Part 5

476 61 3
                                    

Baek: Soo နင်ဒီနေ့အားလား ငါတို့တူတူလျှောက်လည်ကြရအောင် တစ်နေကုန်

Soo: မယ်မယ် ခိုင်းထားတဲ့ အလုပ်တွေရှိသေးတယ် အကိုတော်ရဲ့ မဖြစ်ဘူးထင်တယ်

Baek: ဟာ လာလို့မဖြစ်ရမှာလဲ ပဲကိုများတယ် Soo မ လာ ငါနဲ့သာလိုက်ခဲ့ နင်ပျော်သွားစေရမယ်
Baek Soo ပခုံးကို အတင်းစွဲဖက်ပြီး ခေါ်သွားတော့ Soo ကြောင်တောင်တောင်နဲ့ ပါသွားရော

Soo: ဖြည်းဖြည်းလုပ်ပါ အကိုတော်ရယ် Soo လိုက်ပါ့မယ်

Baek:ဒီလိုမှပေါ့ Soo ရဲ့ ငါမကြာခင် နန်းတွင်းမှာ စစ်မှုထမ်းရတော့မှာဟ အဲဒီကျရင် နင်နဲ့တွေ့ရမယ့် အချိန်နည်းသွားပြီ အဲဒါကြောင့် ဒီနေ့ အဝကဲကြမယ် ဘယ်လိုလဲ

Soo: Soo လည်းလျှောက်မလည်ရတာတော်တော်ကြာပြီ
Soo တို့ ဘယ်ကိုသွားကြမလဲ

Baek: အင်း... ပထမဆုံး ငါတို့ မြို့ထဲမှာ မုန့်တွေစားပြီး ဈေးပတ်ကြမယ် ပြီးရင်တောထဲက ရေတံခွန်မှာ ရေသွားကူးကြမယ် ဘယ်လိုလဲ

Soo:ဟေး... ပျော်စရာကြီး Soo ကြိုက်တာတွေ အကုန် ဝယ်ကျွေးရမယ်နော် အကိုတော်

Baek: အေးပါဟ တစ်ဈေးလုံးကို ဝယ်ကျွေးမှာ

Baek နဲ့ Soo မြို့ဈေးထဲတွင် လျှောက်လည်ကြသည် Baek Soo ၏ လက်ကလေးကို စုပ်ကိုင်ထားချင်မိသည် သို့သော် သူ့ကို အသားယူတဲ့ သူတစ်ယောက် လို့ Soo ထင်မှာစိုး၍ သူရဲ့ ခံစားချက်များကို အသည်းအသန်ပင် ချုပ်တီးနေရ၏

Baek နဲ့ Soo မြို့ထဲမှာ ပြတဲ့ မျက်လှည့်ပွဲလေးကိုလဲ ဝင်ကြည့်ကြတယ်ရုပ်သေးပွဲလဲ ဝင်ကြည့်တယ် မုန့်တွေလည်းတစ်ဝကြီး ဝယ်စားကြတယ် Soo အရမ်းတက်ကြပြီး ပျော်ရွှင်နေတယ် ပြုံးပျော်နေတဲ့ Soo မျက်နှာလေးကို Baek တစ်ယောက်ကြည့်၍ မဝ ဖြစ်နေသည် Soo မမြင်အောင် ခိုးခိုးကြည့်ရသည်ကအမော

Baek pov: Soo ရယ် မင်းမျက်နှာလေးက အပြစ်ကင်းစင်လိုက်တာဟာမင်းရယ်နေရင် လေ ကမ္ဘာကြီးတစ်ခုလုံးက ပြည့်စုံနေသလိုပဲ မင်းမျက်နှာပေါ်မှာ အချိုသာဆုံး အပြုံးလေးတွေအမြဲရှိနေအောင် ငါတစ်သက်လုံး နင့်ကိုစောင့်ရှောက်သွားချင်တယ် Soo ရယ်

The Curse of HateWhere stories live. Discover now