Soo တော့ အလုပ်ပြုတ်ပြီ ပေါ့....club ကို ဘယ်မျက်နှာနဲ့ သွားရပနော်.... omma က လည်း အလုပ်မသွားရင် တစ်ခုခု ဖြစ်လို့လားဆိုပြီး စိတ်ပူနေမှာ.....အလုပ်မလုပ်ရင် soo တို့ ဘာနဲ့သွားစားကြမလဲ...omma ဆေးကုစရိတ်ကလည်းရှိသေးတယ်..
တင်းတောင်.....တင်းတောင်...
တံခါး bell သံကြား၍ baek အမြန်တံခါးဆီ ပြေးသွားခဲ့သည်...
Soo....
// baek ရဲ့ omma နေမကောင်းဘူးဆိုလို့ အားဆေးတွေနဲ့မုနိ့တွေဝယ်လာတာ \\
Soo လက်ထဲက ဆေးတွေမုန့်တွေတွေ့တော့ baek ဝမ်းသာလိုက်တာ..omma ကို အဲ့လို အာဟာရ ရှိတဲ့ ဆေးတွေ မုန့်တွေ ကျွေးချင်တာ.....
Baek ဝမ်းနည်းနေတာတွေ့တော့ soo က baek လက်ကလေးကို ကိုင်ပြီး...// baek ဒီနေ့ကစပြီး soo ကို ညီမလေးတစ်ယောက်လိုသဘောထားနော်...soo မှာအမေမရှိတော့ဘူး....omma ကို လည်း soo အမေလိုပဲသဘောထားမယ်....soo တို့ညီအမ လုပ်ကြမယ်နော်\\
Soo ကို baek အချိုသာဆုံးပြုံးပြလိုက်သည်...
// ဒါဆို ဒီနေ့ကစပြီး soo က baek တို့မိသားစုဝင်ဖြစ်သွားပြီ...baek ကို unnie လို့ခေါ်မယ်....omma.ရဲ့ဆေးကုစရိတ်ကိုလည်း soo တာဝန်ယူမယ်နော်....soo ကို လက်ခံတယ်မလား\\Soo ကbaek အတွက်တော့ ဘုရားပေးတဲ့လက်ဆောင်ပါပဲ....soo ရဲ့ဘဝကိုလည်း ကယ်ခဲ့တယ်...အခု omma ကို ပါ ကူညီမယ်ဆိုတော့
ထိန်းမထားနိုင်တော့ မျက်ရည်စက်တွေ baek ရဲ့ပါးပြင်ပေါ်တဖြည်းဖြည်းစီးကျ လာပါတော့တယ်
Baek ရဲ့မျက်ရည်တွေကို soo က တယုတယ သုတ်ပေးပါတယ်...// unnie မငိုနဲ့တော့နော်..soo တို့တစ်နေရာ သွားရအောင်နော် \\
ဆူညံ အေးစက်မှုတွေ ပြည့်နေတဲ့ club တစ်ခု....တဏှာတွေပြည့်နေတဲ့ယောက်ျားတွေ ...လိုအပ်ချက်တွေ အပြည့်နဲ့ ကိုယ်ဟန်ပြနေတဲ့မိန်းမတွေ.....baek ကတော့ ဒီနေရာတွေကို ငြီးငွေ့နေတာအမှန်ပါ ....ဒါပေမဲ့ soo ကတော့ပျော်နေပုံပါ.....
Soo က တစ်စုံတစ်ယောက်ကို လိုက်ရှာနေတဲ့ပုံစံပေါ်တာနဲ့ baek လည်း// soo ဘယ်သူ့ကိုရှာနေတာလဲ \\
// unnie ကိုပြစရာရှိလို့\\
Soo ရဲ့အဖြေကို သိပ်ဘဝင်မကျလှပေမဲ့ ...soo သွားရာနောက်ကို baek လိုက်လာလိုက်တယ်.....
//ဟာ...တွေ့ပြီ.... unnie.....ဟိုမှာကြည့် ...အဲဒါsoo ရဲ့မင်းသားလေးလေ\\
Soo လက်ညိုးညွှန်ရာဆီ baek လှမ်းကြည့်လိုက်တော့
OMG......ခေါင်းတွေမူးလိုက်တာ.....အား....
Baek ထိုနေရာမှာပင်လဲကျသွားတယ်.....
Unnie...unnie.....soo ရဲ့ခေါ်သံကို သဲ့သဲ့လေးကြားပေမဲ့ ....baek ရဲ့ အာရုံကတော့အမှောင်ကျသွားခဲ့ပါပြီBaekသတိရလာတော့ baek ဆေးရုံ ရောက်နေပြီးဆိုတာ သတိထားလိုက်မိတယ်....
// unnie.....ဘာဖြစ်သွားတာလဲ ဟင် သက်သာရဲ့လား.. ..\\
Baek ဘာဖြစ်သွားတာလဲ.. ....baek တွေ့လိုက်တဲ့ ဖြူစုပ်စုပ် မင်းသားလေး........လူလား.....နတ်သားလား.....ချောလိုက်တာ.. ...ယောက်ျားပီသတဲ့အရပ်အမောင်း.....ချောမွေ့တဲ့အသားရေ...ပုံမှန်ထက်ပိုကားတဲ့နား......ရင်ခုန်စရာကောင်းလိုက်တဲ့ နှုတ်ခမ်း.. ...baek မျက်လုံး တွေထဲမှာ ဆေးမှင်ထိုးထားသည့်အလား အရှင်းအလင်းမြင်ယောင်နေဆဲ....
ဒါပေမဲ့ သူ့ကို တွေ့လိုက်တဲ့ အချိန်မှာ စိတ်တွေနောက်ကျိလာပြီး မခံမရပ်နိုင်လောက်အောင်မူးဝေလာတာ ဘာလို့လဲ......
Baek ရဲ့ရင်ခုန်သံတွေကို ကြားနေရဆဲ ပါ......
ဘာမှန်းမသိတဲ့ အသိတစ်ခုနဲ့ ဘာမှန်းမသိတဲ့ ခံစားမှု .......
Baek ဘာတွေဖြစ်နေတာလဲTo be continued
90* bow
KAMU SEDANG MEMBACA
Love VAMPER ( အချစ်ပိုင်းလုံး )
Vampirအကြောင်းအရာ နဲ့ ဇာတ်လမ်းတွေ ထပ်နေပေမဲ့ ဘယ်တော့မှ မရိုး အီတဲ့ vampire သွေးစုပ် drama အချစ် ဇာတ်လမ်းခပ်မိုက်မိုက်လေး ပါ..... အားပေးကြပါနော် chanyeol beak fic ပါ