Prologue
အတန်ငယ်ကျယ်သော တစ်ယောက်စာ အသက်အိပ်ခန်လေးထဲရှူသံတို့က ပြည့်နှက်လျက်၊ ခပ်တိုးတိုး ရေရွတ်သံကလည်း ပိုစတာ၊ ဓာတ်ပုံ၊ sticker တွေနဲ့ပြည့်နေတဲ့ နံရံတွေကို ပဲ့တင်ရိုက်ခတ်နေသည်။ အခန်းထဲရှိ တစ်ခုတည်းသော အိပ်ရာနားက ရေရွတ်သံတွေကလည်း ထပ်တလဲလဲနဲ့ မပြီးမဆုံးနိုင်တော့။
"Andwe... Andwe. မဖြစ်ဘူး။ မဖြစ်ဘူး။ မနမ်းနဲ့... မလုပ်ပါနဲ့။ မလုပ်နဲ့နော်။"
ခပ်ဩဩအသံလေးက အဆက်မပြတ် ထွက်ပေါ်နေသည်။ အသံထွက်ပေါ်လာရာနေရာက အိပ်ရာလေးပေါ်က ဖြစ်သည်။
"မဖြစ်သင့်ဘူး။ မလုပ်... မလုပ်သင့်.. အား!!!"
ကောင်လေးတစ်ယောက်ရဲ့ အော်သံအကျယ်ကြီးက အခန်းထဲ ပြည့်လျှံသွားသည်။
အော်သံကြားတာနဲ့ အပြင်ဘက်က လှေကားထစ်ပေါ် အမြန်ပြေးတက်လာတဲ့ အသံတွေကို ကြားရသည်။ နောက်တော့ အိပ်ခန်းတံခါးပွင့်သွားတဲ့ အသံနှင့်အတူ ကောင်မလေးတစ်ယောက်က အခန်းထဲ ခေါင်းပြူလာလေသည်။
"Chan Yeol... Wae? ဘာဖြစ်တာလဲဟယ်... အလန့်တကြားနဲ့။"
အသံချိုချိုကိုကြားတော့ အိပ်ရာပေါ်မှာ တင်ပလ္လင်ခွေထိုင်ရင်း Laptop ကို ပေါင်ပေါ်တင်ထားတဲ့ ကောင်လေးက အခန်းတံခါးဆီ လှမ်းကြည့်သည်။ ခွေခွေလိမ်လိမ် ဆံပင်တို့က ရှုပ်ဖွထားသလို ပွရွလျက်၊ သူ့ရဲ့ နားကြပ်အပြာရောင်လေးက လည်ပင်းမှာ တွဲလွဲခိုကာ ကောင်လေးရဲ့ မေးစေ့တစ်လျှောက်ကျလာတဲ့ မျက်ရည်စက်တွေကို မော့ကြည့်နေလေသည်။ ကောင်လေးက သူ့အစ်မကိုကြည့်ပြီးတဲ့နောက် မျက်မှန်ကိုချွတ်ကာ ဘေးနားမှာချထားတဲ့ တစ်ရှုးဘူးကို ကောက်ကိုင်ရင်း ပြန်ငိုတော့သည်။
"အား...! မဖြစ်သင့်ဘူး။ ဒါလက်မခံသင့်တဲ့အရာပဲ... Waaaa..."
ရှေ့ခုနှစ်အိမ် နောက်ခုနှစ်အိမ်ကို သူငိုတာသိအောင် ကြေညာနေသလား မှတ်ရသော မောင်တော်ဘုရားကို ကြည့်ကာ Park Yura တစ်ယောက် ဦးနှောက်စားသွားရသည်။ နံရံပေါ်က မျက်နှာတွေ၊ ကိုယ်လုံးပေါ်ပိုစတာတွေကို ကြည့်ကာ ရွံ့တွန့်တွန့်နဲ့ပဲ အခန်းထဲခြေချလိုက်ရသည်။ ဘယ့်နှယ် နံရံပေါ်ကနေ စိုက်ကြည့်နေတဲ့ မျက်လုံးပေါင်းစုံကြား ကျောမလုံလိုက်တာ...
ŞİMDİ OKUDUĞUN
Just A Fanboy [KaiYeol/ChanKai] MYANMAR
Hayran Kurgu""Description: A story between an idol and his fan-boy. Disclaimer: I don't own this story. Translated with permission. Original author: PCYeolwaysLovesKKai"" ~••••••~ When some of a fan boy's dreams come true... Note: ဒါ translation မဟုတ်ပါဘူး :')...