ညမိုးချုပ်နေပေမဲ့...နာကျင်လွန်းလို့ baek ညည်းတွား နေတဲ့ အသံ က yeol ရင်ကို ဓားနဲ့ မွှန်းနေသလိုပါပဲ....ဒါပေမဲ့ yeol ဒီအချိန်မှာ ဘာမှ မတတ်နိုင်ပါဘူးလေ......baek ကို ဒီတိုင်း ရင်အနာခံပြီး ထိုင်ကြည့်နေရုံ ပဲ တတ်နိုင်တယ်လေ.....အခြေအနေကို တိတိကျကျ သိ ရအောင် yeol ...baek နဲ့ဝေးရာ မှာ ခဏရှောင်နေပြီး မမြင်ကွယ်ရာကနေ အသာ ချောင်းကြည့် နေလိုက်တယ်.....ခဏကြာတော့ ခွေးအူသံတွေ စကြားရတော့တာပါပဲ......
ခွေးအူသံ နဲ့ အတူ အရိပ်မည်းတစ်ခု baek အခန်းထဲ ဝင်သွားတာ yeol အသေချာ မြင်လိုက်တယ်......yeol ရဲ့ ဒေါသတွေ က အထွတ်အထိပ် ကို ရောက်သွားတော့တာပါပဲ.......ဒေါသထွက်လွန်းလို့ yeol ရဲ့ပုံစံ က မိစ္ဆာတစ်ကောင်လိုဖြစ်သွားတယ်.......baek ရဲ့အခန်းထဲ ကို အသာလေး ချောင်းကြည့်လိုက်တော့ ......baek အပေါ်မှာ အုပ်မိုးနေတဲ့ အမဲရောင်သတ္တဝါ.....baek ရဲ့ လည်တိုင်လေးကို သွားစွယ်ချွန်တွေ စိုက်ထည့်ပြီး baek ရဲ့ အသွေးအသားတွေ ကို စုပ်ယူနေတာ baek တစ်ယောက် နုန်းခွေ နေလေပြီ.....သူ့ရဲ့ စုပ်ယူမှုပြီးသွားတဲ့အခါမှာတော့ beak ရဲ့ နှုတ်ခမ်းလေး ကို ငြင်ငြင်သာသာလေားနမ်းရိုက်လိုက်တယ်.....သူ့အပြုအမူ က yeol ကို အတန် ကြာ တွေ ဝေသွားစေတယ်......ကြင်နာမှု အပြည့်နဲ့ နမ်းရှိုက်ပြီးတဲ့အခါကျတော့ baek ရဲ့ မျက်ဝန်းလေးကို စိုက်ကြည့်ပြီး.....// ဒီနေ့ ငါ့မင်းဆီရောက်လာခဲ့တာကို မင်း မေ့ပစ်လိုက်တော့ \\
Baek က သူ ညှို့ယူပြောဆို လိုက်တာကို မငြင်းနိုင် လက်ခံလိုက်ရတယ်.....သူက လှည့်ပြန်မယ်အလုပ်......နောက်က အသင့်စောင့်ဆိုင်းနေတဲ့ yeol က. အဲ့ အမဲ ရောင်သတ္တဝါကို လက်သီ နဲ့ ခပ်ပြင်းပြင်းထိုးလိုက်တယ်.....ရုတ်တရက် အထိုးခံလိုက်ရတော့ မြေပြင်ပေါ်မှာ ပုံရက်သားလဲ ကျသွားတယ်.....yeol က လည်း ဒေါသအရှိန်နဲ့ လဲနေတဲ့ သူ့အပေါ်က နေအုပ်မိုးပြီး သူ့ဝတ်ထားတဲ့ အမဲ ရောင်ခေါင်းစွပ်ကို ဆွဲ ချွတ်လိုက်တော့............
YOU ARE READING
Love VAMPER ( အချစ်ပိုင်းလုံး )
Vampireအကြောင်းအရာ နဲ့ ဇာတ်လမ်းတွေ ထပ်နေပေမဲ့ ဘယ်တော့မှ မရိုး အီတဲ့ vampire သွေးစုပ် drama အချစ် ဇာတ်လမ်းခပ်မိုက်မိုက်လေး ပါ..... အားပေးကြပါနော် chanyeol beak fic ပါ