Kai ထွက်သွား တော့ ကျွန်တော့် စိတ်တွေတဖြည်းဖြည်း လေးလံ လာတယ်
...kai..... baek ကို တစ်ခုခု ကြံစည်တော့မှာအသေချာ..ဘာပဲ ဖြစ်ဖြစ် baek အတွက် တော့ yeol တစ်ခုခု လုပ်ပေးရမယ်လေ....baek ကတော့ ကလေးလေးတ စ်ယောက်လို ဘာမှ မသိရှာပဲ အိပ်ပျော်နေဆဲ......baek ရဲ့အိပ်နေပုံလေးကို ကြည့်ပြီး ကျွန်တော် မျက်ရည် တွေ တောင်ကျလာတယ်.....
သူ့ခမျာ နာကျင်မှုတွေ ခါးစီးခံရဦးမယ်ဆိုတာ yeol သိနေတာကိုး.....
ခွေခွေ လေးအိပ်နေတဲ့ baek ဘေးမှာ အသာလေးဝင်ပြီး baek ခါးလေးကို ဖက်ပြီး မှေးနေလိုက်တယ်.....yeol အတွက် baek နဲ့နေခွင့်ရတော့မဲ့အချိန်က ဘယ်လောက်ပဲ ရှိတော့တယ်ဆိုတာ မသေချာတော့ဘူးလေ........သူမကို တတ်နိုင်သလောက်တင်းတင်းလေးဖက်ထားလိုက်တယ်......ဒါပေမဲ့ သူမကတော့မနိုး.....ခန္ဒာကိုယ် ထဲ ကထုတ်ယူခံ ထားရတဲ့သွေးတွေ အတွက် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတယ်......ကျွန်တော့် ခန္ဒာကိုယ်မှ သွေးအနည်းငယ်ကို baek ကို အနည်းငယ် တိုက်ကျွေးလိုက်တယ်.....မြန်မြန် ပြန်နေကောင်းလာဖို့ပေါ့...သူမကို ဖက်ထားရင်း မနက်ဖြန် ဘာလုပ်ရမလဲ ကို လည်း မနားတမ်း တွေးနေမိတယ်......ကျွန်တော် နာကျင်ရမယ်ဆိုရင်တောင် baek လုံခြုံ ဘေးကင်းစေဖို့ ကျွန်တော် စဉ်းစားရမယ်.....baek နဲ့ကျွန်တော်နဲ့တူတူ ထပ်ရှိနေရင် baek အတွက် အန္တာယ်ရယ် ကလွဲလို့ တခြားဘာမှ မရနိုင်....နေမင်းကြီး နဲ့အတူ baek တစ်ယောက်ရွှင်ရွှင်လန်းလန်းနိုးထလာတယ်.....ပြည့်ဖောင်းနေတဲ့မျက်နှာလေးနဲ့ အားအင်အပြည့်နိုးထလာလိုက်တာ.....ကျွန်တော် ကတော့ baek ဘေးမှာ အိပ်ချင်ယောင်ဆောင်ဆဲ......baek ကကျွန်တော့်မျက်နှာလေးကို ပြုံးပြီးကြည့်နေမယ်ဆိုတာ ကျွန်တော်မကြည့်ပေမဲ့မြင်နေရတယ်လေ.......သိပ်မကြာလိုက်ပါဘူး....နွေးထွေးတဲ့အနမ်းတစ်ပွင့်ကျွန်တော့်ပါးပြင်ပေါ်ကျရောက်လာတယ်.......ကျွန်တော် ဝမ်းနည်းလိုက်တာ.......baek နားကဘယ်လို ပုံစံမျိုးနဲ့ထွက်သွားရက်ပမလဲနော်......ကျွန်တော် baek ကို သိပ်ချစ်တယ်.....ဆက်ပြီးအိပ်ချင်ယောင်ဆောင်မထားနိုင်တော့တာနဲ့... beak ကို လည်ပင်းလေးကနေသိုင်းဖက်ပြီးပက်လက်အနေအထားလေး ကျွန်တော့်ရင်ဘတ်တွေ အောက်ရောက်သွားအောင်ဆွဲလှည့်လိုက်တယ်.......baek ကတော့အပြုံးမပျက်........
YOU ARE READING
Love VAMPER ( အချစ်ပိုင်းလုံး )
Vampireအကြောင်းအရာ နဲ့ ဇာတ်လမ်းတွေ ထပ်နေပေမဲ့ ဘယ်တော့မှ မရိုး အီတဲ့ vampire သွေးစုပ် drama အချစ် ဇာတ်လမ်းခပ်မိုက်မိုက်လေး ပါ..... အားပေးကြပါနော် chanyeol beak fic ပါ