part 1 (i m monster)

3.9K 267 1
                                    

အား...အား....အား...

သွေး ....​သွေး....​သွေး....

ငါ ​သွေးအနံ့​တွေ ရ​နေတာပဲ.....အာ.... ငါ...ငါ....ထိန်းလို့မရ​တော့ ဘူး..... ခံတွင်းထဲ က သွားဖုံး​တွေ ထဲ မှာ တစ်​ခုခု ဖုထစ်​ လာသလိုပဲ....
အာ.... မရ​တော့ဘူး...

ဟန်​မ​ဆောင်​နိုင်​​တော့တဲ့အဆုံး ကျွန်​​တော် အတန်း အပြင်​ဘက်​ကို ထွက်​လာခဲ့လိုက်​တယ်​....ခွင့်​ပြု ချက်​ မရဘဲ ကျွန်​​တော်ဲ ထွက်​လာခဲ့လို့ ဆရာက ကျွန်​​တော် ကို ​အော်​ဆူ​နေတယ်​...ဒါ​ပေမ ကျွန်​​တော်ဲ့ ဆက်​​နေရင်​ အားလုံးထိခိုက်​သွား​တော့မှာ​လေ...... ကျွန်​​တော် ရဲ့စိတ်​​တွေ က ကျွန်​​တော် ကို ​နေရာတစ်​ခုကိုဆွဲ​ဆောင်​​နေတယ်​...ကိုယ့်​ကို ကိုယ်​ထိန်းချုပ်​မနိုင်​ ​လောက်​​အောင်​ စိတ်​​တွေ က ကျွန်​​တော် ကို ဆွဲ​ခေါ်သွားခဲ့တယ်​......
ကျွန်​​တော် ရဲ့ သွား​တွေ ထဲ က​နေ သွားစွယ်​နှစ်​​ချောင်း ​ခေါပြီးထွက်​လာခဲ့တယ်​....အစွယ်​​တွေ ထွက်​လာတာနဲ့အမျှ ကျွန်​​တော် ရဲ့ မျက်​နှာမှာ ​သွေး​ကြောစိမ်း​တွေ ထကြွလာခဲ့တယ်​...မျက်​လုံးအိမ်​တစ်​ခုလုံး အနီ​ရောင်​ သို့ ရုပ်​ချည်း​ပြောင်းလဲသွားတယ်​.....လက်​သည်း​တွေ ကလည်း သားရဲ တိရစ္ဆန်​တစ်​​ကောု​လို ချွန်​ထက်​ ရှည်​​မျောလာခဲ့တယ်​......

ကျွန်​​တော် ရဲ့ စိတ်​က ​သွေးကို ဆာ​လောင်​မွတ်​သိပ်​​တောင့်​တလာတယ်​...ကျွန်​​တော့်​ မျက်​လုံး ထဲ မြင်​​ယောင်​​နေတာက​တော့ ​သွေး​တွေထွက်​​နေတဲ့ လက်​ကို ​​ရေ​ဆေး​နေတဲ့ က​လေးတစ်​​ယောက်​ ....က​လေးက ၁၀ နှစ်​သာသာပဲ ရှိမယ်​ထင်​တယ်​.... ​ဘောလုံး ကွင်းမှာ ​ဆော့ရင်း ​ချော်​ကျသွားပုံပဲ ...ဒါ​ပေမဲ့ ကျွန်​​တော်​ မြင်​တာ သူ့လက်​​သွေး​တွေ...မရ​တော့ဘူး ကျွန်​​တော်​မရ​တော့ဘူး.....

က​လေးက ကျွန်​​တော့်​ လက်​ထဲမှာ ဖြူ ​ရော်​ ပြီး နုံး​ခွေကျ​နေပြီ...ဒါ​ပေမဲ့ ကျွန်​​တော်​ ရဲ့ဆာ​လောင်​မှု က ရပ်​တန့်​မသွား​သေးပါဘူး....ကျွန်​​တော်​ အားကုန်​သုံးပြီး တရှိုက်​တည်း ​သွေး​ကြောထဲ က​သွေး​တွေ ကုန်​သွား​အောင်​ စုပ်​ပစ်​လိုက်​တယ်​....ကျွန့်​​တော့်​ လက်​ထဲမှာ က​လေး​လေး ငြိမ်​သက်​​နေခဲ့ပါပြီ.....

ကျွန်​​တော့်​ ရဲ့ ရိုင်းစိုင်းတဲ့ စိတ်​က ဆာ​လောင်​မွတ်​သိပ်​မှု​ပြေ​ပျောက်​သွားတဲ့အခါ....အရာအားလုံးပုံမှန်​ပြန်​ဖြစ်​သွားတယ်​....ဒါ​ပေမဲ့ ကျွန့်​​တော့်​ လက်​ထဲ ကက​လေးရဲ့ နှလုံးသား က​တော့ငြိမ်​သက်​သွားခဲ့ပြီ​ပေါ့...ကျွန်​​တော်​လူသတ်​မိလိုက်​ပြန်​ပြီ.....
ကျွန်​​တော်​မသိလိုက်​တဲ့ ကျွန်​​တော့်​ရဲ့ monster စိတ်​ရိုင်းက လူထပ်​သတ်​လိုက်​ပြန်​ပြီ.....ကျွန်​​တော်​က မ​ကောင်းဆိုးဝါးတစ်​​ကောင်​ပဲ....​သွေး​အေးလူသတ်​​ကောင်​ပဲ....လုမမယ်​ က​လေးတစ်​​ယောက်​ ကျွန်​​တော့်​​ကြောင့်​​သေဆုံးသွားခဲ့ပြီ.....ကျွန်​​တော့်​ရဲ့ မျက်​ရည်​​တွေက က​လေး​လေးရဲ့ အသက်​ကိုပြန်​ရှင်​​အောင်​မလုပ်​နိုင်​တာ​တော့အမှန်​ပါ

နေ့တိုင်းလူသတ်​မိမလားဆိုတဲ့စိတ်​နဲ့ရှင်​သန်​​နေရတဲ့ ကျွန်​​တော်​ yeol တစ်​သက်​သုံးမကုန်​တဲ့ စည်းစိမ်​​​တွေ ကြားမှာ တစ်​ရက်​မှမ​ပျော်​နိုင်​တာအမှန်​ပါ

Love VAMPER ( အချစ်​ပိုင်းလုံး )Donde viven las historias. Descúbrelo ahora