Part 11

630 58 4
                                    

မနက်ခင်းလေးနုအေးနှင့် နေရောင်ခြည်ဖျော့ဖျော့က Junmyeon ၏ မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်
အမှန်တွင် Junmyeon တစ်ညလုံး အိပ်မပျော်ခဲ့ပါ သူ၏ ချစ်သူလေး အန္တရယ် တစ်စုံတစ်ခု မကျရောက်စေရန်အတွက် တစ်ညလုံး နိုးနိုးကြားကြားရှိနေပေးခဲ့သည် သူ၏ရင်ခွင်ထက်တွင် စိတ်ချလက်ချနှင့် အိပ်ပျော်နေသော Soo မျက်နှာလေးကို ကြည့်၍လည်း တစ်ညလုံး ရင်ခုန်သံတွေ ဆူညံ၍ ကြည်နူးပျော်ရွှင်နေခဲ့ရသည်
Junmyeon မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်.....

တစ်ညလုံး ချစ်သူ၏ ရင်ခွင်ထက်တွင် လုံခြုံစိတ်ချစွာဖြင့် အိပ်ပျော်နေခဲ့သော Soo ကြောပြင်ပေါ်သို့ ကျရောက်လာသော နေရောင်ခြည်နွေးနွေးကြောင့် နိုးထလာခဲ့သည်

Soo ခေါင်းလေးထောင်ပြီး Junmyeon ၏ မျက်နှာလေးကို ကြည့်လိုက်သည် မနက်ခင်း၏ အားမပါသော နေရောင်ခြည်ဖျော့ဖျော့က Junmyeon ၏ မျက်နှာပေါ်သို့ ကျရောက်နေသဖြင့် Junmyeon ၏ တည်ငြိမ်အေးချမ်းလှသော ပကတိရုပ်သွင်သည် ငွေသားအသွင် တစ်လက်လက်တောက်ပနေသယောင်......

Soo သူမ၏ အကြည့်တွေကို မခွာနိုင် အိပ်ပျော်နေသော Junmyeon ၏ မျက်နှာကို တစိမ့်စိမ့်ငေးကြည့်နေမိသည် ညကသူတို့နှစ်ယောက်၏ ရင်ခုန်စရာ အဖြစ်အပျက်လေးကို ပြန်သတိရပြီးပြုံးမိလိုက်သေးသည် ညက Junmyeon သူမကို အနမ်းတွေ အဆက်မပြတ်ပေးခဲ့သည်

Soo pov: အို...ညက ဒီနှခမ်းလေးနဲ့ ငါ့ကို အလွတ်တောင် မပေးဘူး နမ်းနေလိုက်တာ ဟိဟိ အသက်တောင် ရှူလို့မရဘူး လူဆိုးကြီးဟွန့်... ဒီက လူကရင်တွေခုန်လွန်းလို့သေသွားပြီလို့တောင် ထင်တာ......

Soo Junmyeon ၏ နှုတ်ခမ်းပါးပါး နှစ်လွှာကို ကြည့်ရင်း Junmyeon မသိအောင် ဖွဖွလေးခိုးနမ်းရန် နှုတ်ခမ်းလေးအ ရှေ့သို့ဖြေးဖြေးလေးတိုးကပ်လိုက်စဉ်......

Junmyeon: ဟိတ်ကောင်မလေး ခိုးကြောင်ခိုးဝှက်နဲ့ လူကို ဘာလုပ်မလို့လဲ

Junmyeon Soo ကိုရုတ်တရက်လန့်သွားအောင်စလိုက်ပြီး Soo ကိုယ်လေးကို အပေါ်မှ အုပ်မိုးထားလိုက်သည်

Soo: အမလေး ပလုတ်တုတ်

Soo သူ ခိုးနမ်းမှာ လူမိသွားစဖြင့် ရှက်ကိုးရှက်ကန်းနှင့် မျက်နှာလေး နီရဲသွားသည်

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Nov 24, 2015 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

The Curse of HateOù les histoires vivent. Découvrez maintenant