Part1

1.3K 95 1
                                    

ဂျိုစွန်းခေတ်သာယာလှပလှသော နန်းတော်ကြီးတွင် ၁၀နှစ်အရွယ်ရှိသော ဘုရင့်သားတော်လေး Kim Junmyeon သည် သူ၏ အချစ်ဆုံးသူငယ်ချင်းများဖြစ်သော စစ်သူကြီး၏ သား Byun Baekhyun နှင့် အမတ်ကြီး၏ သမီး Do Soo တို့နှင့်ပျှော်ရွှင်စွာ ကစားနေကြသည်။ မွေးချင်း မောင်နှမများမရှိသဖြင့် သူ၏ သူငယ်ချင်းများကို အလွန်ပင်ခင်မင်တွယ်တာ၏။
ဘုရင့်သားတော်လေးသည် စိတ်ထားအလွန်မြင့်မြတ်ပြီး သူ၏ သူငယ်ချင်းများကို သူနှင့်တန်းတူသာ ဆက်ဆံ၏။Byun Baekhyun မှာ ဘုရင့်သားတော်လေးနှင့် ရွယ်တူပင်ဖြစ်ပြီး Do Soo မှာမူ ၈နှစ်အရွယ်သာရှိသေးသည်။

Soo:ဟယ်ဟိုမှာ လိပ်ပြာလေးတွေ အရမ်းလှတာပဲ...အကိုတော် Sooကို ဖမ်းပေးပါလားဟင်
Baek: ဘယ်မှာလဲ ငါဖမ်းပေးမယ် ဘယ်နှကောင် ယူမလဲသာပြော နင်လိုချင်သလောက်ဖမ်းပေးမယ် လာထား
Jun: Soo နင်လိပ်ပြာလေးတွေကို တကယ်ပဲ ဖမ်းချင်တာလား လိပ်ပြာလေးတွေသနားပါတယ်ဟာ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ပျံသန်းကြပါစေ နင်လိပ်ပြာလေးတွေကို ဖမ်းလိုက်ရင် သူတို့ဘယ်ပျော်ရွှင်နိုင်ပါတော့မလဲ ပြီးတော့ သူတို့ကို ဖမ်းတဲ့ ကောင်မလေးဆိုပြီး နင့်ကို မုန်းကြမှာပေါ့ Soo ရဲ့
Soo: လိပ်ပြာလေးတွေက Soo ကို တကယ် မုန်းမှာလား အကိုတော်
Jun: မုန်းမှာပေါ့ဟ
Soo:အာ့ဆို Soo လိပ်ပြာလေးတွေကို မယူချင်တော့ဘူး ဒီတိုင်းပဲ သူတို့ပဲ သူတို့ပျံနေတာကို ကြည့်တော့မယ် Soo လည်းသူတို့လိုမျိုး အတောင်ပံလေးတေ ရှိချင်လိုက်တာ အဲဒါမှ သူတို့လို အမြင့်ကြီးပျံနိုင်မှာ
Soo ကလေးပီပီ အပြစ်ကင်းစွာ ပြုံးပြီး လိပ်ပြာလေးတွေကို ကြည့်နေသည်
Junmyeon လည်း သူပြောပြလိုက်သောစကားလေးကို Soo နားထောင်၍ အရမ်းကို ကြေနပ်နေသည်
မကျေနပ်နိုင်သောသူမှာ Baekhyun ပင်ဖြစ်သည်
Baek:ဟဲ့Soo ငါက ဘာလုပ်ရမှာလဲ နင်ယူမှာလား မယူဘူးလား နင်မယူလဲ ငါ အတင်းဖမ်းပေးမှာပဲ
Soo:ဟင့်အင်း Soo မယူချင်တော့ဘူး Soo တို့မျက်စိမှိတ်တမ်း ကစားရအောင်လေ အရမ်းပျှော်ဖို့ကောင်းတယ် နော်နော်လို့ဆို
Jun:ဟုတ်တယ်စော့ရအောင် Baek မင်းအရင်လိုက်
Baek:ပြီးတာပဲ

ဒီလိုနှင့် ၈နှစ် ကာလပင်ကြာမြင့်ခဲ့ပြီ
၈နှစ်ဆိုသော ကာလသည် သူတို့ကို အများကြီး ရင့်ကျက်လာစေခဲ့သလို သူတို့ ရင်တွင်းမှ နှလုံးသားခံစားချက်များကို အရောင်တွေပြောင်းလဲလာစေခဲ့သည်။

မင်းကြီး: သားတော်လေးကို ဖခမည်းတော်က ဂုဏ်ပြု ချီးကျူးချင်လို့ ခေါ်လိုက်တာ
နန်းတွင်းမှုးမတ်တွေက သားတော်လေးက အလွန် နှလုံးရည်အလွန်ထက်မြတ်ချက်ချာပြီး လက်ရုံးရည်မှာလည်း အလွန်ထူးချွန်တယ်လို့ လျှောက်ထားကြတယ်။ အိမ်ရှေ့စံရာထူးနဲ့ ပင်ထိုက်တန်ပြီလို့ အကြံပေးကြတယ်။ သားတော်လေးအတွက် ဖခမည်းတော် အလွန် ဂုဏ်ယူပါတယ်။သားတော်လေး ၁၈ နှစ်ပြည့်မွေးနေ့မှာ အိမ်ရှေ့စံ အပ်နှင်းပွဲပါ တစ်ခါတည်းကျင်းပတော်မူရမယ်။ ဖခမည်းတော် နတ်ရွာစံရင် သားတော်လေးပဲ ဒီတိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ရမှာနော်။
သားတော်လေးကို ဖခမည်းတော် စိတ်ချပါတယ်။ သားတော်လေးက ဘာမှပြောစရာ မရှိအောင်ကို ပြည့်စုံနေပါပြီ။ ဖခမည်းတော် ကျေနပ်တယ်သားတော်လေးရေ။
Junmyeon: မပြည့်စုံသေးပါဘူး ဖခမည်းတော်ရဲ့ တစ်ခုလိုနေသေးတယ်
မင်းကြီး: ဘာတုန်း သားတော်လေးရဲ့
Junmyeon:ကြင်ရာပေါ့ ဖခမည်းတော်ရဲ့ ကြင်ရာ ကြင်ရာ ဟီးဟီး
မင်းကြီး:မင်းက မေတ္တာရှိနေတဲ့သူရှိနေပြီလား သားတော်ရဲ့ ခမည်းတော်ကို လျှောက်လေ ခမည်းတော် စေ့စပ်ပေးမယ်နန်းတွင်းထဲကပဲလား
Junmyeon: အဲ့လိုလဲ မဟုတ်သေးဘူး ဖခမည်းတော်ရဲ့ သားတော်ကသာ မေတ္တာရှိနေတာ သူ့ကို သားတော်ဘာမှ မပြောရသေးဘူး သားတို့ချင်းအစဉ်ပြေမှ ဖခမည်းတော်ကို လျှောက်ထားပါ့မယ် သားတော်ကို့အားကိုကိုးပြီး ကြိုးစားချင်လို့ပါ
မင်းကြီး:ဟားဟားဟား ကောင်းပါပြီ ကွာ ကောင်းပါပြီ ငါ့သားတော်လို့မပြောရဘူး ငါနဲ့ တထေရာတည်းပဲ ဟားဟားဟား

The Curse of HateWhere stories live. Discover now