အခန်း - ၂၇
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻"မေမေ မီးပုံ့တို့ခေါက်ဆွဲကြော်ဆိုင်ဖွင့်မှာဆိုဟုတ်လားမေမေ"
"ဟုတ်တယ်သမီးရဲ့ မေမေတို့စာချုပ် ချုပ်ပြီးရင်မကြာတော့ဘူးဖွင့်တော့မှာ"
"အဲ့အလုပ်ကရော ပင်ပန်းမှာလားမေမေ"
"အို...မပင်ပန်းပါဘူးသမီးရဲ့"
သမီးဆီမှ သက်ပြင်းချသံကြားလိုက်ရသည်။
"ဘာဖြစ်လို့လဲသမီး မေမေပင်ပန်းမှာကြောက်လို့လား"
"မေမေကိုက်ခဲပျောက်ဆေးတွေ ထပ်သောက်ရမှာဆိုးလို့ပါ"
"သမီးရယ်....."
သိတတ်လှသည့်သမီးလေးဟာ ပမာ့အတွက်တွေးပေးပြီး စိတ်မကောင်းဖြစ်နေဟန်ရသည်။ သမီးအရွယ်လေးဟာ အကုန်သိတတ်နေပြီဖြစ်၍ အလုပ်မပင်ပန်းဘူးဟုလိမ်ညာထားသည်ဟာ အလုပ်မဖြစ်ခဲ့ဘူးနှင့်တူသည်။
"မေမေလဲ မီးပုံ့လိုအလုပ်မလုပ်ပဲ နေလို့ရရင်ကောင်းမှာနော်..."
"မေမေက လူကြီးလေသမီးရဲ့ လူကြီးတွေဆိုတာ အလုပ်လုပ်ရတယ် ပြီးရင် ပိုက်ဆံလဲရှာရတယ်"
"ဦးဦးကရောမေမေ ဦးဦးလဲလူကြီးပဲလေ အလုပ်လုပ်တာလဲတစ်ခါမှမတွေ့ဘူး....အိမ်မှာပဲ နေနေတာ မီးပုံ့တို့ကလေးလောက်တောင်အလုပ်မများဘူး မီးပုံ့တို့က ကျောင်းလဲသွားရသေးတယ်၊ ကစားရသေးတယ်၊ ဦးဦးကျတော့ ဘာမှကိုမလုပ်ရတာ အိပ်တယ်၊ စားတယ် မီးပုံ့ကို စ တယ်...အလုပ်ကိုမလုပ်တာနော်မေမေ"
"မေမေတို့မသိတဲ့အလုပ်ရှိလို့နေမှာ... မေမေပြောပြမယ် လူဆိုတာ သူများနဲ့လိုက်ပြီးမယှဉ်ရဘူးသမီးရဲ့....အပြိုင်အဆိုင်ရှိမှ အောင်မြင်တယ်ဆိုတဲ့စကားတော့ရှိတာပေါ့ ဒါပေမယ့်မေမေတော့ အဲ့စကားအတိုင်း ရှေ့ဆက်မသွားဘူး"
"ဟုတ်"
"မေမေက မေမေ့စိတ်ဆန္ဒအတိုင်းပဲ သွားတယ် ဘယ်အလုပ်ဖြစ်ဖြစ် မေမေပျော်ရင်ရပြီ...."
သမီးပါးလေးကို ဆွဲဖိလိုက်ပြီး....။
"မေမေ့ဘေးမှာ သမီးလေးရှိရုံနဲ့ မေမေက ပျော်ပြီးသားလေ...စိတ်အပင်ပန်းခံပြီး သူများနဲ့မပြိုင်ချင်ပါဘူး..."

YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(ongoing)
Romanceပမာ့အချစ်တွေအားလုံး သမီးလေးကိုပေးထားပြီးသားပါ ပမာ့မှာ ပိုလျှံနေတဲ့အချစ်ဆိုတာမရှိတော့ဘူး ကိုထက် ပုံပမာ အကိုကရော ပမာ့ဆီက အချစ်ကိုတောင်းခံမိသလားပမာရယ်...ပမာတို့သားမိနှစ်ယောက်လုံးက်ို အကိုကပဲအချစ်တွေပေးပြီး ချစ်ပေးပါ့မယ် ဒါ့အတွက်ပမာပြန်ပြီး...