Part 7

455 63 2
                                    

Baek မည်သို့မျှ မခံစား နိုင်တော့၍ နေရာမှ လှည့်ထွက်ခဲ့၏..........................................

Jumyeon: Soo နဲ့ အခုလို တူတူရှိနေတဲ့ အချိန်တွေဆို အကိုတော် အရမ်းပျော်တာပဲသိလား ဟိုလေ အကိုတော်နဲ့ Soo မနက်ဖြန် မြို့ထဲက ညဈေးတန်းလေးမှာလျှောက်လည်ကြရအောင်
အကိုတော်ကိုစောင့်နေပေးပါလား အကိုတော်မရောက်ရောက်အောင် လာခဲ့မယ်

Soo: ဖြစ်ပါ့မလား အကိုတော်ရဲ့ အကိုတော် နန်းတွင်းကနေထွက်ဖို့ လွယ်ပါ့မလား

Junmyeon: ဘာလို့ မဖြစ်ရမှာလဲ Soo ကို အကိုတော်က တစ်နေ့မတွေ့ရရင်ကို မနေနိုင်ဘူး ဒီက ကောင်မလေး အတွက်ဆိုရင်လေ အကိုတော် ဘာမဆို စွန့်စားရဲတယ် သိရဲ့လား

Junmyeon Soo ရဲ့ မေးဖျားလေးကို ကိုင်ပြီးပြောလိုက်သည်

အဲဒီ အချိန်မှာ နန်းတွင်းမှ မီးရှူးမီးပန်းများ ပစ်လွှတ်လိုက်၍ Soo တအံ့တသြ မော့ကြည့်လိုက်သည် Soo မျက်နှာလေးက အပြစ်ကင်းစင်စွာ ပြုံးပျော်နေလေရဲ့ Junmyeon ကို အဖမ်းစားနိုင်ဆုံး Soo ရဲ့ အပြုံးလေးတွေ Junmyeon
Soo မျက်နှာလေးမှ မည်သို့မျှပင် အကြည့်မခွာနိုင်ခဲ့ပေ...........................

Soo အိပ်ခါနီး သူ၏နှလုံးသားကိုသူ စစ်ဆေးနေမိသည် Soo ရဲ့ ရင်ခုန်သံတွေ အခုထိပြင်းထန်နေစဲ Soo ငယ်စဉ်ကတည်းက Junmyeon နဲ့တွေ့လျှင် အလိုလိုပင် ပျှော်ရွှင်နေမိ၏ အရွယ်ရောက်လာသောအခါတွင်မှ သူမ၏ ရင်ခုန်သံများကို သူမ အဓိပ္ပာယ်ကောက်နိုင်ခဲ့ခြင်းဖြစ်၏
ဝန်ခံပါသည် သူမ Junmyeon ကို စွဲလမ်းနေခဲ့သည်
Junmyeon ၏ ဂရုစိုက်မှုလေးများကို ခံယူချင်၏ Junmyeon ၏ စကားလေးများကို အမြဲတမ်းကြားချင်နေမိ၏ Junmyeon ကို အမြဲတွေ့ချင်၏ Junmyeon၏ ရင်ခွင်တွင်သာ သူမတစ်တက်လုံး နားခိုချင်မိ၏

Soo pov:ငါ့ရင်တွေ ဘယ်လို့ဒီလောက်ထိ ခုန်နေရတာလဲ အမလေးသေတော့မလားပဲ
အကိုတော်ရယ် Soo အကိုတော်ကို သိပ်ချစ်တယ်သိလား ဒါပေမယ့် Soo အကိုတော်ကို ချစ်နိုင်ဖို့ အားအင်တွေအများကြီးလိုအပ်နေသေးတယ် ဖြစ်ပေါ်လာမယ့် အရာရာအတွက် Sooရင်ဆိုင်ရဲမှ ဖြစ်လိမ့်မယ် အကိုတော်ရဲ့ ဖခမည်းတော်နဲ့ မယ်တော်က Soo နဲ့ သဘောမတူရင် ဘယ်လိုလုပ်မလဲ ပြီးတော့ အိမ်ရှေ့စံမင်းသားတစ်ဦးရဲ့ ကြင်ယာတော်ဟာ ဘယ်လောက်ထိ အန္တရာယ်များတယ်ဆိုတာ Soo ကိုယ်တိုင်လည်းနားလည်တယ်လေ

The Curse of HateTempat cerita menjadi hidup. Temukan sekarang