူကအကြမ်းဆုံးနည်းတွေနဲ့လေ့ကျင့်တယ်။ ဘယ်လောက်ထိလဲဆို သူ့မှာ နှလုံးသားမရှိတော့တဲ့အထိပဲ။ အဖေဆုံးတာတောင်ခံစားချက်မရှိဘူး။ တစ်ကယ်တော့ အဖေက သူသမ္မတဖြစ်တာကို မမြင်လိုက်ရဘူး။ ပြန်ပေးသမားတွေလက်ချက်နဲ့သေသွားရတယ်။ ဝမ်ရိပေါ်ကို ညှိနှိုင်းလာတယ်။ အဖေ့ အသက်ကို ယူမလား သမ္မတနေရာကိုယူမလား။

သမ္မနေရာအတွက် ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို မတုန်လှုပ်ဖို့ ပါးကသင်ပေးခဲ့တယ်လေ။ သေချာပေါက် သမ္မတနေရာကိုရွေးခဲ့တာပေါ့။ဒါပေမယ့် သူ့အဖေက နောက်ဆုံးအချိန်မှာ နောင်တတွေရနေခဲ့တယ်။ သူ့အသက်ကို ရွေးပါစေ ဆုတောင်းနေခဲ့တယ်။ ဒါပေမယ့်လည်း ကျောက်တုံးတစ်တုံးလို ပုံစံသွင်းခံထားရတဲ့ ရိပေါ်က မေတ္တာတရားဆိုတာကို မသိတော့ဘူး။ ခံစားနိုင်စွမ်းမရှိတော့ဘူး။

အဖေဆုံးတာနဲ့ rosi ကိုရှောင်လိုက်တော့တယ်။ ဒါလည်းအဖေစီစဉ်ထားတဲ့ကိစ္စ။ အမှန်တိုင်းပြောရရင် အဖေနဲ့ rosi လက်ဝါးချင်းရိုက်ကြတာ။ သူကအရုပ်သာသာပဲ။

__________

ရှောင်းကျန့်တစ်ချိန်လုံးအိမ်မှာ မနေချင်တာနဲ့ ပါးရဲ့အိမ်ကိုလာခဲ့တယ်။ ပါးလည်းအသက်ကြီးနေပြီ။ ပါးကသူ့ကိုမြင်တော့ နောင်တကြီးစွာငိုတယ်။

My President (Completed)Where stories live. Discover now